ဘယ်တော့မှ မလုပ်မိပါစေနဲ့

အင်္ကျီတွေ ဘယ်လောက်ပဲ စုတ်စုတ်၊ ပုဆိုးတွေ ဘယ်လောက်ပဲ စုတ်စုတ် အိမ်ထောင်ဦးစီးရဲ့ ပစ္စည်းဆိုရင် ကြမ်းတိုက်ဝတ်၊ လက်နှီးစုတ်ဝတ် ဘယ်တော့မှ မလုပ်မိ ပါစေနဲ့။

မီးသွေး ဝယ်မယ်၊ ထင်းဝယ်မယ်၊ အိမ်သာသုံး တစ်ရှူး ဝယ်မယ်၊ အမျိုးသမီး လစဉ်သုံးပစ္စည်း ဝယ်မယ် ဆိုရင် မနက်ခင်းမှာ ပထမဆုံး ဝင်လာတဲ့ ဈေးဦးပေါက် ပိုက်ဆံနဲ့ ဝယ်ခြင်းကို ဘယ်တော့မှ မလုပ်မိ ပါစေနဲ့။

မနက် စောစောစီးစီး ရန်ဖြစ်ခြင်း၊ စကားများခြင်း၊ ဆဲဆိုခြင်း၊ အိမ်ပူ အိမ်ဆူ ဖြစ်ခြင်း၊ အရက်သေစာ သောက်စားခြင်းကို ဘယ်တော့မှ မလုပ်မိ ပါစေနဲ့။

အကြီးအကဲ၊ လူကြီးမိဘ၊ ဆရာသမား တို့အား ဦးဦးဖျားဖျား ထမင်း၊ ဟင်းများကို ဦးမချပဲ စားသောက်ခြင်းကို ဘယ်တော့မှ မလုပ်မိစေနဲ့။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား များကို မကန်တော့ပဲ အိပ်ရာဝင်ခြင်းကို ဘယ်တော့မှ မလုပ်မိစေနဲ့။

ထီးစုတ်၊ နာရီစုတ်၊ ဖိနပ်စုတ်၊ မီးလုံး အကျွမ်း၊ မီးချောင်း အကျွမ်းများ၊ စက်ပစ္စည်း အစုတ်များကို စွန့်ပစ်ခြင်း မပြုပဲ ကာလကြာရှည်စွာ သိမ်းထားခြင်းကို ဘယ်တော့မှ မလုပ်မိစေနဲ့။

မိဘဓာတ်ပုံ မချိတ်ဘဲ သားသမီး ဓာတ်ပုံကို အိမ်ခေါင်းရင်းမှာ ချိတ်ခြင်း၊ ဧည့်ခန်းမှာ ချိတ်ခြင်း၊ အမြင့်မှာ ချိတ်ခြင်း ကို ဘယ်တော့မှ မလုပ်မိစေနဲ့။

ကြွက်ကိုက် ထားသော၊ ခွေးကိုက် ထားသော အင်္ကျီ၊ ပုဆိုး၊ ထဘီများ ဝတ်ခြင်းကို ဘယ်တော့မှ မလုပ်မိ ပါစေနဲ့။ လူတွေ့တိုင်း ညီးညူသော စကား၊ နိမိတ်မရှိ နမာမရှိသော စကား၊ အာကြမ်း လျှာကြမ်း ပြောဆိုခြင်းများကို ဘယ်တော့မှ မလုပ်မိ ပါစေနဲ့။ Cherry White

Zawgyi

ဘယ္ေတာ့မွ မလုပ္မိပါေစနဲ႔

အက်ႌေတြ ဘယ္ေလာက္ပဲ စုတ္စုတ္၊ ပုဆိုးေတြ ဘယ္ေလာက္ပဲ စုတ္စုတ္ အိမ္ေထာင္ဦးစီးရဲ႕ ပစၥည္းဆိုရင္ ၾကမ္းတိုက္ဝတ္၊ လက္ႏွီးစုတ္ဝတ္ ဘယ္ေတာ့မွ မလုပ္မိ ပါေစနဲ႔။

မီးေသြး ဝယ္မယ္၊ ထင္းဝယ္မယ္၊ အိမ္သာသုံး တစ္ရႉး ဝယ္မယ္၊ အမ်ိဳးသမီး လစဥ္သုံးပစၥည္း ဝယ္မယ္ ဆိုရင္ မနက္ခင္းမွာ ပထမဆုံး ဝင္လာတဲ့ ေဈးဦးေပါက္ ပိုက္ဆံနဲ႔ ဝယ္ျခင္းကို ဘယ္ေတာ့မွ မလုပ္မိ ပါေစနဲ႔။

မနက္ ေစာေစာစီးစီး ရန္ျဖစ္ျခင္း၊ စကားမ်ားျခင္း၊ ဆဲဆိုျခင္း၊ အိမ္ပူ အိမ္ဆူ ျဖစ္ျခင္း၊ အရက္ေသစာ ေသာက္စားျခင္းကို ဘယ္ေတာ့မွ မလုပ္မိ ပါေစနဲ႔။

အႀကီးအကဲ၊ လူႀကီးမိဘ၊ ဆရာသမား တို႔အား ဦးဦးဖ်ားဖ်ား ထမင္း၊ ဟင္းမ်ားကို ဦးမခ်ပဲ စားေသာက္ျခင္းကို ဘယ္ေတာ့မွ မလုပ္မိေစနဲ႔။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား မ်ားကို မကန္ေတာ့ပဲ အိပ္ရာဝင္ျခင္းကို ဘယ္ေတာ့မွ မလုပ္မိေစနဲ႔။

ထီးစုတ္၊ နာရီစုတ္၊ ဖိနပ္စုတ္၊ မီးလုံး အကြၽမ္း၊ မီးေခ်ာင္း အကြၽမ္းမ်ား၊ စက္ပစၥည္း အစုတ္မ်ားကို စြန႔္ပစ္ျခင္း မျပဳပဲ ကာလၾကာရွည္စြာ သိမ္းထားျခင္းကို ဘယ္ေတာ့မွ မလုပ္မိေစနဲ႔။

မိဘဓာတ္ပုံ မခ်ိတ္ဘဲ သားသမီး ဓာတ္ပုံကို အိမ္ေခါင္းရင္းမွာ ခ်ိတ္ျခင္း၊ ဧည့္ခန္းမွာ ခ်ိတ္ျခင္း၊ အျမင့္မွာ ခ်ိတ္ျခင္း ကို ဘယ္ေတာ့မွ မလုပ္မိေစနဲ႔။

ႂကြက္ကိုက္ ထားေသာ၊ ေခြးကိုက္ ထားေသာ အက်ႌ၊ ပုဆိုး၊ ထဘီမ်ား ဝတ္ျခင္းကို ဘယ္ေတာ့မွ မလုပ္မိ ပါေစနဲ႔။ လူေတြ႕တိုင္း ညီးညဴေသာ စကား၊ နိမိတ္မရွိ နမာမရွိေသာ စကား၊ အာၾကမ္း လွ်ာၾကမ္း ေျပာဆိုျခင္းမ်ားကို ဘယ္ေတာ့မွ မလုပ္မိ ပါေစနဲ႔။ Cherry White

Post a Comment

0 Comments