စည်းလေးတော့ တားထားလိုက်ပါ

တခါတုန်းက ကျေးရွာနဲ့ မနီးမဝေး တောအုပ်ကြီး တခု အတွင်းမှာ ဆာဒူးကြီး တဦးဟာ တကိုယ်တည်း တရားကျင့် နေပါတယ်။ သူ့ရဲ့ ရှေ့မှာ စာတန်း တခုကိုလည်း ချိတ်ဆွဲ ထားပါတယ်။

ထိုစာတန်းက "ခန္တီ သည်းခံခြင်းသည် အရာရာကို အောင်မြင်စေ နိုင်သည်" တဲ့။ ဒီစာတန်း ကပ်ပြီးလို့ မကြာခင် ပထမ တရက်မှာ နွားကျောင်းသား တွေက ဆာဒူးကြီးကို ခဲလုံးတွေနဲ့ ပစ်ပေါက်ပြီး အနှောက်အယှက် ပေးကြပါတယ်။

ဆာဒူးကြီးက လုံးဝ မတုန်လှုပ် ပါဘူး။ ဒုတိယရက် ကျတော့ ခဲတွေသာ မကတော့ဘူး၊ ဒုတ်တွေနဲ့ပါ လာရိုက်ကြ ပြန်တယ်။ ဆာဒူးကြီးက မသိမသာပဲ နေလိုက် ပါတယ်။

တတိယမြောက် နေ့မှာတော့ ဆာဒူးကြီးရဲ့ ရှေ့က စာတန်းကို ဖတ်ပြီး ဘယ်နွားကျောင်းသားမှ အနားကို ကပ်မလာရဲ တော့ပါဘူး။ ဆာဒူးကြီး အသစ် ရေးထားတဲ့ စာတန်းက ဘာလဲ ဆိုတော့ "ဟေ့ ခံသင့်မှ ခံတော့မည်" တဲ့။

ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော် တွေးမိတာက ကျနော်တို့ဟာ ပုထုဇဉ် လူသားတွေ ဖြစ်တယ်။ ပုထုဇဉ် တောထဲမှာ နေကြတဲ့ ပုထုဇာဉ် လူသားတွေ ဆိုတော့ မကောင်းတဲ့ အကျင့်စရိုက်တွေ ရှိကြတယ်။

တချို့ လူတွေက သည်းခံတတ်တဲ့ လူအပေါ်မှာ အနိုင်ကျင့် ချင်ကြတယ်။ လိုက်ရော ပေးတတ်တဲ့ လူအပေါ်မှာ ရောင့်တတ်ချင် ကြတယ်။ အားနာတတ်တဲ့ လူအပေါ်မှာ အသုံးချချင် ကြတယ်။ ကူညီတတ်တဲ့လူ အပေါ်မှာ လိမ်ချင် ကြတယ်။

ဒီလို အပြုအမူ မျိုးတွေ ဖြစ်မလာ နိုင်အောင် ဘာပဲ လုပ်ပေး လုပ်ပေး အတိုင်းအတာ တခုထက် ပိုပြီး လုပ်မပေးတာ အကောင်းဆုံး ဖြစ်မယ် လို့ တွေးမိပါတယ်။ ကိုယ့်ဘဝ ကိုယ်ပိုင်တာမို့ ကိုယ်ပိုင်စည်းတော့ တားထားသင့်တယ် လို့ ထင်ပါတယ်။

ကူညီသင့်ရင် ကူညီ၊ သည်းခံ သင့်ရင် သည်းခံ၊ လိုက်ရော သင့်ရင် လိုက်ရော။ အဲဒီထဲကမှ စည်းကျော် ဘောင်ကျော်တဲ့ အပြုအမူ မျိုးတွေ လုပ်လာရင်တော့ လုံးဝ လက်မခံသင့် ပါဘူးလို့ တွေးမိပါတယ်။ Crd

Zawgyi

စည္းေလးေတာ့ တားထားလိုက္ပါ

တခါတုန္းက ေက်း႐ြာနဲ႔ မနီးမေဝး ေတာအုပ္ႀကီး တခု အတြင္းမွာ ဆာဒူးႀကီး တဦးဟာ တကိုယ္တည္း တရားက်င့္ ေနပါတယ္။ သူ႔ရဲ႕ ေရွ႕မွာ စာတန္း တခုကိုလည္း ခ်ိတ္ဆြဲ ထားပါတယ္။

ထိုစာတန္းက "ခႏၲီ သည္းခံျခင္းသည္ အရာရာကို ေအာင္ျမင္ေစ ႏိုင္သည္" ´တဲ့။ ဒီစာတန္း ကပ္ၿပီးလို႔ မၾကာခင္ ပထမ တရက္မွာ ႏြားေက်ာင္းသား ေတြက ဆာဒူးႀကီးကို ခဲလုံးေတြနဲ႔ ပစ္ေပါက္ၿပီး အေႏွာက္အယွက္ ေပးၾကပါတယ္။

ဆာဒူးႀကီးက လုံးဝ မတုန္လႈပ္ ပါဘူး။ ဒုတိယရက္ က်ေတာ့ ခဲေတြသာ မကေတာ့ဘူး၊ ဒုတ္ေတြနဲ႔ပါ လာ႐ိုက္ၾက ျပန္တယ္။ ဆာဒူးႀကီးက မသိမသာပဲ ေနလိုက္ ပါတယ္။

တတိယေျမာက္ ေန႔မွာေတာ့ ဆာဒူးႀကီးရဲ႕ ေရွ႕က စာတန္းကို ဖတ္ၿပီး ဘယ္ႏြားေက်ာင္းသားမွ အနားကို ကပ္မလာရဲ ေတာ့ပါဘူး။ ဆာဒူးႀကီး အသစ္ ေရးထားတဲ့ စာတန္းက ဘာလဲ ဆိုေတာ့ "ေဟ့ ခံသင့္မွ ခံေတာ့မည္" ´တဲ့။

ဒီပုံျပင္ေလးကို ဖတ္ၿပီး က်ေနာ္ ေတြးမိတာက က်ေနာ္တို႔ဟာ ပုထုဇဥ္ လူသားေတြ ျဖစ္တယ္။ ပုထုဇဥ္ ေတာထဲမွာ ေနၾကတဲ့ ပုထုဇာဥ္ လူသားေတြ ဆိုေတာ့ မေကာင္းတဲ့ အက်င့္စ႐ိုက္ေတြ ရွိၾကတယ္။

တခ်ိဳ႕ လူေတြက သည္းခံတတ္တဲ့ လူအေပၚမွာ အႏိုင္က်င့္ ခ်င္ၾကတယ္။ လိုက္ေရာ ေပးတတ္တဲ့ လူအေပၚမွာ ေရာင့္တတ္ခ်င္ ၾကတယ္။ အားနာတတ္တဲ့ လူအေပၚမွာ အသုံးခ်ခ်င္ ၾကတယ္။ ကူညီတတ္တဲ့လူ အေပၚမွာ လိမ္ခ်င္ ၾကတယ္။

ဒီလို အျပဳအမူ မ်ိဳးေတြ ျဖစ္မလာ ႏိုင္ေအာင္ ဘာပဲ လုပ္ေပး လုပ္ေပး အတိုင္းအတာ တခုထက္ ပိုၿပီး လုပ္မေပးတာ အေကာင္းဆုံး ျဖစ္မယ္ လို႔ ေတြးမိပါတယ္။ ကိုယ့္ဘဝ ကိုယ္ပိုင္တာမို႔ ကိုယ္ပိုင္စည္းေတာ့ တားထားသင့္တယ္ လို႔ ထင္ပါတယ္။

ကူညီသင့္ရင္ ကူညီ၊ သည္းခံ သင့္ရင္ သည္းခံ၊ လိုက္ေရာ သင့္ရင္ လိုက္ေရာ။ အဲဒီထဲကမွ စည္းေက်ာ္ ေဘာင္ေက်ာ္တဲ့ အျပဳအမူ မ်ိဳးေတြ လုပ္လာရင္ေတာ့ လုံးဝ လက္မခံသင့္ ပါဘူးလို႔ ေတြးမိပါတယ္။ Crd

Post a Comment

0 Comments