"ကောင်လေး ကြက်ဥ ဘယ်လို ရောင်းလဲ" "၁ လုံး ၁၅၀ ပါ" "၅လုံး ၆၀၀ ထားလိုက်" "ဟာ မလုပ်ပါနဲ့ အန်တီရယ်။ ကျွန်တော့် အရင်းနား ရောက်နေပြီ"
"အို ၆၀၀ ထားရင် ယူမယ်။ မထားရင် မယူဘူး။ သွားမယ်" "နေ နေပါဦး ယူသွားပါဗျာ။ ဈေးဦးပေါက်မို့ ရောင်းလိုက် ပါ့မယ်"
ကောင်လေး ထုပ်ပေးတဲ့ ကြက်ဥ ၅ လုံးကို ယူ ၅၀၀ ရာတန် ၁ ရွက်နဲ့၊ ၁၀၀ တန် ၁ ရွက် ပစ်ပေးပြီး အဒေါ်ကြီး ခေါင်းမော့လို့ အောင်နိုင်သူဟန် အပြည့်နဲ့ ဈေးထဲ ဆက်ဝင် သွားပါတယ်။
ညနေ အဒေါ်ကြီးဟာ သူ့ယောက်ျားနဲ့ မြို့ထဲက စားသောက်ဆိုင်ကောင်း တခုမှာ ထွက်စား ကြတယ်။
ဖြစ်ချင်တော့ ကြက်ဥသည်ကောင်လေးဟာ ဒီ စားသောက်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး ဝင်လုပ်နေတဲ့ အချိန် အဒေါ်ကြီးကို မြင်တော့ ချက်ချင်း မှတ်မိသွားတယ်။
ဒီလိုနဲ့ အဒေါ်ကြီးတို့ဝိုင်း ငွေရှင်းတော့ စားပွဲထိုး ကောင်လေးဟာ ဘေလ်စာရွက်ကို ယူလာပေးတယ်။ အဲဒီမှာ အဒေါ်ကြီးက ပြန်အမ်းငွေ ၁၅၀ ကို ယူလိုက်ဖို့ ပြောပြီး အတင်းပေးရင်း ခေါင်းမော့လို့ ဆိုင်ထဲက ထွက်သွားပါတယ်။
စားပွဲထိုး ကောင်လေး အတွက် လောကကြီးဟာ တကယ် နားလည်ရ ခက်သွားခဲ့တယ်။ "ငွေ ၁၅၀"
"မနက်က လုံးဝ ပေးဖို့ ဆန္ဒ မရှိဘူး။ ညနေ ကျတော့လည်း အတင်း ပေးသွားတယ်။ ဘာတွေလဲကွာ နားမလည်တော့ဘူး"
ဒီထက် ပိုနားမလည် နိုင်တာက သူ့ရဲ့စိတ်။ "ငွေ ၁၅၀ ချင်း အတူတူ မနက်က မရလိုက်တဲ့ ၁၅၀ ကို တသသ ဖြစ်နေ သလောက် ခု ၁၅၀ ကို ငါဘာလို့ မမက်တာ ပါလိမ့်" လို့ ကောင်လေး တွေးမိနေ ပါတော့တယ်။
တကယ်တမ်း ကျတော့ တချို့ လူတွေဟာ မရှိ ဆင်းရဲသား ဈေးသည်ဆီက မတရား ဆစ်ပြီး လူချမ်းသာ ဈေးသည်ဆီမှာ ငွေဖြုန်းတတ် ကြတယ်။ ကျွန်တော်တို့ အားလုံး မျက်နှာကြီးရာ ဟင်းဖတ်ပါ လူမျိုးများ မဖြစ်ကြ ပါစေနဲ့။ Crd
0 Comments