သင့်အိမ်ထဲမှာ ပိုးဟပ်အကောင် ၁၀၀ ထည့်ခွင့်ပေးမယ်ဆိုရင် ဒေါ်လာ ၂၀၀၀ ပေးမယ့်ကုမ္ပဏီ

ဘယ်သူမှာ အိမ်မှာ ပိုးဟပ်တွေ ပေါများနေတာကို မကြိုက်ပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံ၊ North Carolina ပြည်နယ်၊ Raleigh မှာရှိတဲ့ အင်းဆက်ပိုးမွှားထိန်းချုပ်ရေးကုမ္ပဏီတစ်ခုက ပိုးဟပ်အကောင် ၁၀၀ ကို သင့်အိမ်ထဲ ထည့်လို့ရမယ်ဆိုရင် ဒေါ်လာ ၂၀၀၀ ပေးမယ်လို့ ကြေညာထားပါတယ်။

သူတို့ကုမ္ပဏီက ပိုးမွှားတွေကို ဖယ်ရှားဖို့အတွက် နောက်ဆုံးပေါ်နည်းပညာတွေနဲ့ စမ်းသပ်ချင်နေတာပါ။ ပိုးမွှားနှိမ်နင်းရေးနည်းလမ်းတွေက ဘယ်လောက်တောင် အကျိုးသက်ရောက်မှုရှိလဲ ဆိုတာသိဖို့ အိမ် ၇ အိမ်ထဲကို တစ်အိမ်ကို ပိုးဟပ်အကောင် ၁၀၀ နှုန်းနဲ့ ထည့်လိုက်မှာပါ။

သူတို့ရဲ့လေ့လာမှုက ရက်ပေါင်း ၃၀ ခန့်ကြာမြင့်မှာ ဖြစ်ပါတယ်။ ရက် ၃၀ ကြာပြီးနောက် သူတို့ရဲ့စမ်းသပ်မှုက အလုပ်မဖြစ်ဘူး ဆိုရင်တော့ ပုံမှန်ရှင်းလင်းနေကျနည်းအတိုင်း ပိုးဟပ်တွေကို ရှင်းလင်းလိုက်မှာပါ။


သင့်အိမ်မှာ ပိုးဟပ်အကောင် ၁၀၀ထည့်လိုတယ်ဆိုရင်တော့ လျှောက်လွှာနဲ့ လျှောက်ထားရမှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့အထိ ပိုးဟပ်စမ်းသပ်မှုအတွက် လျှောက်လွှာပေါင်း ၂၂၀၀ ကျော်ကို လက်ခံရရှိပြီးဖြစ်တယ်လို့ ပိုးမွှားနှိမ်နင်းရေးကုမ္ပဏီကို တည်ထောင်သူ David Floyd က ဆိုပါတယ်။

အရင်ကလည်း ပိုးမွှားနှိမ်နင်းဖို့အတွက် ဆေးနည်းတွေကို စတင်မိတ်ဆက်ပြီးသား ဖြစ်ပါတယ်။ လျှောက်လွှာကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖွင့်ထားပေးမှာဖြစ်ပါတယ်။ လျှောက်လွှာလျှောက်မယ်ဆိုရင် အသက် ၂၁ နှစ်အထက် ရှိရမှာဖြစ်ပြီး အိမ်ပိုင်လည်း ရှိရမှာဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့အိမ်တွေက စမ်းသပ်ချိန်ကာလအတွင်း အခြားပိုးဟပ်နှိမ်နင်းဆေးတွေ သုံးလို့ရမှာမဟုတ်ပါဘူး။


အဲဒါကြောင့် အိမ်မှာ ပိုးဟပ်တွေ အကောင် ၁၀၀ ထည့်ပြီး ဒေါ်လာ ၂၀၀၀ ရမယ့်အခွင့်အရေးကို ရယူလိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments