အသုံးပြုဖန်များပြီး ချိုးတက်နေတဲ့ မီးပူတွေကို သန့်ရှင်းရေးလုပ်နည်း (၃) နည်း

မီးပူကို အသုံးပြုဖန်များလာတဲ့အခါ မီးပူရဲ့အောက်ခြေမှာ ချိုးတက်လာပါတယ်။ အသုံးပြုတဲ့ပေါ်မူတည်ပြီး ၄ လတစ်ကြိမ်ခန့် မီးပူကို သန့်ရှင်းရေးပြုလုပ်သင့်ကြောင်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အကြံပြုထားပါတယ်။

မီးပူကို သန့်ရှင်းရေးလုပ်တဲ့အခါ မီးပူတိုက်နေတုန်း အဝတ်အစားမှာ အစွန်းအထင်းတွေ ဖြစ်မှာကို စိတ်ပူစရာ မလိုတော့ပါဘူး။ အဲဒါကြောင့် မီးပူမှာကပ်နေတဲ့ ချိုးတွေကို သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

နည်းလမ်း ၁

မီးပူမှာ ကပ်နေတဲ့ချိုးတွေက အရမ်းမစွဲသေးဘူးဆိုရင် ပန်းကန်ဆေးဆပ်ပြာနဲ့ အလွယ်တကူ ဖယ်ရှားလို့ရပါတယ်။ မီးပူရဲ့အောက်ခြေမှာ ပန်းကန်ဆေးဆပ်ပြာရည်အနည်းငယ် ထည့်လိုက်ပါ။

အဲဒီနောက် ဖော့နဲ့ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ်ကြာ ပွတ်တိုက်ပြီး ချိုးတွေ ပြောင်သွားပြီဆိုရင် ပိတ်စအခြောက်လေးနဲ့ ဆပ်ပြာမြှုပ်တွေကို ဖယ်ရှားပေးလိုက်ရုံပါပဲ။

နည်းလမ်း ၂

မီးပူမှာ ချိုးတွေကပ်နေတာ အချိန်ကြာနေပြီဆိုရင် မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ ပြီးရင် မီးပူရဲ့အောက်ခြေမှာ ရလာတဲ့အနှစ်ကို သွားတိုက်တံနဲ့ ပွတ်တိုက်ပေးပါ။

ပွတ်တိုက်ပေးတဲ့အခါ ရေနွေးငွေ့ထွက်တဲ့ အပေါက်ထဲကို မုန့်ဖုတ်ဆိုဒါမဝင်အောင် သတိပြုပါ။ အဲဒီနောက်မှာတော့ ပိတ်စလေးနဲ့ မီးပူကို ပြောင်စင်အောင် သန့်ရှင်းရေးလုပ်ပေးပါ။

နည်းလမ်း ၃

ရေထည့်ပြီးတိုက်ရတဲ့မီးပူကို သန့်ရှင်းရေးလုပ်ချင်တဲ့အခါ ရှာလကာရည်ကို အသုံးပြုပါ။ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပါ။ မီးပူပေါ်က ရေထည့်တဲ့ အပေါက်လေးကို ဖွင့်ပြီး ရှာလကာရည်နဲ့ ရေကို လောင်းထည့်လိုက်ပါ။

ပြီးနောက် မီးပူကို ဖွင့်ပြီး အပူချိန်ကို အမြင့်ဆုံးထားလိုက်ပါ။ အဲဒီနောက် အဝတ်စုတ်တစ်ခုကို မီးပူတိုက်လိုက်ပါ။ ရေနွေးငွေ့ထကွက်တဲ့ အပေါက်ကနေ ရှာလကာရည်နဲ့အတူ ချိုးတွေ ထွက်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments