ရန်သူနှင့် မိတ်ဆွေ

တခါတုန်းက ‌ငှက်ကလေး တကောင်ဟာ ဆောင်းခိုဖို့အတွက် တောင်ပိုင်းကို မိုင်ထောင်ချီ ခရီးနှင် ပျံသန်း လာခဲ့တယ်။ ငှက်ကလေးဟာ ပျံလာရင်းနဲ့ လမ်းခရီးမှာ အတောင်ပံတွေ အေးခဲပြီး ဆက်မပျံနိုင်တော့ပဲ မြေပေါ်ကို ပြုတ်ကျခဲ့တယ်။

မြေပေါ်မှာ အေးခဲပြီး သေအံ့မူးမူး ဖြစ်နေတဲ့ ငှက်ကလေး အပေါ် နွားနောက် တကောင်က လာပြီး ချေးပါချ လိုက်တယ်။ငှက်ကလေး တွေးတယ်။ သေတော့မယ့်သူ ကိုတောင် ဒုက္ခလာပေး ရက်တယ်ပေါ့။

ဒါပေမယ့် သူထင်သလို မဟုတ်ခဲ့ပါဘူး။ နွားချေးရဲ့ အပူဓာတ်ကြောင့် သူ့ကိုယ်က ရေခဲတွေ ကွာကျလာပြီး ငှက်ကလေးဟာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့တယ်။

အဲဒီအချိန်မှာပဲ ကြောင်တကောင် ရောက်လာပြီး နွားချေးပုံ ထဲမှာ လှုပ်နေတဲ့ ငှက်ကလေး‌ကို တွေ့သွား‌‌တော့ နွားချေး တွေကို လက်နဲ့ ယက်ပြီး ဖယ်သတဲ့။

ငှက်ကလေး အရမ်း ပျော်သွားတယ်။ ကယ်တင်ရှင် လာပြီပေါ့။ ဒါပေမယ့် ငှက်ကလေးရဲ့ အတွေးဟာ မှားသွားခဲ့တယ်။ ငှက်ကလေးဟာ ကြောင်စာ ဖြစ်သွားရှာတယ်လေ။

ဒီလိုပါပဲ ဘဝမှာ ကိုယ့်အပါ် မကောင်းဘူးလို့ ထင်ခဲ့တဲ့ သူတိုင်းဟာလည်း ရန်သူ မဟုတ်နိုင်သလို၊ ကိုယ့်အပေါ် ကောင်းတယ် လို့ ထင်ရတဲ့ သူတိုင်းလည်း မိတ်ဆွေ မဟုတ်နိုင်ဘူး ဆိုတဲ့ အချက်ကို ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။ Crd

Zawgyi

ရန္သူနွင့္ မိတ္ေဆြ

တခါတုန္းက ‌ငွက္ကေလး တေကာင္ဟာ ေဆာင္းခိုဖို႔အတြက္ ေတာင္ပိုင္းကို မိုင္ေထာင္ခ်ီ ခရီးႏွင္ ပ်ံသန္း လာခဲ့တယ္။ ငွက္ကေလးဟာ ပ်ံလာရင္းနဲ႔ လမ္းခရီးမွာ အေတာင္ပံေတြ ေအးခဲၿပီး ဆက္မပ်ံႏိုင္ေတာ့ပဲ ေျမေပၚကို ျပဳတ္က်ခဲ့တယ္။

ေျမေပၚမွာ ေအးခဲၿပီး ေသအံ့မူးမူး ျဖစ္ေနတဲ့ ငွက္ကေလး အေပၚ ႏြားေနာက္ တေကာင္က လာၿပီး ေခ်းပါခ် လိုက္တယ္။ငွက္ကေလး ေတြးတယ္။ ေသေတာ့မယ့္သူ ကိုေတာင္ ဒုကၡလာေပး ရက္တယ္ေပါ့။

ဒါေပမယ့္ သူထင္သလို မဟုတ္ခဲ့ပါဘူး။ ႏြားေခ်းရဲ႕ အပူဓာတ္ေၾကာင့္ သူ႔ကိုယ္က ေရခဲေတြ ကြာက်လာၿပီး ငွက္ကေလးဟာ အသက္ရွင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာခဲ့တယ္။

အဲဒီအခ်ိန္မွာပဲ ေၾကာင္တေကာင္ ေရာက္လာၿပီး ႏြားေခ်းပုံ ထဲမွာ လႈပ္ေနတဲ့ ငွက္ကေလး‌ကို ေတြ႕သြား‌‌ေတာ့ ႏြားေခ်း ေတြကို လက္နဲ႔ ယက္ၿပီး ဖယ္သတဲ့။

ငွက္ကေလး အရမ္း ေပ်ာ္သြားတယ္။ ကယ္တင္ရွင္ လာၿပီေပါ့။ ဒါေပမယ့္ ငွက္ကေလးရဲ႕ အေတြးဟာ မွားသြားခဲ့တယ္။ ငွက္ကေလးဟာ ေၾကာင္စာ ျဖစ္သြားရွာတယ္ေလ။

ဒီလိုပါပဲ ဘဝမွာ ကိုယ့္အပၚ မေကာင္းဘူးလို႔ ထင္ခဲ့တဲ့ သူတိုင္းဟာလည္း ရန္သူ မဟုတ္ႏိုင္သလို၊ ကိုယ့္အေပၚ ေကာင္းတယ္ လို႔ ထင္ရတဲ့ သူတိုင္းလည္း မိတ္ေဆြ မဟုတ္ႏိုင္ဘူး ဆိုတဲ့ အခ်က္ကို ဒီအေၾကာင္းအရာေလးက သင္ခန္းစာ ေပးထားတာပဲ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments