နာကျင်စေသော ဒဏ်ရာ

တခါက သနပ်ခါး ခြံကြီး တခြံ ရှိတယ်။ တနေ့မှာတော့ ခြံပိုင်ရှင်ကြီးက ခြံစည်းရိုး ခတ်ရင်းနဲ့ သံဆူးကြိုးတွေကို သနပ်ခါးပင် တခုမှာ စုပြီး ချည်ထားမိ လိုက်တယ်။

လတွေ ချီပြီး နှစ်တွေ ကြာလာတဲ့ အခါ သနပ်ခါးပင် ကြီးလာတာနဲ့ အတူ သံဆူးကြိုးတွေ ဟာလည်း ပင်စည်ထဲကို တဖြည်းဖြည်းချင်း မြုပ်ဝင် သွားကြပါတယ်။

ဒီလိုနဲ့ ရာသီဥတု ဖောက်ပြန်ပြီး အပင်မှိုရောဂါ တမျိုးဟာ သနပ်ခါးခြံမှာ ပေါက်ဖွား ပျံ့နှံ့ သွားပါတယ်။ မှိုစွဲကပ် ခံရတဲ့ အပင်တွေ အားလုံး ညှိုးနွမ်းကုန်ပြီး ရေဓါတ် ခန်းခြောက်ကာ သေကုန် ကြပါတယ်။

အပင်တွေ တဖြုတ်ဖြုတ်နဲ့ သေကုန်လိုက် ကြတာ တလအတွင်းမှာပဲ တခြံလုံး ထင်း ဖြစ်သွား ပါတယ်။ ခြံပိုင်ရှင်လည်း စိတ်ပျက် လက်ပျက်နဲ့ ဒီအတိုင်း ပစ်ထားပြီး မြို့ပေါ် တက်သွား ပါတယ်။

မိုးဦးဝင်တော့ ခြံပိုင်ရှင်က ပြန်လာကြည့်တယ်။ ခြံပိုင်ရှင်ဟာ အပင်တပင်တည်း ရှင်သန်ပြီး အရွက်တွေနဲ့ စိမ်းစိုနေ တာကို အံ့သြစွာနဲ့ တွေ့လိုက် ရပါတယ်။

ခြံရှင်လည်း သေချာ အနီးကပ် ကြည့်လိုက်တဲ့ အခါ သံဆူးကြိုးတွေ မြုပ်ဝင်နေတဲ့ အပင် ဖြစ်နေ ပါတယ်။

နားလည်တဲ့ သူကို ခေါ်ပြီး မေးကြည့်တော့မှ ဒီအပင် ရှင်သန်နေ တာဟာ သံဆူးကြိုး တွေကြောင့် လို့ သိလိုက်ရ ပါတယ်။

သံဆူးကြိုးတွေ မြုပ်ဝင် သွားတော့ အပင်က သူ့ရဲ့ ကိုယ်ခံအားတွေ အလိုလို ထွက်လာပြီး တွန်းလှန် ပါတယ်။ ပြင်ပက ဝင်လာတဲ့ အရာတွေကို တွန်းလှန် နေရတော့ သူ့အလိုလို anti virus တွေ ထွက်လာပြီး မှိုရောဂါကို တိုက်ဖျက်သွားခြင်း ဖြစ်ပါတယ်။

သူ့ကို ဒဏ်ရာရစေတဲ့ သံဆူးကြိုး တွေကြောင့် သူဟာ ရှင်သန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လောကကြီး ကလည်း ဒီလိုပါပဲ။ လောကဓံ ဆိုတဲ့ သံဆူးကြိုး ဒဏ်ကို နာကျင်အောင် ခံနေရ ပေမယ့်လည်း အဲ့ဒီ ဒဏ်ကို ကြံ့ကြံ့ခံ တွန်းလှန်နိုင် ရင်တော့ ရှင်သန်ခြင်း၊ ကြီးထွားခြင်း၊ အောင်မြင်ခြင်း ဆိုတဲ့ သုခချမ်းသာကို ခံစား စံစားရမှာပါ။ Crd

Post a Comment

0 Comments