နွေရာသီဟာ အနားအပန်းဖြေလို့ကောင်းတဲ့ ရာသီဥတုပါပဲ။ ဒါပေမယ့် နေက ပူပြင်းတာကြောင့် အပြင်ထွက်လိုက်တာနဲ့ အသားအရေတွေက နေလောင်လွယ်လာပါတယ်။ အဲဒါကြောင့် နွေရာသီမှာ အသားအရေ လှပနေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို love media ကနေ ဖော်ပြပေးပါလိုက်ပါတယ်နော်။
ရေဓာတ်ဖြည့်ခရင်မ်
နွေရာသီမှာ မဖြစ်မနေ လုပ်သင့်တာကတော့ အသားအရေကို ရေဓာတ်ဖြည့်တာပါပဲ။ အဆီမပါတဲ့ moisturizer ကို အသုံးပြုပေးနိုင်ပါတယ်။ မျက်နှာအသားအရေ၊ ခန္ဓာကိုယ် အသားအရေတို့ကို ရေဓာတ်ဖြည့်ဖို့လိုသလို နှုတ်ခမ်းကို ရေဓာတ်ဖြည့်ဖို့အတွက် lip balm အသုံးပြုဖို့လည်း မမေ့ပါနဲ့နော်။
ကြေးချွတ်ခြင်း
အသားအရေမှာ ဆဲလ်သေတွေကု ဖယ်ရှားဖို့အတွက် ကြေးချွတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခဏခဏ ကြေးချွတ်တာကတော့ အသားအရေကို ပိုပြီးနာကျင်စေမှာပါ။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ကြေးချွတ်ပေးရင် လုံလောက်ပါပြီ။
ရေများများသောက်ခြင်း
နွေရာသီမှာ ရေကို များများသောက်ပေးသင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး တစ်လီတာခွဲ သောက်ပေးပါ။ ရိုးရိုးရေ မသောက်ချင်တဲ့အခါ ရေထဲမှာ သံပုရာစိတ်လေးတွေ၊ ပူဒီနာလေးတွေ ထည့်ပြီးသောက်ပေးရင် စိတ်လန်းဆန်းစေတဲ့အပြင် ကိုယ်အလေးချိန်ကိုပါ ထိန်းပြီးသား ဖြစ်သွားစေမှာပါ။
ဗီတာမင် E
နွေရာသီမှာ အသားအရေ အမြဲတမ်းလှနေဖို့ ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်ပြီး စားသုံးသင့်ပါတယ်။ အသားအရေ နီမြန်းတာတွေကို ကာကွဘ်ဖို့ carotene ပါဝင်တဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်ပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥတို့မှာ carotene တွေ ခပ်များများပါဝင်ပါတယ်။
နေပူဆာလှုံတော့မယ်ဆိုရင်
နွေရာသီမှာ နာရီပေါင်းများစွာ နေပူဆာလှုံတာက အသားအရေကို ကောင်းကျိုးမရစေတဲ့အပြင် ဆိုးကျိုးတွေ ရစေမှာပါ။ ဒါ့အပြင် နေပူထဲသွားတော့မယ်ဆိုရင် UVA နဲ့ UVB ပါဝင်တဲ့ sunscreen တွေ လိမ်းဖို့လည်း မမေ့ပါနဲ့နော်။
Zombie (lovemedia)
0 Comments