အပေါ်ယံလေးပဲ မကြည့်ပါနဲ့

တခါက အရမ်းကို ကြင်နာတတ်ပြီး ကူညီတတ်တယ့် လူကောင်းတယောက် ရှိပါတယ်။ အမြဲတမ်း လူတဖက်သားကို ကူညီတတ်ပြီး သူ့အတွက် ဘာကိုမှ ပြန်မလိုချင်စိတ် မရှိတဲ့ သူမျိုး ဖြစ်ပါတယ်။ အခြားသူကို ကူညီတယ် ဆိုတာကို သူလုပ်ချင်တဲ့အတွက်ကြောင့် လုပ်တာ ဖြစ်ပါတယ်။

တနေ့မှာတော့ ဖုန်ထူတဲ့ လမ်းကို လမ်းလျှောက်လာ နေတုန်း ပိုက်ဆံအိတ် တလုံးကို ကောက်ရပါတယ်။ ပိုက်ဆံအိတ် ထဲမှာ ဘာမှတော့ မရှိပါဘူး။ ရုတ်တရက် မိန်းမတယောက် ရောက်လာပြီး ရဲသားတယောက်ကို ပြပြီး ထိုလူကို ဖမ်းခိုင်းလိုက် ပါတယ်။ ပြီးတော့ အမျိုးသမီးက မေးပါတယ်။

"ကျွန်မငွေတွေကို ဘယ်မှာ ဝှက်ထားသလဲ" "ကျွန်တော် တွေ့ကတည်းက ပိုက်ဆံအိတ် ထဲမှာ ဘာမှ မရှိပါဘူး" လို့ ကြင်နာတတ်တဲ့ လူက ဖြေလိုက်ပါတယ်။ ထိုအခါ အမျိုးသမီးက ထိုလူကို အော်လိုက်ပါတယ်။ "အဲဒီ ငွေတွေကို ကျေးဇူးပြုပြီး ပြန်ပေးပါ။ အဲဒါက ကျွန်မသား ကျောင်းလခတွေပါ"

အမျိုးသမီးကို ကြည့်လိုက်တဲ့ အခါ တကယ် ဝမ်းနည်းနေပုံ ရတဲ့အတွက် လိမ်နေတာ မဖြစ်နိုင်ဘူးလို့ ကြင်နာတတ်တဲ့ လူကြီးက တွေးမိပါတယ်။ အဲဒါကြောင့် "ဟုတ်လား ကျွန်တော် ယူမိပါတယ်။ စိတ်မရှိပါနဲ့ ခင်ဗျာ။ ဒီမှာ ခင်ဗျားငွေတွေပါ"

အမျိုးသမီးက ထွက်သွားတဲ့ အခါ ရဲသားက မေးခွန်းတွေ မေးဖို့ ကြင်နာတတ်တဲ့ ဦးလေးကို ခေါ်ထားလိုက် ပါတယ်။ အမျိုးသမီးက အရမ်းကို ပျော်ရွှင်သွား ပါတယ်။ ဒါပေမယ့် ငွေကို ရေတွက်လိုက်တဲ့ အခါ နဂိုငွေထက် နှစ်ဆ ပိုများနေတာကို တွေ့လိုက်ရ ပါတယ်။

တနေ့မှာတော့ အားနည်းဖျော့တော့ နေပုံရတဲ့ လူတယောက်က အမျိုးသမီးရဲ့ အနောက်ကနေ လိုက်လာတာကို အမျိုးသမီးက သတိထားမိ ပါတယ်။ အမျိုးသမီးက သူမရဲ့ ငွေကို ထိုလူ လုယူမယ်လို့ တွေးပြီး ရဲသား ရှိရာဆီ အမြန် လျှောက်သွားလိုက် ပါတယ်။ ထိုရဲသားက ပထမတခေါက် သူမ ပိုက်ဆံအိတ် ပျောက်တုန်းက ရဲသားပဲ ဖြစ်နေပါတယ်။

အမျိုးသမီးက ရဲသားကို အကျိုးအကြောင်း ပြောပြတဲ့အခါ ရဲသားက အနောက်က လိုက်လာသူကို ကြည့်လိုက်ပါတယ်။ ထိုအခါမှာတော့ အနောက်က လိုက်လာသူက အရမ်းကို အားနည်းပြီး နေမကောင်းဟန် ပေါ်နေပါတယ်။ ထိုလူ ကလည်း ပထမ တခေါက်တုန်းက ငွေတွေ စိုက်ပေးခဲ့တဲ့ ဦးလေးပဲ ဖြစ်ပါတယ်။

ထိုသူကို တွေ့တဲ့အခါ ရဲ သားက အမျိုးသမီးကို ရှင်းပြလိုက်ပါတယ်။ "ဒီလူက လုမယ့်သူ မဟုတ်ပါဘူး။ ပထမတခေါက် တုန်းက ခင်ဗျားကို ငွေစိုက်ပေးခဲ့တာ သူပါပဲ။ တကယ်တော့ သူက လူဆိုး မဟုတ်ပါဘူး။ ခင်ဗျားသားရဲ့ ကျောင်းလခ ပျောက်သွားလို့ ခင်ဗျား စိတ်မကောင်း ဖြစ်နေတာကို သနားလို့ သူ့မှာရှိသမျှ ငွေတွေ ခင်ဗျားကို ပေးခဲ့တဲ့လူပါ"

"ခင်ဗျားသားရဲ့ ကျောင်းလခ ပေးလိုက်နိုင် ရဲ့လား" လို့ ကြင်နာတတ်တဲ့ လူကြီးက အမျိုးသမီးကို မေးလိုက်ပါတယ်။ ထိုအခါမှအမျိုးသမီးက အံ့အားသင့် သွားပါတော့တယ်။

တခါတလေ ကျရင် ဘဝက အံ့အားသင့်စရာ ကောင်းတဲ့ သင်ခန်းစာတွေ ပေးတတ်ပါတယ်။ တချို့အရာတွေမှ သင်အံ့အားသင့် ရပါလိမ့်မယ်။ သင်မှားယွင်းပြီး ယူဆနေတဲ့ အရာတွေ ရှိတယ် ဆိုတာလည်း သင်သိလာ ပါလိမ့်မယ်။ တချို့လူတွေက သင်ထင်ထားသလိုမျိုး၊ အပြင်ပန်း သွင်ပြင်နဲ့ စိတ်ဓာတ်တွေက အရမ်း ကွာခြားနေတတ်တယ် ဆိုတာကို သင်ကြုံရ ပါလိမ့်မယ်။

အဲဒါကြောင့် လူတယောက်ရဲ့ အပေါ်ယံ အမြင်ကို ကြည့်ပြီး ထိုလူရဲ့ အကျင့်စာရိတ္တကို သင်မဆုံးဖြတ် သင့်ပါဘူး။ လူတိုင်းကို အသိအမှတ် ပြုနိုင်ဖို့ သင်ယူသင့် ပါတယ်။ လမ်းဘေးက သူတောင်းစား ဖြစ်နေပေမယ့် သူများပစ္စည်း မခိုးမဝှက်တတ်တဲ့ သူမျိုးတွေလည်း အများကြီး ပါပဲ။ အဲဒါကြောင့် လူတိုင်းကို လေးစားစွာ ဆက်ဆံတတ်ဖို့ သင်ယူသင့် ပါတယ်။ Crd

Post a Comment

0 Comments