ကောင်းမြတ်သော စိတ်ထား
တခါတုန်းက ပုရွက်ဆိတ် တကောင်ဟာ ရေသောက်ရန် အတွက် မြစ်တခု သွားသောအခါ အားလွန်၍ ရေထဲ ကျသွားပြီး ရေစီးကြောင်း တလျှောက် မျောပါ သွားလေသည်။
ထိုအခါ ချိုးငှက် တကောင်သည် ပုရွက်ဆိတ်ရဲ့ အခြေအနေကို မြင်သောအခါ သနားသွားပြီး သစ်ရွက်ကလေး တရွက်ကို သူ့နှုတ်သီးဖြင့် ချီလျက် မြစ်ထဲသို့ ချပေးလိုက်၏။
ပုရွက်ဆိတ်ဟာ သစ်ရွက်ကလေး ပေါ်သို့ တက်ပြီး တဖြည်းဖြည်းနှင့် ကမ်းခြေသို့ ရောက်သွား လေသည်။ ပုရွက်ဆိတ်လည်း ချိုးငှက်အား အရမ်းကို ကျေးဇူးတင်ကြောင်း ပြောလိုက် လေ၏။
အချိန် အနည်းငယ် ကြာလာသော အခါ မုဆိုး တယောက်က ချိုးငှက်ကို လေးဖြင့် ချိန်နေတာကို ပုရွက်ဆိတ်က မြင်လိုက်ရ၏။ အဲဒီလူက ချိုးကလေးကို ပစ်တော့မယ့် ဆဲဆဲမှာပင် ပုရွက်ဆိတ်က သူ့ခြေထောက်ကို ကိုက်လိုက်၏။
ထိုအခါ မုဆိုး ချိန်ရွယ်ထားတဲ့ နေရာ လွဲချော်သွားပြီး ချိုးငှက်ကို မြားမှန်မည့် ဘေးမှ ကင်းလွတ် သွားလေသည်။ ချိုးငှက်ရဲ့ အသက်ကို ပုရွက်ဆိတ်က ပြန်လည် ကယ်တင် နိုင်ခဲ့လေသည်။ Ref: The Dove and the Ant
ကျွန်ုပ်တို့လည်း အခက်အခဲ ဖြစ်နေသူကို ချိုးငှက်ကလေးလို ကူညီသင့် ပါတယ်။ ကိုယ့်ရှေ့မှာ မြင်တွေ့နေတဲ့ အခက်အခဲကို ကိုယ် မကူညီနိုင် ရင်တောင်မှ လမ်းညွန် ပေးသင့်လျှင် ပေးရပါမယ်။
တချို့သော သူတွေ ရှိပါတယ်။ ငါကျတော့ သူ့ကို အမြဲ ကူညီပေးတယ်။ သူကျတော့ ငါ့ကို တခါမှ ကူညီ မပေးဘူး။
အဲဒီလို မျှော်လင့်ပြီး ကူညီတဲ့ သူတွေဟာ တကယ့် စိတ်ထား ဖြူစင်လို့ ကူညီပေးနေတဲ့ သူတွေ မဟုတ်ပါဘူး။ ကိုယ့်ကိုလည်း ပြန်ကူညီ ပေးအောင် ဆိုပြီး ကူညီပေးတဲ့ သဘောသာ ဖြစ်ပါတယ်။
ကိုယ်က အခက်အခဲ ဖြစ်သူကို တတ်နိုင် သလောက် ကူညီပါ။ ကိုယ့်ရဲ့ ကူညီမှုဟာ စိတ်ထား ဖြူစင်ရင်တော့ ကိုယ့်အတွက် ကြီးမားတဲ့ ကံကောင်းမှုတွေ ရရှိလာမှာပါ။ Crd
Zawgyi
Post a Comment
0 Comments