ကြွက်ကလေးရဲ့ ကတိ

တခါတုန်းက ခြင်္သေ့ကြီးတကောင်ဟာ ဂူထဲမှာ နှစ်ချိုက်စွာ အိပ်ပျော် နေစဉ် ကြွက်တကောင်က မျက်နှာပေါ်ကို ဂူနံရံပေါ်က ပြုတ်ကျလာလို့ အိပ်ရာက လန့်နိုး သွားတယ်။

ခြင်္သေ့ကြီးဟာ ဒေါသတကြီး ထလာပြီး ကြွက်ကို ဖမ်းပြီး သတ်ပစ်ဖို့ လုပ်လိုက်တယ်။ ကြွက်က ခြင်္သေ့ကြီးကို သနား ကြင်နာစွာနဲ့ ခွင့်လွှတ်‌ပေးဖို့ တောင်းပန်တယ်။

"အရှင်မင်းကြီးဟာ ကျွန်တော့် အသက်ကို လွှတ်ပေးမယ် ဆိုရင် ကျွန်တော်ဟာ ဒီကျေးဇူးကို နောင်တချိန်မှာ မဖြစ်မနေ ပြန်ဆပ်ပါ့မယ်" လို့လည်း ကတိ ပေးခဲ့တယ်။

ခြင်္သေ့ကြီးက ကြွက်ကလေးလို အကောင်ပေါက်စ ကလေးရဲ့ ကတိကို ဂရုမစိုက်ပေမယ့် ကြွက်ကလေးရဲ့ ပြောပုံ ဆိုပုံကို သဘောကျ သနားသွား တာနဲ့ ရယ်‌မောပြီး ကြွက်ကလေးကို လွှတ်ပေး လိုက်တယ်။

ဒီနောက် မကြာခင်မှာပဲ ခြင်္သေ့ကြီးဟာ မုဆိုးတွေ ထောင်ထားတဲ့ ကြော့ကွင်းမှာ မိပြီး မြေကြီးပေါ် လဲကျသွားလို့ အသံနက်ကြီးနဲ့ ဟိန်းဟောက် နေခဲ့တယ်။

ကြွက်က‌လေးဟာ ခြင်္သေ့ကြီးရဲ့ ဟောက်သံကို ကြားတာနဲ့ အသံကြားရတဲ့ နေရာကို ပြေးသွား ကြည့်‌တော့ ကြော့ကွင်းမှာ မိနေတာ တွေ့တာနဲ့ ကြိုးကို သွားနဲ့ ကိုက်ဖြတ်ပြီး ခြင်္သေ့ကြီးကို လွတ်အောင် လုပ်ပေးလိုက်တယ်။

"မင်း ငါ့ကို ကျေးဇူး ဆပ်မယ်၊ ကူညီမယ် ဆိုတာကို မဖြစ်နိုင်ဘူး ထင်လို့ ဘာကျေးဇူး ဆပ်မှုကိုမှ မမျှော်လင့် ခဲ့ဘူး။ အခုတော့ မင်းရဲ့ ကျေးဇူး သိတတ်မှုနဲ့ ကူညီနိုင်စွမ်းကို သိလိုက်ရပြီ။

နောင်ကို ငါတို့တွေ မိတ်ဆွေတွေ အဖြစ် အတူ ရင်းရင်းနီးနီး နေကြမယ်" လို့ ခြင်္သေ့ကြီးက ရယ်ရယ်မောမောနဲ့ ကြွက်ကလေးကို ပြောလိုက် ပါတော့တယ်။

ကြွက်တကောင် သည်လည်း ကြွက်တကောင် အလျောက် ခြင်္သေ့ တကောင်အား အကျိုးကျေးဇူးများ ပေးနိုင်သည်။ ‌အကောင်ကြီးသည် ငယ်သည်မှာ အဓိက မကျပဲ ကျေးဇူး သိတတ်ဖို့သာ အရေးကြီးသည်။

စကားကို ချစ်ဖွယ် ပြောတတ်လျင်ပင် အထောက်အကူ ရနိုင်သည်။ Crd

Zawgyi

ႂကြက္ကေလးရဲ႕ ကတိ

တခါတုန္းက ျခေသၤ့ႀကီးတေကာင္ဟာ ဂူထဲမွာ ႏွစ္ခ်ိဳက္စြာ အိပ္ေပ်ာ္ ေနစဥ္ ႂကြက္တေကာင္က မ်က္ႏွာေပၚကို ဂူနံရံေပၚက ျပဳတ္က်လာလို႔ အိပ္ရာက လန႔္ႏိုး သြားတယ္။

ျခေသၤ့ႀကီးဟာ ေဒါသတႀကီး ထလာၿပီး ႂကြက္ကို ဖမ္းၿပီး သတ္ပစ္ဖို႔ လုပ္လိုက္တယ္။ ႂကြက္က ျခေသၤ့ႀကီးကို သနား ၾကင္နာစြာနဲ႔ ခြင့္လႊတ္‌ေပးဖို႔ ေတာင္းပန္တယ္။

"အရွင္မင္းႀကီးဟာ ကြၽန္ေတာ့္ အသက္ကို လႊတ္ေပးမယ္ ဆိုရင္ ကြၽန္ေတာ္ဟာ ဒီေက်းဇူးကို ေနာင္တခ်ိန္မွာ မျဖစ္မေန ျပန္ဆပ္ပါ့မယ္" လို႔လည္း ကတိ ေပးခဲ့တယ္။

ျခေသၤ့ႀကီးက ႂကြက္ကေလးလို အေကာင္ေပါက္စ ကေလးရဲ႕ ကတိကို ဂ႐ုမစိုက္ေပမယ့္ ႂကြက္ကေလးရဲ႕ ေျပာပုံ ဆိုပုံကို သေဘာက် သနားသြား တာနဲ႔ ရယ္‌ေမာၿပီး ႂကြက္ကေလးကို လႊတ္ေပး လိုက္တယ္။

ဒီေနာက္ မၾကာခင္မွာပဲ ျခေသၤ့ႀကီးဟာ မုဆိုးေတြ ေထာင္ထားတဲ့ ေၾကာ့ကြင္းမွာ မိၿပီး ေျမႀကီးေပၚ လဲက်သြားလို႔ အသံနက္ႀကီးနဲ႔ ဟိန္းေဟာက္ ေနခဲ့တယ္။

ႂကြက္က‌ေလးဟာ ျခေသၤ့ႀကီးရဲ႕ ေဟာက္သံကို ၾကားတာနဲ႔ အသံၾကားရတဲ့ ေနရာကို ေျပးသြား ၾကည့္‌ေတာ့ ေၾကာ့ကြင္းမွာ မိေနတာ ေတြ႕တာနဲ႔ ႀကိဳးကို သြားနဲ႔ ကိုက္ျဖတ္ၿပီး ျခေသၤ့ႀကီးကို လြတ္ေအာင္ လုပ္ေပးလိုက္တယ္။

"မင္း ငါ့ကို ေက်းဇူး ဆပ္မယ္၊ ကူညီမယ္ ဆိုတာကို မျဖစ္ႏိုင္ဘူး ထင္လို႔ ဘာေက်းဇူး ဆပ္မႈကိုမွ မေမွ်ာ္လင့္ ခဲ့ဘူး။ အခုေတာ့ မင္းရဲ႕ ေက်းဇူး သိတတ္မႈနဲ႔ ကူညီႏိုင္စြမ္းကို သိလိုက္ရၿပီ။

ေနာင္ကို ငါတို႔ေတြ မိတ္ေဆြေတြ အျဖစ္ အတူ ရင္းရင္းနီးနီး ေနၾကမယ္" လို႔ ျခေသၤ့ႀကီးက ရယ္ရယ္ေမာေမာနဲ႔ ႂကြက္ကေလးကို ေျပာလိုက္ ပါေတာ့တယ္။

ႂကြက္တေကာင္ သည္လည္း ႂကြက္တေကာင္ အေလ်ာက္ ျခေသၤ့ တေကာင္အား အက်ိဳးေက်းဇူးမ်ား ေပးႏိုင္သည္။ ‌အေကာင္ႀကီးသည္ ငယ္သည္မွာ အဓိက မက်ပဲ ေက်းဇူး သိတတ္ဖို႔သာ အေရးႀကီးသည္။ စကားကို ခ်စ္ဖြယ္ ေျပာတတ္လ်င္ပင္ အေထာက္အကူ ရႏိုင္သည္။ Crd

Post a Comment

0 Comments