သင့်ကို လူတကာငေးမောနေရတဲ့ ဖက်ရှင်ကျသူဖြစ်စေဖို့အတွက် ဒီနည်းလမ်း (၁၀) ခုကို အသုံးပြုပါ

အမြဲတမ်းဖက်ရှင်ကျ မိမိုက်နေဖို့အတွက် အရမ်းခက်ခက်ခဲခဲ ပြုလုပ်နေစရာ မလိုပါဘူး။ နယူးယောက်မြို့ လမ်းတွေပေါ်က ဖက်ရှင်တွေကို လေ့လာကြည့်လိုက်ပါ။ အဲဒီအခါ သင်နဲ့အလိုက်ဖက်ဆုံးဖက်ရှင်ကို ရှာတွေ့သွားမှာပါ။ ဒါ့အပြင် ဒီအချက်တွေကလည်း သင့်ကို ဖက်ရှင်ဂုရုကြီးတစ်ယောက်ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

၁။ ဘာဝတ်ရမှန်းမသိရင် အနက်ရောင်တွေကို ဝတ်ပါ။

အနက်ရောင် အဝတ်အစားတွေကို နယူးယောက်က အမျိုးသမီးအများစု ရွေးချယ်ကြပါတယ်။ အနက်ရောင်က ဘယ်တော့မှ ခေတ်မကုန်သွားတဲ့ ဖက်ရှင်ပါပဲ။ အနက်ရောင်သားရေအင်္ကျီက အမြဲတမ်းစတိုင်ကျ နေစေပါတယ်။

၂။ အဝတ်အစားရဲ့ဈေးနှုန်းက အရေးမကြီးပါဘူး။

ဈေးကြီးတဲ့ အဝတ်အစားတွေကို ဝတ်မှ စတိုင်ကျတာ မဟုတ်ပါဘူး။ အရောင်ရွေးချယ်တတ်ဖို့နဲ့ လိုက်ဖက်အောင် ပေါင်းစပ်ပြီး ဝတ်တတ်ဖို့ပဲ အရေးကြီးတာပါ။ ဈေးကြီးတဲ့ အဝတ်အစားတွေကို ဝယ်ပြီး လိုက်ဖက်အောင် ပေါင်းစပ်ပြီး မဝတ်တတ်ရင် ဖက်ရှင်ကျတဲ့သူဖြစ်မှာ မဟုတ်ပါဘူး။

၃။ လက်ကိုင်အိတ်က အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ။

ဖက်ရှင်ကျတဲ့ အမျိုးသမီးတွေအတွက် လက်ကိုင်အိတ်က အရေးကြီးတဲ့အရာပါ။ လက်ကိုင်အိတ်ရဲ့ ဈေးနှုန်းကလည်း အရေးမကြီးပါဘူး။ အရေးကြီးဆုံးကတော့ လက်ကိုင်အိတ်က သင်ဘယ်သူဘယ်ဝါဖြစ်လဲ ဆိုတာကို ဖော်ပြနေဖို့ အဓိကပါပဲ။

၄။ နေကာမျက်မှန်ကို ဘယ်ရာသီမှာမဆို အမြဲတပ်ပါ။

နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ်၊ မိုးရွာရွာ နေပူပူ နေကာမျက်မှန်ကို တပ်ပါ။ နေကာမျက်မှန်တပ်လိုက်တာနဲ့ သင့်ရဲ့သွင်ပြင်က အရမ်းကို ပြီးပြည့်စုံသွားစေမှာပါ။

၅။ တောက်ပတဲ့အရာတစ်ခုခုကို အမြဲရွေးချယ်ပါ။

ဥပမာ အရောင်တောက်ပြီး ထင်ရှားနေတဲ့ လက်ကိုင်အိတ်၊ ဦးထုပ်၊ ဖိနပ်၊ လည်စည်း စတဲ့အရာတွေက သင့်ကို လူအများ သတိထားမိစေတဲ့အရာပါ။ သင့်ရဲ့ကိုယ်ပိုင်စတိုင်လည်း ဖြစ်စေပါတယ်။

၆။ စတိုင်ကို ရောပြီး ဝတ်ဆင်ပါ။

သူများနဲ့မတူတဲ့စတိုင်ဖြစ်ဖို့အတွက် သင်ကိုယ်တိုင် စတိုင်တွေကို တွဲဖက်ရွေးချယ်နိုင်ပါတယ်။ ပုံမှန်မြင်နေကျပုံစံတွေကနေ ကွဲထွက်ပြီး ဆန်းသစ်တဲ့ဖက်ရှင်တွေကို ရွေးချယ်ပါ။

ဒါပေမယ့် မတူညီတဲ့ဖက်ရှင်တွေကို တွဲဖက်ဝတ်ဆင်တဲ့အခါ လူအများစု လုပ်မိတဲ့အမှားကတော့ အမြင်ရိုင်းတဲ့ အဝတ်အစားတွေ ရွေးချယ်တာပါ။ အမြင်မတင့်တယ်တဲ့ အဝတ်အစားတွေကြောင့် သင့်ရဲ့ပုံရိပ်ကိုလည်း ထိခိုက်စေပါတယ်။

၇။ Vintage အဝတ်အစားတွေကို ရွေးချယ်ပါ။

Vintage အဝတ်အစားတွေကလည်း မေ့ထားလို့မဖြစ်တဲ့ အရာပါ။ ကြိုးပါတဲ့ဖိနပ်၊ ပွယောင်းယောင်းအဝတ်အစားတွေနဲ့ ကိုယ်ပိုင် vintage စတိုင်ကို ဖန်တီးနိုင်ပါတယ်။

၈။ Size မတူတဲ့ အဝတ်အစားတွေကို ဝတ်ကြည့်ပါ။

Size မတူတဲ့အဝတ်အစားတွေ၊ အဆင်မတူတဲ့ အဝတ်အစားတွေ၊ အရောင်မတူတဲ့ အဝတ်အစားတွေကို တွဲဖက်ပြီး ဝတ်ကြည့်ပါ။ သင့်ရဲ့ဖက်ရှင်က ထူးကဲနေမှာပါ။

၉။ မိတ်ကပ်ပြင်ဆင်ပါ။

ဖက်ရှင်ကျဖို့အတွက် မိတ်ကပ်ကို ခေတ်ရေစီးကြောင်းနဲ့အညီ ပြင်ဆင်တတ်ဖို့ လိုပါတယ်။ ခေတ်ဟောင်း မိတ်ကပ်ပြင်နည်းတွေကို ထားခဲ့လိုက်ပါ။ မျက်နှာမှာ ဘာမှမလိမ်းဘဲ နှုတ်ခမ်းနီပဲဆိုးထားတာ၊ ဆံပင်ကို ရိုးရိုးလေးပဲ ကောက်ထားတာ၊ ပိုနီတေးလ်ဆံပင်စည်းနည်း စတဲ့ထူးခြားတဲ့ ပြင်ဆင်မှုတွေကနေ သင့်ရဲ့ကိုယ်ပိုင်စတိုင်ကို ဖန်တီးနိုင်ပါတယ်။

၁၀။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပါ။

ဖက်ရှင်မှာ ဆရာမကြီးဖြစ်နေဖို့ အဓိကအကျဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပါပဲ။ အခြားသူတွေရဲ့အမြင်တွေကို ဘေးဖယ်ထားလိုက်ပြီး သင့်ကိုယ်သင်ပဲ ဂရုစိုက်ပါ။ သင်က အရပ်အရမ်းရှည်သူဖြစ်ရင်တောင် ဒေါက်ဖိနပ်အမြင့်ကြီး စီးလို့ရပါတယ်။ ယုံကြည်မှုရှိနေတဲ့အခါ အလိုလို ကြည့်ကောင်းနေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments