စည်းလုံးခြင်း၏ အင်အား

တခါတုန်းက ချိုးငှက်တွေဟာ စုစည်းနေထိုင်ကြပြီး ဉာဏ်ပညာနှင့် ပြည့်စုံကာ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်တဲ့ ငှက်တကောင်ကို ဘုရင်အဖြစ် တင်မြှောက် ထားကြသည်။ ချိုးငှက်တို့ဟာ သူတို့ ဘုရင်ရဲ့ ဦးဆောင်မှုနဲ့ အတူ အုပ်စုဖွဲ့ ပျံသန်းပြီး အစာရှာဖွေလေ့ ရှိသည်။

တနေ့မှာ သူတို့ဟာ အစာရှာရန် အဝေးကြီးထိ ပျံသန်းခဲ့ရသောကြောင့် အရမ်း ပင်ပန်းနေခဲ့သည်။ ဒါပေမယ့် အစာရှာ မရသေးတာကြောင့် ချိုးငှက်ဘုရင်က သူတို့ကို နည်းနည်း ထပ်ရှာကြဖို့ တွန်းအားပေးခဲ့သည်။

အဲဒီလိုနှင့် အစာရှာကြရင်း မြေပြင်နား ကပ်ပျံသော ကင်းထောက် ဂျိုးငှက်တကောင်က ညောင်ပင်တပင်အောက်မှာ ပြန့်ကျဲနေသော စပါးစေ့များကို တွေ့ရှိကြောင်း အချက်ပေး လိုက်သည်။

ထိုအခါ ချိုးငှက်များ အားလုံးဟာ ထုံးစံအတိုင်း ချို့ငှက်ဘုရင်၏ အန္တရာယ် ရှိမရှိ စစ်ဆေးမှုကို မစောင့်တော့ဘဲ ညောင်ပင်အောက်ရှိ စပါးများကို ဝိုင်းဖွဲ့ စားသောက်ကြ သောကြောင့် ချိုးငှက်ဘုရင်လည်း မစစ်ဆေးတော့ဘဲ ဝင်ရောက် စားသောက်လိုက်သည်။

ရုတ်တရက် သူတို့အပေါ်ကို ညောင်ပင်ကြီးထဲက ပိုက်ကွန်တခု ကျလာပြီး သူတို့အားလုံး ပိုက်ကွန်ထဲ မိသွားကြသည်။ ထို့နောက် ကြီးမားသော တင်းပုတ်တခုကို ကိုင်ထားသော မုဆိုးတယောက်သည် ညောင်ပင်ပေါ်တွင် ပုန်းနေရာက ဆင်းလာသည်ကို သူတို့ တွေ့လိုက်ကြရသည်။

ချိုးများသည် ရုန်းထွက်ရန် ကြိုးစားပြီး အတောင်ပံများကို အသည်းအသန် ခတ်ကြသော်လည်း မအောင်မြင် ကြပေ။ ထိုအချိန်တွင် ချိုးဘုရင်က အကြံတခု ရပြီး ချိုးငှက်အားလုံး သူနဲ့အတူ ပိုက်ကွန်ကို နှုတ်သီးနဲ့ ကိုက်ကာ အတူတကွ တပြိုင်တည်း အတောင်ခတ် ပျံသန်းရန် အော်ပြောလိုက်သည်။ "စည်းလုံးမှုမှာ အင်အားရှိတယ်" ဟု အားပေးစကား ပြောသည်။

ချိုးအကောင်တိုင်းသည် ပိုက်ကွန်၏ အပိုင်းတခုစီကို နှုတ်သီးဖြင့် ကိုက်ချီလိုက်ပြီး သူတို့နှင့်အတူ ပိုက်ကွန်ကို သယ်ဆောင်ကာ အတူတကွ ပျံသန်းခဲ့ ကြသည်။ မုဆိုးသည် အလွန် အံ့သြစွာဖြင့် မော့ကြည့်လိုက်သည်။

သူသည် ချိုးအုပ်နောက်သို့ ပြေးလိုက်ခဲ့‌ သော်လည်း ချိုးအုပ်သည် တောင်ကုန်းများနှင့် ချိုင့်ဝှမ်းများ အထက်တွင် မြင့်မားစွာ ပျံသန်း လွတ်မြောက်သွား လေသည်။

ချိုးအုပ်ဘုရင်က သူတို့ကို မိတ်ဆွေ ကြွက်တကောင် နေထိုင်တဲ့ ဘုရားတဆူနားက တောင်ကုန်းပေါ်ကို ပျံသန်း ခေါ်ဆောင်သွားသည်။ ထိုကြွက်သည် ချိုးငှက်ဘုရင်၏ သစ္စာရှိတဲ့ သူငယ်ချင်း ဖြစ်သည်။

တောင်ကုန်းပေါ်ရှိ မြေအောက်တွင် ကျင်းတူး နေထိုင်ကြတဲ့ ကြွက်တွေဟာ ချိုးငှက်အုပ်ကြီးရဲ့ ကျယ်လောင်လှတဲ့ အသံကို ကြားရတဲ့အခါ မြေကျင်းတွေထဲ ဝင်ရောက် ပုန်းအောင်း ကြတော့သည်။

ချိုးငှက်ဘုရင်က သူ့ချိုးငှက်တွေကို အသံ တိတ်ခိုင်းပြီး မိတ်ဆွေကြွက်ကို ညင်ညင်သာသာ အော်ခေါ်လိုက်တော့ ကြွက်က သူ့ကို ဝမ်းသာစွာ ထွက်တွေ့ သည်။

ချိုးငှက်ဘုရင်က သူတို့ ထောင်ချောက်ထဲ ကျခံခဲ့ရသဖြင့် လွတ်မြောက်စေရေး ပိုက်ကွန်အား ကိုက်ဖြတ်ပေးရန် မိတ်ဆွေကြွက်အား အကူအညီ တောင်းခံခဲ့သည်။ မိတ်ဆွေကြွက်က ချိုးငှက်ဘုရင်အား ပထမဆုံး လွှတ်ပေးမည်ဟု ပြောသော်လည်း ဘုရင်က သူ၏ လက်အောက်ခံ များကိုသာ ပထမ လွှတ်ပေးရန် အခိုင်အမာ ပြောကြားခဲ့သည်။

ကြွက်သည် နောက်၌ ဘုရင်၏ ခံစားချက်များကို နားလည်ပြီး သူ၏ ဆန္ဒကို လိုက်လျော ခဲ့သည်။ ကြွက်သည် ပိုက်ကွန်ကို စတင် ဖြတ်တောက် လိုက်ပြီးနောက် ချိုးငှက်များ တကောင်ပြီး တကောင် လွတ်မြောက် လာကြသည်။ သူတို့အားလုံးက ကြွက်ကို ကျေးဇူးတင်စကား ပြောကြားပြီး အတူတကွ ထွက်ခွာသွားကြ လေတော့သည်။

ဒီအကြောင်းအရာလေးက စည်းစည်းလုံးလုံးနဲ့ အတူတကွ လုပ်ဆောင်သောအခါ ပိုမို အားကောင်း လာကြောင်းနဲ့ ပေါင်သင်းဆက်ဆံရေး ကောင်းမွန်ခြင်းဟာ မိတ်ဆွေစစ် တိုးပွားစေနိုင်တယ် ဆိုတဲ့ အချက်က ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments