တစ်ခါတလေမှာတော့ အသေးအဖွဲလေးတွေ လွဲချော်ပြီး အသွင်အပြင်တစ်ခုလုံးကို ပျက်စီးနိုင်ပါတယ်။ အမျိုးသားတွေအတွက် ဘောင်းဘီတိုအရှည်၊ ရှပ်အင်္ကျီစတိုင်နဲ့ ဖိနပ်တွေကို စတိုင်လ်ကျကျ ဘယ်လိုဝတ်စားရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ လက်တိုတဲ့ တီရှပ်တွေကို ရွေးချယ်ပါ။

တီရှပ်ရွေးချယ်တဲ့နေရာမှာ အမျိုးသားအချို့က ဘယ်လိုလိုက်ဖက်မလဲ ဆိုတာကိုသာ အာရုံစိုက်ပြီး အင်္ကျီလက်အာရုံစိုက်ဖို့ လုံးဝမေ့သွားကြပါတယ်။ ခန္ဓာကိုယ်အချိုးအစားမှန်စေဖို့အတွက် အင်္ကျီလက်တွေက လက်မောင်းအပေါ်ပိုင်းတစ်ဝက်ခန့်ကို ဖုံးအုပ်ထားသင့်ပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ် အမျိုးအစားကိုလည်း အာရုံစိုက်ဖို့ အရေးကြီးပါတယ်။ ဥပမာ အမျိုးသားတစ်ဦးက အရပ်ရှည်ရင် လက်ရှည်ရှည်က ပိုကြည့်ကောင်းနိုင်ပါတယ်။

၂။ ဂျင်းဘောင်းဘီကို မကြာမကြာ ဝတ်ပါ။

ဂျင်းဘောင်းဘီဆိုတာက အလွန်ပေါ့ပါးပြီး အင်္ကျီအကုန်လုံးနဲ့ ကြည့်ကောင်းပေမယ့်လည်း ရာသီဥတုတိုင်းမှာတော့ သိပ်အဆင်မပြေနိုင်ပါဘူး။ မိုးပြာရောင်ဝတ်ရင်တောင် လေဝင်လေထွက်ကောင်းမှာ မဟုတ်ပါဘူး။ ပူပြီး ချွေးစေးတွေ ထွက်နိုင်ပါတယ်။ ဂျင်းဘောင်းဘီအစား လီနင်လို ပေါ့ပါးတဲ့အထည်တွေကို ဝတ်တာ အကောင်းဆုံးပါ။

၃။ ပြောင်တွေပဲ ဝတ်ပါ။

သင်ဝတ်နေကျမဟုတ်တဲ့ အရောင်တွေကို နွေရာသီမှာဝတ်ဖို့ အကောင်းဆုံးပါပဲ။ စတိုင်လ်အမျိုးအစားအသစ်ဆိုရင် အရောင်တစ်ရောင်တည်းရှိတဲ့ အင်္ကျီနဲ့အဝတ်အစားတစ်ခုကို ပေါင်းစပ်ကြည့်ပါ။ သင့်ဝတ်စုံကို ထင်ပေါ်နေစေဖို့ ပန်း ဒါမှမဟုတ် တိရိစ္ဆာန်ပုံတွေမပါတဲ့ အင်္ကျီကိုဝတ်ပါ။

၄။ အရမ်းကျပ်တာတွေ မဝတ်ပါနဲ့။

တင်းကျပ်တဲ့အဝတ်အစားတွေက သင့်ကို ချွေးပိုထွက်စေပြီး လှုပ်ရှားမှုကို ခက်စေနိုင်ပါတယ်။ ပေါ့ပါးပြီး အေးမယ့်အဝတ်အစားမျိုးပဲ ဝတ်တာအကောင်းဆုံးပါပဲ။ သင့်အရေပြားကို အရမ်းမကပ်ပဲ နည်းနည်းပွတဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ။

လုံးဝပွနေတာမျိုးတွေလည်း မဝတ်ပါနဲ့။ သင့်အောက်ပိုင်းနှင့် ပခုံးလိုမျိုး တောင့်တင်းတဲ့နေရာတွေကို ပေါ်လွင်စေတဲ့ အဝတ်အစားကိုပဲ ဝတ်ပါ။

၅။ ဘောင်းဘီအရှည်ကို မှန်မှန်ကန်ကန်ရွေးချယ်ပါ။

ဖက်ရှင်ကျွမ်းကျင်သူတွေက ဘောင်းဘီတိုနဲ့ ဒူးကို ဖုံးအုပ်ခြင်းက ခေတ်မမီတော့ကြောင်း အကြံပြုထားပါတယ်။ ဆွဲဆောင်မှုရှိပြီး စတိုင်လ်ကျချင်ရင်တော့ သင့်ခြေထောက်နဲ့ ဒူးတွေကို ပြသဖို့ မကြောက်ပါနဲ့။ အကောင်းဆုံးကတော့ ဘောင်းဘီတိုက ဒူးအထက် ၃-၄ လက်မလောက် ရှိသင့်ပါတယ်။

၆။ ဘောင်းဘီတိုနဲ့ ခြေအိတ်ရှည်

ခြေအိတ်တွေကို ထုတ်ဝတ်တာက အခုနောက်ပိုင်းမှာ ပြန်လည်ခေတ်စားလာပါတယ်။ ဘောင်းဘီတိုနဲ့ဝတ်တဲ့အခါ ခြေအိတ်အရှည်ကို မသုံးပဲ ခြေကျင်းဝတ်ခြေအိတ်တွေကို ဝတ်တာက ပိုကောင်းပါတယ်။

၇။ ဂျာကင် ဝတ်ပါ။

နွေရာသီမှာ ပွဲတက်ရမယ်ဆိုရင်တော့ ဂျာကင်အင်္ကျီက လိုလာပါပြီ။ တခြားအင်္ကျီတွေထက် ပိုမိုပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အသားနဲ့လုပ်ထားတဲ့ ဂျာကင်ကိုပဲ ဝတ်ပါ။ အနက်ရောင်အကျီတွေထက် ပိုတောက်ပတဲ့အ‌ရောင်ကို ရွေးချယ်ပြီး မတူညီတဲ့အရောင်တွေနဲ့လည်း ဝတ်နိုင်ပါတယ်။

၈။ ဖိနပ်

အမျိုးသားအများစုက သားရေဖိနပ်ကိုတောင် ပူပြင်းတဲ့နွေရာသီဥမှာတောင် ဝတ်တတ်ကြပါတယ်။ သင့်ခြေထောက်တွေကို သက်တောင့်သက်သာရှိစေဖို့ ကင်းဗတ်နှင့် suede နဲ့ပြုလုပ်ထားတဲ့ ပေါ့ပါးတဲ့ လေဝင်လေထွက်ကောင်းတဲ့ဖိနပ်ကို ရွေးချယ်ပါ။

Zombie (lovemedia)