မိတ်ဆွေတုနဲ့ မိတ်ဆွေစစ်

တခါတုန်းက ညနေခင်းတခုမှာ ဆိတ်ကလေး တကောင်ဟာ တောင်ကုန်းတခု ပေါ်မှာ ပြေးလွှား ဆော့ကစားနေ ပါတယ်။

ထိုအချိန်မှာ ဝံပုလွေ တကောင်ဟာ ချုံတောထဲ ကနေ ခုန်ထွက်လာပြီး တောဆိတ်ကို ကိုက်စားဖို့ ခုန်အုပ် တိုက်ခိုက် လိုက်ပါတယ်။

တောဆိတ်ဟာ ကြောက်လန့်စွာနဲ့ ပြေးလွှားရင်း အော်ဟစ် အကူအညီ တောင်းပါ တော့တယ်။ တောထဲက နွား ထွက်လာပါတယ်။ ဝံပုလွေကို တွေ့တော့ ထွက်ပြေး သွားပါတယ်။

ကုန်းပေါ်မှာ ရှိတဲ့ မြင်းက ဆိတ်ကလေးကို လှမ်းကြည့် လိုက်တယ်။ ဒါပေမဲ့ ဝံပုလွေမှန်း သိလိုက်တာနဲ့ ရှောင်ထွက် သွားတယ်။ တောဝက်က လမ်းကြုံလို့ တွေ့လိုက်တယ်။ ချက်ချင်းပဲ ကုန်းအောက်ကို ပြေးဆင်းသွားတယ်။

ယုန်လည်း အော်သံ ကြားလိုက်တယ်။ ချက်ချင်း ဆိုသလိုပဲ အသားကုန် ဝေးရာကို ထွက်ပြေး သွားတယ်။

ကုန်းအောက်မှာ ရှိတဲ့ ခွေးက "ကယ်ကြပါအုံး" ဆိုတဲ့ အသံကို ကြားတာနဲ့ ကုန်းပေါ်ကို ပြေးတက် လာပြီး ဝံပလွေရဲ့ လည်ချောင်းကို အသားကုန် ခုန်ကိုက်လိုက်တယ်။

ဝံပုလွေ ထွက်ပြေး သွားပါတယ်။ ဆိတ်ကလေးဟာ အကယ်ခံ လိုက်ရတယ်။ ဆိတ်ကလေး အိမ်ပြန် ရောက်သွားတယ်။ သတင်းကြားတော့ မေးကြ မြန်းကြနဲ့ ဆိတ်ကလေး အိမ်မှာ စည်ကား နေပါတယ်။

နွားက "ငါ့ကို ဘာလို့ မပြောပြ တာလဲ၊ ငါ့ဂျိုနဲ့ ခတ်လိုက်ရင် ဒီဝံပုလွေ အူတောင် ပွင့်သွားမှာ" လို့ ပြောတယ်။ မြင်းက ပြောတယ်။ "ငါ အနားမှာ မရှိလို့ပေါ့၊ နောက်ချေနဲ့ စုံကန်လိုက် ရင်တော့ ဦးနှောက်ပါ ပွင့်သွားမယ်"

တောဝက်က "ငါမရှိလို့ပေါ့၊ ငါ့အစွယ် အကြောင်း ကောင်းကောင်း သိသွားစေ ရမယ်" လို့ ပြောတယ်။ ယုန်က ပြောတယ်။ "ငါ့ကို ဘာလို့ မပြောတာလဲ၊ အနည်းဆုံးတော့ ငါအပြေး မြန်တော့ မင်းကို ကယ်ဖို့ အမြန် သတင်းပို့လို့ ရတာပေါ့" တဲ့။

တခု သတိထားမိ တာက အဲဒီ စကားဝိုင်း ထဲမှာ ခွေး မပါဝင် ပါဘူး။ မိတ်ဆွေစစ် ဆိုတာလည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။

ကိုယ့်အနားမှာ နေ့တိုင်း ဝိုင်းရံနေတဲ့ လူများဟာ အခက်အခဲ တကယ် ကြုံတဲ့အခါ ကြရင် ကူညီတဲ့ လူများ ဟုတ်ချင်မှ ဟုတ်မှာပါ။ Crd

Post a Comment

0 Comments