ခုတလော အများဆုံးဖြစ်တဲ့အမှုကတော့ ဖောက်ထွင်းမှုတွေပါပဲ။။ ဖောက်ထွင်းမှုအများစုက စက္ကန့် ၉၀ ကနေ ၁၂ မိနစ်ကြား ကြာမြင့်ပြီး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီကြားမှာ ဖြစ်ပွားကြောင်းလေ့လာမှုတွေက ဖော်ပြပါတယ်။
၁။ ဖိနပ်ကြီးကြီးကို အိမ်ရှေ့မှာ ထားပါ
သူခိုးတွေဟာ မဟုတ်တာကို လုပ်နေရတဲ့အတွက် စိတ်ထဲမှာ ကြောက်ရွံ့နေတတ်ကြပါတယ်။ အိမ်ရှေ့မှာ ဖိနပ်သေးသေးလေးတွေ ချထားတာထက် အကြီးကြီးကို ချထားတာက သူခိုးကို ရှိန်သွားစေပါတယ်။ လူကြီးတစ်ယောက်ယောက် ရှိနေတယ်ထင်ပြီးတော့ စိတ်ထဲမှာ တွေဝေသွားနိုင်ပါတယ်။
၂။ အခင်းအောက်မှာ သော့အတုကို ထားပါ။
လူတော်တော်များများက သော့ကို ပန်းအိုးတွေ၊ ကော်ဇောအောက်တွေမှာ ဖွက်ထားတတ်ကြပါတယ်။ ဒါကိုလည်း သူခိုးတွေက သိကြပါတယ်။ ဒါကြောင့် သော့အစစ်ကို မထားပဲနဲ့ သော့အတုကိုပဲ ဟန်ပြထားထားပါ။
သော့အတုနဲ့ဖွင့်တဲ့အခါမှာ ဖွင့်မရပဲ စိတ်တွေခြောက်ခြားလာပါတယ်။ ပြီးတော့ သူတို့ကို တစ်နေရာကနေ စောင့်ကြည့်နေတယ်လို့လည်း တွေးမိလာစေပါတယ်။
၃။ အချိန်နဲ့ပွင့်တဲ့ မီးသီးကို တပ်ထားပါ။
သင်က ညဘက်အပြန် ထွက်တတ်တဲ့သူဆိုရင် အချိန်သတ်မှတ်ပြီး ကိုယ်လိုချင်တဲ့အချိန်ရောက်ရင် ပွင့်တဲ့မီးသီးမျိုးကို တပ်ထားသင့်ပါတယ်။ ညဘက်အိမ်မှာ မရှိနေရင်တောင် မီးလင်းနေတာကြောင့် လူရှိတယ်လို့ သူခိုးကို အထင်မှားစေနိုင်ပါတယ်။ မီးအားလည်း ချွေတာရာရောက်တဲ့အပြင် သူခိုးရန်ကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
၄။ သင့်ရဲ့ အဖိုးတန်ပစ္စည်းတွေကို မမြင်ရအောင် ထားပါ။
သူခိုးတွေက အိမ်ရှေ့တံခါး ဒါမှမဟုတ် ပြတင်းပေါက်တွေကနေ ဖောက်ထွင်းဝင်ရောက် တတ်ပါတယ်။ ဒါကြောင့် အဖိုးတန်ပစ္စည်းတွေကို သော့ခတ်ထားပြီး သူခိုးတွေ မမြင်နိုင်စေဖို့ သေချာသိမ်းဆည်းပါ။
ကြိုတင်ကာကွယ်မှုအနေနဲ့ နေ့ခင်းဘက်မှာ လိုက်ကာတွေကို ပိတ်ပါ။ ညရောက်ရင်လည်း တံခါးတွေကို သေချာပိတ်ပြီးတော့ လုံခြုံမှုရှိမရှိ လိုက်စစ်ပါ။
၅။ အခမဲ့လက်မှတ်တွေကို လက်မခံပါနဲ့။
စာတိုက်ကနေ ပွဲအတွက် အခမဲ့ လက်မှတ်ရရင် လက်မခံပါနဲ့။ သင့်အိမ်ကနေ နာရီအတော်ကြာ ထွက်သွားအောင် စီစဉ်ထားတာဖြစ်နိုင်ပြီး နောက်ပိုင်းမှာ အိမ်ကို ဖောက်ထွင်းသွားနိုင်ပါတယ်။
၆။ ဆိုရှယ်မီဒီယာမှာ သင့်ရဲ့ အားလပ်ရက်တွေအကြောင်းတွေ၊ အပြင်သွားတာတွေကို မတင်ပါနဲ့။
သင်တစ်နေရာရာကို သွားမယ်ဆိုရင် သင်သွားမယ့်အကြောင်းကို လိုင်းပေါ်မတင်ပါနဲ့။ ဒါဟာ သူခိုးတွေအတွက် အခွင့်အရေး ဖြစ်သွားနိုင်ပြီး သင့်အိမ်ကို လာဖောက်ပါလို့ လမ်းဖွင့်ပေးသလို ဖြစ်နေပါလိမ့်မယ်။
၇။ ခွေးမွေးပါ။
ခွေးတစ်ကောင်မွေးထားတာက သူခိုးတွေကို ဟန့်တားဖို့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ညဘက်မှာ ခွေးဟောင်ပြီဆိုတာနဲ့ သတိကြီးကြီးထားပြီး ခြံထဲဆင်းကြည့်ပါ။
သူခိုးအများစုကလည်း ကြောက်လန့်ပြီး လူကိုအန္တရာယ် ပေးနိုင်ပါတယ်။။ ဒါပေမယ့် ခွေးရှိတယ်ဆိုတာ သိတာနဲ့ နောက်ဆုတ်သွားကြတာ များပါတယ်။
၈။ နှစ်ထပ်မှန်ပြတင်းပေါက်တွေကို အသုံးပြုပါ။
သင့်အိမ်မှာ နှစ်ထပ်မှန်ပြတင်းပေါက်တွေ တပ်ဆင်ခြင်းက ပိုမိုလုံခြုံစေမှာပဲ ဖြစ်ပါတယ်။ သင့်အိမ်အတွင်းကို ဖောက်ထွင်းဝင်ရောက်တဲ့သူက ပထမတစ်ဆင့်ကို လွယ်လွယ်နဲ့ဖျက်နိုင်ရင်တောင် ဒုတိယတစ်ဆင့်မှာ ထပ်ပြီးအလုပ်ရှုပ်နိုင်ပါတယ်။ အချိန်ကုန်ပြီး ဆူညံနေပါလိမ့်မယ်။ ဆူညံသံကြောင့် သူခိုးကိုလည်း အလွယ်တကူ ဖမ်းမိနိုင်ပါတယ်။
Zombie (lovemedia)
0 Comments