စဉ်းစားဆင်ခြင်ဉာဏ်

တခါတုန်းက မြို့ငယ်လေး တခုက သူငယ်ချင်း လေးယောက်ဟာ ဒိသာပါမောက္ခ ဆရာကြီး ထံမှာ သုံးနှစ် သုံးမိုး ပညာသင်ကြား ပြီးနောက် ပညာစုံလို့ မိမိမြို့ကို ပြန်လာကြတယ်။

သူငယ်ချင်း လေးယောက် အနက် သုံးယောက်ဟာ ပညာ အလွန် ထူးချွန်ကြပြီး ဆရာကြီးရဲ့ မကြာခဏ ချီးကျူး ခံကြရသူတွေ ဖြစ်တယ်။

လေးယောက်မြောက် သူငယ်ချင်း ကတော့ ပညာ သိပ်မထူးချွန် ပေမယ့် အလုပ် လုပ်ရာမှာတော့ လက်တွေ့ ကျကျ စဉ်းစား ဆင်ခြင်ဉာဏ်နဲ့ လုပ်ကိုင် တတ်တယ်။

ဒိလိုနဲ့ သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ရှိတဲ့ တောနက်ကြီး တခု အရောက်မှာ ခြင်္သေ့အရိုးစု တခုကို တွေ့တော့ ပညာထူးချွန်တဲ့ တယောက်က သူ့ရဲ့ ပညာကို ပြချင်တာနဲ့ ခြင်္သေ့ အရိုးတွေကို ဆက်စပ်ပြီး ခြင်္သေ့ရိုးစု လုပ်ပြလိုက်တယ်။

နောက်တယောက် ကလည်း အားကျမခံ ခြင်္သေ့အရိုးစုမှာ ကြွက်သားတွေ၊ ခြင်္သေ့ အရေခွံတွေ ထည့်ပြ လိုက်တယ်။ နောက်တယောက်က "ငါလည်း မန်းမှုတ်ပြီး အသက် သွင်းပေးမယ်" လို့ ပြောလိုက်တယ်။

ထိုအခါ စဉ်းစားဆင်ခြင် ဉာဏ်နဲ့ လုပ်ကိုင်တတ်တဲ့ သူက "အသက်တော့ မသွင်းပါနဲ့ အလွန် အန္တရာယ် များတယ်၊ အကုန် ဒုက္ခ ရောက်လိမ့်မယ်" ဆိုပြီး တားတယ်။ ဒါပေမယ့် ပညာပြချင်သူ တွေက နားမထောင် ကြပါဘူး။

ဒါကြောင့် စဉ်းစားဆင်ခြင်ဉာဏ် ရှိသူက အကြီးဆုံး သစ်ပင်ကြီး ထိပ်အထိ တက်ပြီး စောင့်ကြည်တယ်။

ကျန်တဲ့ သူငယ်ချင်းသုံးယောက်သား ပေါင်းပြီး အသက်သွင်း လိုက်ကြတာ ခြင်္သေ့ကြီးလည်း အသက်ဝင် လာရော ဘေးမှာ ရှိနေတဲ့ သုံးယောက် စလုံးကို သတ်စားလိုက် ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ အတတ်ပညာ တခုခု တတ်ထားရုံနဲ့ မလုံလောက် ပါဘူး။

အသိပညာ စဉ်းစား ဆင်ခြင်ဉာဏ် မရှိပါက တတ်မြောက် ထားတဲ့ အတတ်ပညာက အကျိုးမဲ့ ဖြစ်စေနိုင်တာကို သတိပြုမိစေ လိုပါတယ်။ Crd

Post a Comment

0 Comments