ပန်းတိုင်ကိုပဲ ကြည့်ပါ

တခါတုန်းက ခရီးသွားတစုဟာ ရွက်လှေကြီးနဲ့ ခရီးသွားနေတဲ့ အခိုက် မကြာခင် မုန်တိုင်း ဝင်တိုက်တဲ့ အချိန်မှာ ရွက်တွေ ဖြုတ်ဖို့ ခေါင်းဆောင်က ပြောတဲ့အခါ ငယ်ရွယ်တဲ့ သင်္ဘောသား တယောက်က ရွက်ရဲ့ ခေါင်တိုင်ထိပ်ကို ဇွဲနဲ့ တက်ဖြုတ်ပစ် လိုက်တယ်။

သူ ဖြုတ်ပြီးလို့ ပြန်ဆင်းမယ် လုပ်တော့ မုန်တိုင်းရဲ့ ဒဏ်ကြောင့် အောက်က သင်္ဘောကြီးဟာ လူးလိမ့် ခါရမ်းနေတာ မြင်တော့ သင်္ဘောလေးဟာ ပြန်ဆင်းဖို့ ကြောက်ရွံ့ သွားတယ်။

အဲဒါနဲ့ အောက်မှာ ရှိတဲ့ သူ့သူငယ်ချင်းကို အော်ပြီးပြောတယ်။ "ငါတော့ ပြန်မဆင်းရဲတော့ဘူး။ လိမ့်ကျတော့မယ် လုပ်ပါအုံး" လို့ အော်ပြောတယ်။ အဲဒါနဲ့ သူ့သူငယ်ချင်းက အောက်ကနေအော် ပြောလိုက်တယ်။

"အောက်ကို မကြည့်နဲ့ သူငယ်ချင်း။ ငုံ့မကြည့်မနဲ့။ အပေါ်ကိုဘဲ ကြည့်" လို့ တအားကုန် လှမ်းအော်ပြီး သတိပေးတယ်။ သင်္ဘောသားလေးဟာ သူ့ သူငယ်ချင်း သတိပေးတဲ့ အတိုင်း အပေါ်ကိုပဲ ကြည့်ဖို့ မျက်နှာ မူထားတယ်။

ဒီတခါ ကြတော့ အောက်ငုံ့ကြည့်တုန်းက မူးဝေ ကြောက်လန့်စရာ တွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်။ စိတ်လည်းငြိမ် သတ္တိတွေလည်း ရှိလာတယ်။

အဲဒီတော့မှ သင်္ဘောသားလေးဟာ ရွက်တိုင်ပေါ် ကနေ သတိထားပြီး တဖြည်းဖြည်း ဆင်းလာပြီး သင်္ဘော ကုန်းပတ်ပေါ်ကို ပြန်ရောက်သွား ပါတော့တယ်။

ဒီလိုပါဘဲ ကျန်တော်တို့ ဘဝတွေမှာ အဆင်မပြေတာတွေ ကျရှုံးတာတွေ မျှော်လင့်သလို ဖြစ်မလာတာ တွေကို တွေ့မြင် ကြုံတွေ့နေရတဲ့ အခါမှာ ရှေ့ဆက်ပြီး ကြိုးစားချင်စိတ် ကုန်သွားတတ် ပါတယ်။

အားမာန် သတ္တိတွေ လျော့ကျသွား တတ်ပါတယ်။ "ငါတော့ ဒီအခြေနေက ကျော်နိုင်တော့မှာ ဟုတ်ပါဘူး၊ ကျပါပြီ၊ ရှုံးပါပြီ၊ ဒီဘဝ ဒီမျှနဲ့ဘဲ ပြီးပါပြီ" ဆိုတဲ့ အားလျှော့မှုတွေ ဖြစ်တတ်ပါတယ်။

ဒီလို အားလျှော့စရာတွေ ကိုပဲ ပြန်ကြည့်နေ ငုံ့ကြည့်နေ ရင်တော့ ပိုပိုပြီး အားလျော့မိ စိတ်ပျက်မိ တာကလွဲလို့ ဘာအောင်မြင်မှုမှ ရမှာ မဟုတ်ပါဘူး။

ဒီတော့ ဘယ်လို အဆင်မပြေတာ တွေနဲ့ပဲ ကြုံနေ ကြုံနေ ဒါတွေကို ပြန်ပြန် ငုံ့ကြည့်မနေပဲ ကိုယ်မျှော်လင့် ထားတဲ့ မြင့်မြင်မားမား ချမှတ်ထားတဲ့ ပန်းတိုင်ဆီ ကိုဘဲ ကြည့်ပြီး သတိ ဝီရိယတွေနဲ့ လုပ်သင့်တာတွေကို ဆက်လုပ်နေဖို့ လိုပါတယ်။ Crd

Post a Comment

0 Comments