အကုန်အကျသက်သာပြီး ဆံပင်ကိုမထိခိုက်စေတဲ့ ဆံပင်ဖြောင့်နည်းလမ်းများ

ဆံပင်ဖြောင့်တဲ့ မိန်းကလေးတွေက ဆံပင်ကောက်ဖို့ စိတ်ကူးရှိကြပြီး ဆံပင်ကောက်တဲ့ မိန်းကလေးတွေကတော့ ဆံပင်ဖြောင့်ချင်ကြပါတယ်။ ဆံပင်ဖြောင့်တဲ့ပစ္စည်းတွေက ဆံပင်ကို အရမ်းထိခိုက်စေတာကြောင့် အမြဲတမ်းအသုံးပြုဖို့ အဆင်မပြေပါဘူး။

အဲဒါကြောင့် ဆံပင်ကို မထိခိုက်စေဘဲ ဆံပင်‌‌ဖြောင့်စေမယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ခေါင်းလျှော်ရည်နဲ့ conditioner ကို သေချာရွေးချယ်အသုံးပြုပါ။

ခေါင်းလျှော်ရည်မကောင်းတဲ့အခါ ဆံပင်တွေက ဖွာပြီး မလှမပနဲ့ ရုပ်ဆိုးနေမှာပါ။ အဲဒါကြောင့် ခေါင်းလျှော်ရည်နဲ့ conditioner ကို ရွေးချယ်တဲ့အခါ ဆံပင်ဖြောင့်စေတဲ့အစွမ်းတွေပါဝင်တဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်အသုံးပြုပါ။ Keratin treatment တွေမှာ များသောအားဖြင့် formaldehyde ပါဝင်တာကြောင့် ဆံပင်ကို ဖြောင့်စေပေမယ့်လည်း ရှူရှိုက်မိရင် အန္တရာယ်ဖြစ်စေပါတယ်။

ခေါင်းဘီး

ဆံပင်ဖြောင့်ချင်သူတွေအတွက် ခပ်ဝိုင်းဝိုင်းခေါင်းဘီးကို မရွေးချယ်သင့်ပါဘူး။ ခပ်ဝိုင်းဝိုင်းခေါင်းဘီးတွေက ဆံပင်ကောက်တဲ့သူတွေ ပိုပြီးသင့်တော်ပါတယ်။ အဲဒါကြောင့် ဆံပင်‌ဖြောင့်ဖို့အတွက် အသွားကျဲတဲ့ခေါင်းဘီးတွေကိုသာ ‌ရွေးချယ်ပါ။ ဆံပင်ကိုလည်း ခဏခဏဖြီးပေးပါ။ အသွားကျဲတဲ့ခေါင်းဘီးက ဆံပင်ရှုပ်တာတွေကိုလည်း သက်သာသွားစေပါတယ်။

ပိုနီတေးလ်

‌ခေါင်းကို သေချာလျှော်ပြီးတဲ့အခါ ခြောက်အောက်စောင့်ပြီး ပိုနီတေးလ်စည်းနည်းနဲ့ ဆံပင်စည်းပါ။ ပိုနီတေးလ်စည်းနည်းက ဆံပင်ကို ချက်ချင်းတော့ ဖြောင့်လာစေမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာရင်တော့ သိသာလာစေပါတယ်။

အိပ်ရာမဝင်ခင်မှာ ဆံပင်ကို ထွေးပတ်ပြီးမှ အိပ်ပါ။

ဆံပင်ဖြောင့်ချင်တဲ့သူတွေအတွက် နောက်ထပ်နည်းလမ်းတစ်ခုကတော့ အိပ်ရာမဝင်ခင်မှာ ဆံပင်ကို ထွေးပတ်ပြီးတော့ အိပ်တဲ့နည်းပါ။ ခေါင်းလျှောက်ပြီးနောက် ဆံပင်ခြောက်သွားတဲ့အခါ ဆံပင်ကို တစ်ခုခုနဲ့ ပတ်ပြီးတော့ အိပ်ပါ။ မနက်အိပ်ရာထတဲ့အခါ ဆံပင်က တောက်ပပြီး ဖြောင့်စင်းနေပါတယ်။

ဆံပင်ဖြောင့်စေတဲ့ပစ္စည်းများ

ဆံပင်ကို ဖြောင့်စေတဲ့ ခရင်မ်နဲ့ serum တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဆံပင်ကို ဆေးဆိုးထားတယ် ဆိုရင်တော့ သုံးလို့မရပါဘူး။ အာနိသင်က သိသာမှာမဟုတ်ပါဘူး။ ဆံပင်ဖြောင့်စေတဲ့ ဖျန်းဆေးနဲ့ ဆီတို့ကို ဆံပင် စိုနေချိန်မှာရော ခြောက်သွေ့နေတဲ့အချိန်မှာပါ အသုံးပြုလို့ရပါတယ်။

ဒါပေမယ့် သူတို့မှာက ဆံပင်ကို ထိခိုက်စေတဲ့ ဆီလီကွန်နဲ့ အခြားအရာတွေ ပါဝင်နေပါသေးတယ်။ Hair mask ကတော့ ဆံပင်ကို ပိုးသားလို့ ပျော့စေပြီး ရေဓာတ်ပါဖြည့်ပေးတာကြောင့် ရွေးချယ်သင့်ပါတယ်။

သံလွင်ဆီလက်ဖက်ရည်ဇွန်း ၃ ဇွန်းကို အပူပေးပြီး ဆံပင်အနှံ့လိမ်းထားပါ။ အဲဒီနောက် ဆံပင်ကို ပလက်စတစ်တစ်ခုနဲ့ ပတ်ထားပြီး တစ်ညထားပါ။ မနက်ရောက်ရငတော့ ခေါင်းလျှော်လို့ရပါပြီ။

ခေါင်းလျှော်တဲ့အခါမှာတော့ ပုံမှန်ထက် ဆီတွေက ပိုနေတာကြောင့် သေချာလျှော်ဖို့ လိုအပ်ပါတယ်။ ဆံပင်ကို သံပုရာရည်အနည်းငယ်၊ ရေနွေးတစ်လီတာတို့နဲ့ရောပြီး လျှော်လို့ရပါတယ်။

ဒန်းဆိုးဆေး

ဒန်းဆိုးဆေးကို အီဂျစ်နဲ့အိန္ဒိယမှာ အသုံးပြုကြပါတယ်။ ဒန်းဆိုးဆေးမှာ ဆံပင်ကို ဖြောင့်စေတဲ့အစွမ်း ရှိပါတယ်။ ဒန်းဆိုးဆေးကို ဆံပင်မှာ လိမ်းထားပြီး အနည်းငယ်ကြာရင် ခေါင်းလျှော်လိုက်လို့ရပါပြီ။

ဒါပေမယ့် သူ့ရဲ့အာနိသင်က ကြာရှည်မခံပါဘူး။ တစ်ခါဆိုးထားပြီးရင် ၃ ပတ်လောက်အထိပဲ ဆံပင်က ဖြောင့်ပါတယ်။ ဆံပင်က ငွေရောင်ရှိသူဆိုရင်တော့ ဒန်းဆိုးဆေးသုံးရင် ဆံပင်မှာ အရောင်တွေ အနည်းငယ် သိသာနေတတ်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာလည်း ဆံပင်ကို ဖြောင့်စေတဲ့အစွမ်းသတ္တိ ရှိပါတယ်။ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေတစ်ခွက်နဲ့ ရောပြီး ဖျန်းဘူးထဲကို ထည့်ပါ။ အဲဒီနောက် ဆံပင်တွေကို ဖျန်းပေးပါ။

မိနစ်အနည်းငယ်ကြာပြီးရင် ရေနွေးနဲ့ ရေဆေးချပါ။ ဆံပင်ပိုရှည်သူဆိုရင်တော့ ပန်းသီးရှာလကာရည်ဖန်ခွက်တစ်ဝက်နဲ့ ရေနွေးတစ်လီတာခွဲကိုရောပြီး လိုအပ်သလောက် အသုံးပြုလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments