အခမ်းနားဆုံး လိမ်လည်ခြင်း

သူဌေးအိမ်မှာ အိမ်အကူ လုပ်နေတဲ့ ကောင်မလေးတယောက်ကို နယ်က သူ့အမေက ဖုန်းဆက်ရင်း မေးတယ်။

"သမီးလေး အလုပ် လုပ်ရတာ အဆင် ပြေရဲ့လား"

"ဟုတ်ကဲ့အမေ သမီး အဆင်ပြေပါတယ်၊ သူဌေးလင်မယား ကလည်း အရမ်း သဘောကောင်း ကြပါတယ်" တဲ့။ သူဌေးကတော် ခေါက်လို့ ဖူးနေတဲ့ ခေါင်းလေးကို ပွတ်ရင်း ဖြေတယ်။

စားသောက်ဆိုင် တဆိုင်တွင် ဖြစ်သည်။ "မောင်တိုးရေ မင်းအမေ ဖုန်းဆက်တယ် လာပြောလိုက်ဦး" စားပွဲထိုးလေး မောင်တိုး ဆေးလက်စ ပန်းကန်တွေ ပစ်ချပြီး ပြေးသွားတယ်။

"သား လူလေး နေကောင်းလား၊ အဆင်ပြေလား သားလေး"

"အင်း အမေ၊ ပြေတယ် စားသောက်ဆိုင် ဆိုတော့ မုန့်တွေလည်း အများကြီး စားရတယ် အမေရဲ့" မနက်ကတည်းက ဘာမှ မစားရသေးလို့ တဂွီဂွီ မြည်နေတဲ့ ဗိုက်ကအသံ အမေ ကြားသွားမလား လို့တော့ စိုးရိမ်မိသား။

လိမ်ညာခြင်းဟာ မကောင်းကြောင်း လောကနီတိတွေကို သင်ပြီး ပြန်လာတဲ့ ကျောင်းဆရာမလေးဟာ အိမ်နဲ့ ဖုန်းပြောတဲ့အခါ ဗွက်တောထဲ လမ်းလျှောက်သွားရတဲ့ ဒုက္ခတွေ မသိတော့ဘူး။

အိမ်ဖို့ စားရိတ် မလောက်မှာစိုးလို့ အသီးရွက်ကြော်နဲ့ ဘဲဥပဲ အမြဲ စားနေရတဲ့ ဒုက္ခတွေ မရှိတော့ဘူး။ နယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာ စားနေရတဲ့ သောကတွေကို မေ့ပြီး အဆင်ပြေပါတယ်အမေ လို့ ညာမိပြန်တယ်။

ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူး လိမ်ဖူးကြပေမယ့် အဝေးရောက် သားသမီးတွေဟာ ကိုယ့်ရဲ့ လက်တလော ဒုက္ခတွေ သောကတွေကို

မေ့ပြီး မိဘတွေ စိတ်ချမ်းသာဖို့ အတွက် အဆင်ပြေပါတယ် အဖေ၊ အဆင်ပြေပါတယ် အမေ လို့ ညာရတဲ့ အချိန်တွေက အခမ်းနားဆုံးနဲ့ ကျေနပ်ရဆုံး အချိန်တွေ ပါပဲ။ CRD

Zawgyi

အခမ္းနားဆုံး လိမ္လည္ျခင္း

သူေဌးအိမ္မွာ အိမ္အကူ လုပ္ေနတဲ့ ေကာင္မေလးတေယာက္ကို နယ္က သူ႔အေမက ဖုန္းဆက္ရင္း ေမးတယ္။ "သမီးေလး အလုပ္ လုပ္ရတာ အဆင္ ေျပရဲ႕လား"

"ဟုတ္ကဲ့အေမ သမီး အဆင္ေျပပါတယ္၊ သူေဌးလင္မယား ကလည္း အရမ္း သေဘာေကာင္း ၾကပါတယ္" တဲ့။ သူေဌးကေတာ္ ေခါက္လို႔ ဖူးေနတဲ့ ေခါင္းေလးကို ပြတ္ရင္း ေျဖတယ္။

စားေသာက္ဆိုင္ တဆိုင္တြင္ ျဖစ္သည္။ "ေမာင္တိုးေရ မင္းအေမ ဖုန္းဆက္တယ္ လာေျပာလိုက္ဦး" စားပြဲထိုးေလး ေမာင္တိုး ေဆးလက္စ ပန္းကန္ေတြ ပစ္ခ်ၿပီး ေျပးသြားတယ္။ "သား လူေလး ေနေကာင္းလား၊ အဆင္ေျပလား သားေလး"

"အင္း အေမ၊ ေျပတယ္ စားေသာက္ဆိုင္ ဆိုေတာ့ မုန႔္ေတြလည္း အမ်ားႀကီး စားရတယ္ အေမရဲ႕" မနက္ကတည္းက ဘာမွ မစားရေသးလို႔ တဂြီဂြီ ျမည္ေနတဲ့ ဗိုက္ကအသံ အေမ ၾကားသြားမလား လို႔ေတာ့ စိုးရိမ္မိသား။

လိမ္ညာျခင္းဟာ မေကာင္းေၾကာင္း ေလာကနီတိေတြကို သင္ၿပီး ျပန္လာတဲ့ ေက်ာင္းဆရာမေလးဟာ အိမ္နဲ႔ ဖုန္းေျပာတဲ့အခါ ဗြက္ေတာထဲ လမ္းေလွ်ာက္သြားရတဲ့ ဒုကၡေတြ မသိေတာ့ဘူး။

အိမ္ဖို႔ စားရိတ္ မေလာက္မွာစိုးလို႔ အသီး႐ြက္ေၾကာ္နဲ႔ ဘဲဥပဲ အၿမဲ စားေနရတဲ့ ဒုကၡေတြ မရွိေတာ့ဘူး။ နယ္ေျမက မၿငိမ္းခ်မ္းလို႔ က်ီးလန႔္စာ စားေနရတဲ့ ေသာကေတြကို ေမ့ၿပီး အဆင္ေျပပါတယ္အေမ လို႔ ညာမိျပန္တယ္။

ဘဝမွာ လူတကာကို အႀကိမ္ႀကိမ္ ညာဖူး လိမ္ဖူးၾကေပမယ့္ အေဝးေရာက္ သားသမီးေတြဟာ ကိုယ့္ရဲ႕ လက္တေလာ ဒုကၡေတြ ေသာကေတြ ကို ေမ့ၿပီး မိဘေတြ စိတ္ခ်မ္းသာဖို႔ အတြက္ အဆင္ေျပပါတယ္ အေဖ၊ အဆင္ေျပပါတယ္ အေမ လို႔ ညာရတဲ့ အခ်ိန္ေတြက အခမ္းနားဆုံးနဲ႔ ေက်နပ္ရဆုံး အခ်ိန္ေတြ ပါပဲ။ CRD

Post a Comment

0 Comments