နာရီကို တစ်နေကုန် မချွတ်တမ်းပတ်ထားရင်ရလာမယ့် ကျန်းမာရေးဆိုးကျိုး (၄) ခု

နာရီက လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ နောက်ပိုင်းမှာတော့ ရိုးရိုးနာရီတွေအပြင် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ နာရီတွေကိုပါ အသုံးများလာကြပါတယ်။ ဒါပေမယ့် နာရီကို တစ်နေကုန် ပတ်ထားတာကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

၁။ လက်ကောက်ဝတ် နာကျင်လာခြင်း

နာရီကို တစ်နေကုန် မချွတ်တမ်းပတ်ထားရင် လက်ကောက်ဝတ်က နာဗ်ကြောလေးတွေပေါ်မှာ ဖိအားတွေများပြီး နာကျင်လာပါတယ်။ နာရီကို တင်းတင်းကျပ်ကျပ် ပတ်ထားသူဆိုရင် နာဗ်ကြောလေးတွေအတွက် ထိခိုက်လာမှာပါ။

နာရီကို ပတ်ထားတုန်းမှာ လက်ကောက်ဝတ်က ထုံကျင်လာသလို ဖြစ်လာပြီဆိုရင်တော့ နာရီကို ကြိုးလျော့ပတ်တာ ဒါမှမဟုတ် ခဏလောက် ချွတ်ထားတာကို ပြုလုပ်ပါ။

၂။ လက်မျက်ရိုးကို နာကျင်လာစေခြင်း

နာရီကို အမြဲတမ်း ဝတ်ထားပြီး နာကျင်နေတာကို မေ့လျော့ထားမယ်ဆိုရင် လက်မျက်ရိုးရောဂါလိုမျိုး နောက်ဆက်တွဲဆိုးကျိုးကို ခံစားရစေနိုင်ပါတယ်။ လက်ကောက်ဝတ် နာဗ်ကြောလေးတွေကို အမြဲဖိထားသလို ဖြစ်တာကြောင့် လက်က အားနည်းလာမှာပါ။

၃။ အရေပြားယားယံစေခြင်း

နာရီကို မလျော့မတင်း ပတ်ထားတာကတော့ အကောင်းဆုံးပါပဲ။ နာရီက အရေပြားနဲ့အကြာကြီး ထိတွေ့နေရင် ချွေးတွေထွက်လာပြီး ဘက်တီးရီးယားတွေလည်း ပွားနေမှာပါ။ အဲဒီကနေ ယားယံတာ ဖြစ်စေပါတယ်။

၄။ ကြွက်သားနာကျင်ခြင်း

နာရီကို ၂၄ နာရီ ၇ ရက်လုံး ဝတ်ထားရင် သွေးလည်ပတ်မှုကို အားနည်းစေပြီး လက်ကောက်ဝတ်ကို ထုံကျင်လာစေပါတယ်။ သွေးစီးဆင်းမှုအားနည်းတာကနေ ကြွက်သားနာကျင်တာကို ကြုံတွေ့ရစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments