အမှိုက်များနှင့်လူ

တနေ့ ကျွန်တော် Taxi တစီးကို တားလိုက်ပြီး လေဆိပ်ကို ထွက်ခဲ့တယ်။ ကျွန်တော်တို့ ကားဟာ လမ်းရဲ့ ညာဘက် ကနေ ပုံမှန်မောင်းနှင် နေတုန်း ရုတ်တရက် အရှေ့မှာ ရပ်ထားတဲ့ ကားတစီးဟာ ရပ်ထားရာ ကနေ ချက်ချင်းပဲ မောင်းထွက် လာခဲ့တယ်။

ကျွန်တော် စီးနေတဲ့ ကားရဲ့ Driver ဟာ ဘရိတ်ကို အမြန် နင်းချလိုက်ပြီး စီယာတိုင်ကို ဆွဲကွေ့ လိုက်တယ်။ ခဏလေး အတွင်းမှာ သူရဲ့ ကျွမ်းကျင်မှုကြောင့် ကားတိုက်မှု ကနေ လက်မ အနည်းလောက်နဲ့ ကျွန်တော်တို့ လွတ်မြောက်ခဲ့ ကြတယ်။

အဆိုပါ ကားရဲ့ Driver ဟာ ကားထဲကနေ ခေါင်းထွက်လာပြီး ကျွန်တော်တို့ကို ဆဲဆိုနည်း ပေါင်းစုံနဲ့ ဆဲဆို သွားခဲ့တယ်။ ကျွန်တော့် Taxi Driver ကတော့ ဘာမှ မပြောပဲ ပြုံးပြီး အဲ့ဒီလူကို လက်ဝှေ့ရမ်းပြီး နှုတ်ဆက် လိုက်တယ်။ တကယ့်ကို ရင်းရင်းနှီးနှီး ပုံစုံလို ပါပဲ။

ဒါကြောင့် ကျွန်တော်လည်း မနေနိုင်တာနဲ့ "ခင်ဗျားက သူ ဒီလောက် ဆဲဆိုသွား တာကို ဘာမှလည်း ပြန်မပြောဘူး။ ကိုယ်က မှန်နေတာပဲ။ ပြီးတော့ ကိုယ့်ကို ဆေးရုံပို့မယ့် သူကိုတောင် ခင်ဗျားက လက်ပြပြီးတောင် နှုတ်ဆက်လိုက် သေးတယ်။ ဘာလဲ။ သူက ခင်ဗျား အသိလား"

ထိုအခါ Taxi မောင်းသူက "လူတွေဟာ အမှိုက်ကားနဲ့ တူကြတယ်ဗျ။ သူတို့တွေဟာ အမှိုက်တွေ အပြည့်နဲ့ လှုပ်ရှား သွားလာ နေကြတယ်။ တကိုယ်ကောင်းစိတ်၊ ဒေါသစိတ်၊ အတ္တစိတ်တွေ ဆိုတဲ့ အမှိုက်တွေနဲ့ ပေါ့ဗျာ။

သူတို့မှာ အမှိုက်တွေ များလာတာနဲ့ အမျှ အမှိုက် သွန်စရာနေရာ ရှာတတ် ကြတယ်။ တခါတလေ ကိုယ့် ကိုယ်ပေါ်နဲ့ တခြား လူတွေ အပေါ် ကိုပေါ့။ ဒီတော့ ကျွန်တော် ကတော့ သူဆီက ရလာမယ့် အမှိုက်တွေကို မယူဘူး။ အမြဲတမ်း ပြုံးပြ နှုတ်ဆက်ပြီး ထွက်လာလိုက်တော့ ပါပဲ"

ဒီဇာတ်လမ်း လေးဟာ အခု ကျွန်တော် မြင်တွေ့နေရတဲ့ ရန်ကုန်မြို့က Taxi Driver တွေ၊ Bus Driver တွေ အတွက်များ ရေးထားသလား လို့တောင် ထင်မိပါတယ်။ အမှိုက်ကင်းတဲ့ နေ့လေး တနေ့ ဖြစ်ပါစေ။ အောင်ထွန်းဦး

Zawgyi

အမႈိက္မ်ားနွင့္လူ

တေန႔ ကြၽန္ေတာ္ Taxi တစီးကို တားလိုက္ၿပီး ေလဆိပ္ကို ထြက္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ကားဟာ လမ္းရဲ႕ ညာဘက္ ကေန ပုံမွန္ေမာင္းႏွင္ ေနတုန္း ႐ုတ္တရက္ အေရွ႕မွာ ရပ္ထားတဲ့ ကားတစီးဟာ ရပ္ထားရာ ကေန ခ်က္ခ်င္းပဲ ေမာင္းထြက္ လာခဲ့တယ္။

ကြၽန္ေတာ္ စီးေနတဲ့ ကားရဲ႕ Driver ဟာ ဘရိတ္ကို အျမန္ နင္းခ်လိုက္ၿပီး စီယာတိုင္ကို ဆြဲေကြ႕ လိုက္တယ္။ ခဏေလး အတြင္းမွာ သူရဲ႕ ကြၽမ္းက်င္မႈေၾကာင့္ ကားတိုက္မႈ ကေန လက္မ အနည္းေလာက္နဲ႔ ကြၽန္ေတာ္တို႔ လြတ္ေျမာက္ခဲ့ ၾကတယ္။

အဆိုပါ ကားရဲ႕ Driver ဟာ ကားထဲကေန ေခါင္းထြက္လာၿပီး ကြၽန္ေတာ္တို႔ကို ဆဲဆိုနည္း ေပါင္းစုံနဲ႔ ဆဲဆို သြားခဲ့တယ္။ ကြၽန္ေတာ့္ Taxi Driver ကေတာ့ ဘာမွ မေျပာပဲ ၿပဳံးၿပီး အဲ့ဒီလူကို လက္ေဝွ႔ရမ္းၿပီး ႏႈတ္ဆက္ လိုက္တယ္။ တကယ့္ကို ရင္းရင္းႏွီးႏွီး ပုံစုံလို ပါပဲ။

ဒါေၾကာင့္ ကြၽန္ေတာ္လည္း မေနႏိုင္တာနဲ႔ "ခင္ဗ်ားက သူ ဒီေလာက္ ဆဲဆိုသြား တာကို ဘာမွလည္း ျပန္မေျပာဘူး။ ကိုယ္က မွန္ေနတာပဲ။ ၿပီးေတာ့ ကိုယ့္ကို ေဆး႐ုံပို႔မယ့္ သူကိုေတာင္ ခင္ဗ်ားက လက္ျပၿပီးေတာင္ ႏႈတ္ဆက္လိုက္ ေသးတယ္။ ဘာလဲ။ သူက ခင္ဗ်ား အသိလား"

ထိုအခါ Taxi ေမာင္းသူက "လူေတြဟာ အမႈိက္ကားနဲ႔ တူၾကတယ္ဗ်။ သူတို႔ေတြဟာ အမႈိက္ေတြ အျပည့္နဲ႔ လႈပ္ရွား သြားလာ ေနၾကတယ္။ တကိုယ္ေကာင္းစိတ္၊ ေဒါသစိတ္၊ အတၱစိတ္ေတြ ဆိုတဲ့ အမႈိက္ေတြနဲ႔ ေပါ့ဗ်ာ။

သူတို႔မွာ အမႈိက္ေတြ မ်ားလာတာနဲ႔ အမွ် အမႈိက္ သြန္စရာေနရာ ရွာတတ္ ၾကတယ္။ တခါတေလ ကိုယ့္ ကိုယ္ေပၚနဲ႔ တျခား လူေတြ အေပၚ ကိုေပါ့။ ဒီေတာ့ ကြၽန္ေတာ္ ကေတာ့ သူဆီက ရလာမယ့္ အမႈိက္ေတြကို မယူဘူး။ အၿမဲတမ္း ၿပဳံးျပ ႏႈတ္ဆက္ၿပီး ထြက္လာလိုက္ေတာ့ ပါပဲ"

ဒီဇာတ္လမ္း ေလးဟာ အခု ကြၽန္ေတာ္ ျမင္ေတြ႕ေနရတဲ့ ရန္ကုန္ၿမိဳ႕က Taxi Driver ေတြ၊ Bus Driver ေတြ အတြက္မ်ား ေရးထားသလား လို႔ေတာင္ ထင္မိပါတယ္။ အမႈိက္ကင္းတဲ့ ေန႔ေလး တေန႔ ျဖစ္ပါေစ။ ေအာင္ထြန္းဦး

Post a Comment

0 Comments