ဒေါသကြီးတဲ့သူ

တခါတုန်းက လက်သမား တယောက်က သူ့ရဲ့ အလုပ်ရုံကို ပိတ်ပြီး အိမ်ပြန်သွားတဲ့ အခါမှာ အဆိပ်ပြင်းတဲ့ မြေတကောင်က အစာ ရှာဖွေရင်း လက်သမားရဲ့ အလုပ်ရုံ ထဲကို ရောက်လာ ပါတယ်။

မြွေက ဆာလောင် နေတဲ့ အတွက် အစာ တခုခုကို ရှာဖွေ ပါတယ်။ ထိုသို့ အစာရှာဖွေ နေစဉ် ပုဆိန်တလက်က မြွေပေါ်ကို ပြုတ်ကျလာ တဲ့အခါ မြွေကို ထိခိုက်မိ သွားပါတယ်။

ထိုအခါ ဒေါသထွက်သွားတဲ့ မြွေက သံပုဆိန်ကို ဒေါသတကြီး ကိုက်ပေါက် လိုက်ပါတယ်။ သံပုဆိန်မို့ ပုဆိန်က ဘာမှ မဖြစ်ဘဲ မြွေရဲ့ အစွယ်တွေ ကျိုးပြီး သွေးတွေ ထွက်လာပြီး မြွေသာ နာကျင်သွား ရပါတယ်။

သို့ပေမဲ့ မြွေဟာ ဒေါသတကြီးနဲ့ သံပုဆိန်ကို ထပ်ပြီး ပေါက်လိုက် ပြန်တယ်။ ထိုသို့ တုံ့ပြန်ရင်း နာကျင်ရင်းနဲ့ မြွေက ထိုနေရာက သွေးအိုင်ထဲမှာပဲ သေဆုံး သွားပါတယ်။

နောက်တနေ့ မနက် မှာတော့ လက်သမားက အလုပ်ခန်းတံခါး ဖွင့်လိုက်တဲ့ အခါ သံပုဆိန်နားမှာ သွေးတွေ ပေပွပြီး သေဆုံးနေတဲ့ မြွေကို တွေ့လိုက်ရ ပါတော့တယ်။

တကယ်တော့ မြွေကို ဘယ်သူကမှ မသတ်ပေမယ့် မြွေရဲ့ မစူးစမ်း မဆင်ခြင်ဘဲ ဒေါသတကြီး တုံ့ပြန်မှုက မြွေကို သတ်သွားတာဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်လို အခြေအနေ ကြုံပါစေ စိတ်အေးအေး ထားပြီး အကျိုးအကြောင်းကို လေ့လာ သုံးသပ်သင့် ပါတယ် လို့ ဒီပုံပြင်လေးက ပြောပြထားတာပဲ ဖြစ်ပါတယ်။ Crd

Zawgyi

ေဒါသၾကီးတဲ့သူ

တခါတုန္းက လက္သမား တေယာက္က သူ႔ရဲ႕ အလုပ္႐ုံကို ပိတ္ၿပီး အိမ္ျပန္သြားတဲ့ အခါမွာ အဆိပ္ျပင္းတဲ့ ေျမတေကာင္က အစာ ရွာေဖြရင္း လက္သမားရဲ႕ အလုပ္႐ုံ ထဲကို ေရာက္လာ ပါတယ္။

ေႁမြက ဆာေလာင္ ေနတဲ့ အတြက္ အစာ တခုခုကို ရွာေဖြ ပါတယ္။ ထိုသို႔ အစာရွာေဖြ ေနစဥ္ ပုဆိန္တလက္က ေႁမြေပၚကို ျပဳတ္က်လာ တဲ့အခါ ေႁမြကို ထိခိုက္မိ သြားပါတယ္။

ထိုအခါ ေဒါသထြက္သြားတဲ့ ေႁမြက သံပုဆိန္ကို ေဒါသတႀကီး ကိုက္ေပါက္ လိုက္ပါတယ္။ သံပုဆိန္မို႔ ပုဆိန္က ဘာမွ မျဖစ္ဘဲ ေႁမြရဲ႕ အစြယ္ေတြ က်ိဳးၿပီး ေသြးေတြ ထြက္လာၿပီး ေႁမြသာ နာက်င္သြား ရပါတယ္။

သို႔ေပမဲ့ ေႁမြဟာ ေဒါသတႀကီးနဲ႔ သံပုဆိန္ကို ထပ္ၿပီး ေပါက္လိုက္ ျပန္တယ္။ ထိုသို႔ တုံ႔ျပန္ရင္း နာက်င္ရင္းနဲ႔ ေႁမြက ထိုေနရာက ေသြးအိုင္ထဲမွာပဲ ေသဆုံး သြားပါတယ္။

ေနာက္တေန႔ မနက္ မွာေတာ့ လက္သမားက အလုပ္ခန္းတံခါး ဖြင့္လိုက္တဲ့ အခါ သံပုဆိန္နားမွာ ေသြးေတြ ေပပြၿပီး ေသဆုံးေနတဲ့ ေႁမြကို ေတြ႕လိုက္ရ ပါေတာ့တယ္။

တကယ္ေတာ့ ေႁမြကို ဘယ္သူကမွ မသတ္ေပမယ့္ ေႁမြရဲ႕ မစူးစမ္း မဆင္ျခင္ဘဲ ေဒါသတႀကီး တုံ႔ျပန္မႈက ေႁမြကို သတ္သြားတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဘယ္လို အေျခအေန ႀကဳံပါေစ စိတ္ေအးေအး ထားၿပီး အက်ိဳးအေၾကာင္းကို ေလ့လာ သုံးသပ္သင့္ ပါတယ္ လို႔ ဒီပုံျပင္ေလးက ေျပာျပထားတာပဲ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments