ကံတရားဆိုတာ လက်ထဲမှာပါ

တခါတုန်းကပေါ့။ ဆင်းရဲသား တဦးဟာ ပညာရှိ အဖိုးအို တဦးထံ ရောက်လာပြီး မေးတယ်။ "အဖိုးခင်ဗျာ ကံဆိုတာ တကယ် ရှိပါသလား" "ရှိပါတယ်"

"ကျွန်တော့်ကို တသက်လုံး ဆင်းဆင်းရဲရဲ နေရအောင် ကံကြမ္မာက ဖန်တီး နေတာလား ဆိုတာ သိပါရစေ အဖိုး" "ကဲ ဒါဆို ငါ့မြေးရဲ့ လက်ဖဝါးကို အဖိုးကို ပြပါ"

အဲဒီလို ပြောပြီး အဖိုးအိုက ဆင်းရဲသားရဲ့ လက်ဖဝါးကို ကြည့်ပြီး "ဒါကတော့ ငါ့မြေးရဲ့ ကျန်းမာရေး လမ်းကြောင်း၊ ဒါကတော့ ဘဝ လမ်းကြောင်း၊ ဒါကတော့ အလုပ်အကိုင် လမ်းကြောင်း၊ ဒါကတော့ အိမ်ထောင်ရေး လမ်းကြောင်းပါ"

ပြောပြောဆိုဆို အဖိုးအိုက ဆင်းရဲ့သားရဲ့ လက်ဖဝါးကို တင်းတင်း ဆုပ်ကိုင်ခိုင်း လိုက်တယ်။ ပြီးတော့မှ ဆင်းရဲသားကို မေးလိုက်တယ်။ "ကဲ ခုနက အဖိုး ပြောခဲ့တဲ့ လက္ခဏာ လမ်းကြောင်းတွေ အခု ဘယ်ရောက် သွားပြီလဲ"

ဆင်းရဲသားက "ကျွန်တော့်ရဲ့ လက်ထဲမှာပါ အဖိုး" လို့ ပြန်ဖြေတယ်။ အဖိုးအိုက ပြုံးပြီး "ဒါဆို ငါ့မြေး ခုနက မေးတဲ့ ကံဆိုတာ ကရော" လို့ ပြန်မေးလိုက်တယ်။ ဆင်းရဲသားဟာ အဲဒီတော့မှ အဖိုးအိုရဲ့ ဆိုလိုရင်းကို နားလည် သဘောပေါက် သွားပါတော့တယ်။

ကံဖြစ်စေ အခွင့်အလမ်း ဖြစ်စေ သင့်လက်ထဲမှာသာ ရှိပါတယ်။ လုပ်နေ ကြိုးစားနေ ဖို့က ကိုယ်တာဝန်ပါ။ သင်လိုချင်တဲ့ အရာတွေကို အိမ်ထဲမှာ ထိုင်တောင်းနေရုံနဲ့တော့ ဘယ်တန်ခိုးရှင် ကမှ သင့်ကို လာပေးမှာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင် အပြင်ထွက်ပြီး ကြိုးစား ယူမှသာ ရနိုင်ပါ လိမ့်မယ်။ သက်တန့်ချို။ phoomyatchal

Zawgyi

ကံတရားဆိုတာ လက္ထဲမွာပါ

တခါတုန္းကေပါ့။ ဆင္းရဲသား တဦးဟာ ပညာရွိ အဖိုးအို တဦးထံ ေရာက္လာၿပီး ေမးတယ္။ "အဖိုးခင္ဗ်ာ ကံဆိုတာ တကယ္ ရွိပါသလား" "ရွိပါတယ္"

"ကြၽန္ေတာ့္ကို တသက္လုံး ဆင္းဆင္းရဲရဲ ေနရေအာင္ ကံၾကမၼာက ဖန္တီး ေနတာလား ဆိုတာ သိပါရေစ အဖိုး" "ကဲ ဒါဆို ငါ့ေျမးရဲ႕ လက္ဖဝါးကို အဖိုးကို ျပပါ"

အဲဒီလို ေျပာၿပီး အဖိုးအိုက ဆင္းရဲသားရဲ႕ လက္ဖဝါးကို ၾကည့္ၿပီး "ဒါကေတာ့ ငါ့ေျမးရဲ႕ က်န္းမာေရး လမ္းေၾကာင္း၊ ဒါကေတာ့ ဘဝ လမ္းေၾကာင္း၊ ဒါကေတာ့ အလုပ္အကိုင္ လမ္းေၾကာင္း၊ ဒါကေတာ့ အိမ္ေထာင္ေရး လမ္းေၾကာင္းပါ"

ေျပာေျပာဆိုဆို အဖိုးအိုက ဆင္းရဲ႕သားရဲ႕ လက္ဖဝါးကို တင္းတင္း ဆုပ္ကိုင္ခိုင္း လိုက္တယ္။ ၿပီးေတာ့မွ ဆင္းရဲသားကို ေမးလိုက္တယ္။ "ကဲ ခုနက အဖိုး ေျပာခဲ့တဲ့ လကၡဏာ လမ္းေၾကာင္းေတြ အခု ဘယ္ေရာက္ သြားၿပီလဲ"

ဆင္းရဲသားက "ကြၽန္ေတာ့္ရဲ႕ လက္ထဲမွာပါ အဖိုး" လို႔ ျပန္ေျဖတယ္။ အဖိုးအိုက ၿပဳံးၿပီး "ဒါဆို ငါ့ေျမး ခုနက ေမးတဲ့ ကံဆိုတာ ကေရာ" လို႔ ျပန္ေမးလိုက္တယ္။ ဆင္းရဲသားဟာ အဲဒီေတာ့မွ အဖိုးအိုရဲ႕ ဆိုလိုရင္းကို နားလည္ သေဘာေပါက္ သြားပါေတာ့တယ္။

ကံျဖစ္ေစ အခြင့္အလမ္း ျဖစ္ေစ သင့္လက္ထဲမွာသာ ရွိပါတယ္။ လုပ္ေန ႀကိဳးစားေန ဖို႔က ကိုယ္တာဝန္ပါ။ သင္လိုခ်င္တဲ့ အရာေတြကို အိမ္ထဲမွာ ထိုင္ေတာင္းေန႐ုံနဲ႔ေတာ့ ဘယ္တန္ခိုးရွင္ ကမွ သင့္ကို လာေပးမွာ မဟုတ္ပါဘူး။ သင္ကိုယ္တိုင္ အျပင္ထြက္ၿပီး ႀကိဳးစား ယူမွသာ ရႏိုင္ပါ လိမ့္မယ္။ သက္တန႔္ခ်ိဳ။ phoomyatchal

Post a Comment

0 Comments