လိပ်ပြာလုံသောသူ

တခါတုန်းက နာမည်ကြီး ပန်းရံ ဆရာကြီးနှင့် သားဖြစ်သူ တို့သည် ရဲတိုက်ကို ကာရံ ထားသည့် အုတ်တံတိုင်း တည်ဆောက်ရာတွင် နာမည် ရလေသည်။

တနေ့တွင် အုတ်တံတိုင်း တခုကို တည်ဆောက် လေရာ နောက်ဆုံး အုတ်တချပ် စီပြီး မဆလာ ထည့်ရမည့် အချိန်တွင် မဆလာမှာ နည်းနေပြီ ဖြစ်သဖြင့် သားဖြစ်သူအား လိုအပ်သော မဆလာကို ထပ်ဖျော်ခိုင်း လေသည်။

ထိုအခါ သားဖြစ်သူက ပြောလိုက်သည်။ "ဒီ ရှိတဲ့ မဆလာနဲ့ လုပ်လိုက်ရင်လဲ ရသားပဲ ဥစ္စာ၊ ထပ်ဖော်နေဖို့ မလိုပါဘူး အဖေရာ"

အဖေဖြစ်သူက လက်ကျန် မဆလာလေးနဲ့ လုပ်လိုက်ရင် သူတို့ ဆောက်သော အုတ်တံတိုင်းမှာ ခိုင်မှာ မဟုတ်ဘူး ဟု သားဖြစ်သူအား ရှင်းပြလိုက် ပြန်သည်။

သားက ထပ်ပြောလိုက် ပြန်သည်။ "အဖေ ကလည်း နှောက်နှစ်တွေ ကြာလာတဲ့ အခါ ကျရင် ဒီအုတ်တချပ်မှာ မဆလာ နည်းနေတာကို ဘယ်သူက သိမှာလဲ"

ထိုအခါ ဖခင်ဖြစ်သူက "လူနှစ်ယောက်တော့ သိလိမ့်မယ် ငါ့သား။ သူတို့ ရှက်လွန်းလို့ သေတောင် သွားနိုင်တယ်" ဟု ပြောသည်။

သားဖြစ်သူက နားမလည်စွာဖြင့် မေးသည်။ "အဲဒီ လူနှစ်ယောက်က ဘယ်သူလဲ အဖေ" "မင်းနဲ့ငါ ပေါ့ကွ"

သင်ခန်းစာလေး ကတော့ ဘယ်အလုပ်မဆို စေတနာထား လုပ်ပါ။ စေတနာ သည်သာ ကံတရားပါ။ ရိုးသား ကြိုးစားပြီး ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ လိပ်ပြာလုံစွာ ဖြတ်သန်းလိုက်ပါ။ Crd

Zawgyi

လိပ္ျပာလုံေသာသူ

တခါတုန္းက နာမည္ႀကီး ပန္းရံ ဆရာႀကီးႏွင့္ သားျဖစ္သူ တို႔သည္ ရဲတိုက္ကို ကာရံ ထားသည့္ အုတ္တံတိုင္း တည္ေဆာက္ရာတြင္ နာမည္ ရေလသည္။

တေန႔တြင္ အုတ္တံတိုင္း တခုကို တည္ေဆာက္ ေလရာ ေနာက္ဆုံး အုတ္တခ်ပ္ စီၿပီး မဆလာ ထည့္ရမည့္ အခ်ိန္တြင္ မဆလာမွာ နည္းေနၿပီ ျဖစ္သျဖင့္ သားျဖစ္သူအား လိုအပ္ေသာ မဆလာကို ထပ္ေဖ်ာ္ခိုင္း ေလသည္။

ထိုအခါ သားျဖစ္သူက ေျပာလိုက္သည္။ "ဒီ ရွိတဲ့ မဆလာနဲ႔ လုပ္လိုက္ရင္လဲ ရသားပဲ ဥစၥာ၊ ထပ္ေဖာ္ေနဖို႔ မလိုပါဘူး အေဖရာ"

အေဖျဖစ္သူက လက္က်န္ မဆလာေလးနဲ႔ လုပ္လိုက္ရင္ သူတို႔ ေဆာက္ေသာ အုတ္တံတိုင္းမွာ ခိုင္မွာ မဟုတ္ဘူး ဟု သားျဖစ္သူအား ရွင္းျပလိုက္ ျပန္သည္။

သားက ထပ္ေျပာလိုက္ ျပန္သည္။ "အေဖ ကလည္း ေႏွာက္ႏွစ္ေတြ ၾကာလာတဲ့ အခါ က်ရင္ ဒီအုတ္တခ်ပ္မွာ မဆလာ နည္းေနတာကို ဘယ္သူက သိမွာလဲ"

ထိုအခါ ဖခင္ျဖစ္သူက "လူႏွစ္ေယာက္ေတာ့ သိလိမ့္မယ္ ငါ့သား။ သူတို႔ ရွက္လြန္းလို႔ ေသေတာင္ သြားႏိုင္တယ္" ဟု ေျပာသည္။ သားျဖစ္သူက နားမလည္စြာျဖင့္ ေမးသည္။ "အဲဒီ လူႏွစ္ေယာက္က ဘယ္သူလဲ အေဖ" "မင္းနဲ႔ငါ ေပါ့ကြ"

သင္ခန္းစာေလး ကေတာ့ ဘယ္အလုပ္မဆို ေစတနာထား လုပ္ပါ။ ေစတနာ သည္သာ ကံတရားပါ။ ႐ိုးသား ႀကိဳးစားျပီး ဘဝကို ႐ိုး႐ိုးရွင္းရွင္းနဲ႔ လိပ္ျပာလုံစြာ ျဖတ္သန္းလိုက္ပါ။ Crd

Post a Comment

0 Comments