အခွင့်အရေး
တခါတုန်းက ခြင်္သေ့ တကောင်ဟာ ဆာလောင်စွာနဲ့ တောထဲမှာ လှည့်ပတ် အစာရှာ နေပါတယ်။ အဲဒီ အချိန်မှာပဲ ယုန်သေးလေးတကောင်ကို တွေ့ပြီး ဖမ်းလိုက်ပါတယ်။
ခြင်္သေ့ဟာ ယုန်ကို လက်ထဲ ဖမ်းဆုပ်ထားရင်းနဲ့ စဉ်းစား လိုက်ပါတယ်။ "ဒီယုန်လောက် နဲ့တော့ ငါ့ဗိုက် ဝမှာ မဟုတ်ဘူး" လို့တွေးနေတုန်း မှာပဲ သမင်တကောင်ဟာ ခြင်္သေ့ရဲ့ ရှေ့ကနေ ဖြတ်ပြေး သွားပါတယ်။
သမင်ကို မြင်တဲ့အခါ ခြင်္သေ့က တွေးလိုက်ပြန် ပါတယ်။ "ယုန်ကို စားမယ့်အစား သမင်ကိုသာ မိအောင် ဖမ်းပြီး စားလိုက်တာက ဗိုက်ပြည့်မှာ" လို့ လောဘတကြီးနဲ့ တွေးရင်း လက်ထဲက ယုန်ကိုလည်း လွှတ်ပေးလိုက် ပါတယ်။
ဒါပေမယ့် ခြင်္သေ့ဟာ သမင်နောက်ကို အမြန် လိုက်ပေမယ့်လည်း သမင်ကိုလည်း မတွေ့ရတော့ ပါဘူး။ လောဘကြီးတဲ့ ခြင်္သေ့ဟာ ယုန်လည်း မစားရ၊ သမင်လည်း ဖမ်းမမိနဲ့ အဲဒီနေ့မှာ အစာငတ်ရ ပါတော့တယ်။
ပုံပြင်လေးရဲ့ အနှစ်ချုပ် ကတော့ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ရှိနေတဲ့ ငှက်တကောင်က ချုံပုတ်ထဲမှာ ရှိနေတဲ့ငှက် ၂ ကောင်ထက် ပိုတန်ဖိုးရှိတယ် ဆိုတဲ့ စကားလို ပါပဲ။
ကိုယ့်လက်ထဲမှာ ရှိနေတဲ့ အခွင့်အရေးဟာ ကိုယ် မရနိုင်သေးတဲ့ အခွင့်အရေးထက် ပိုတန်ဖိုးရှိလို့ တန်ဖိုးထားပါ လို့ ပြောချင်တာ ဖြစ်ပါတယ်။ BAWA
Zawgyi
အခြင့္အေရး
Post a Comment
0 Comments