သင့်ကလေးရဲ့ အိပ်မက်တွေနှင့် ပန်းတိုင်ကို အောင်မြင်အောင် ဒီအချက် (၁၀) ချက်နဲ့ လမ်းညွှန်ပေးပါ

ငယ်ငယ်တုန်းကတော့ မိဘတွေက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာကို ပြခဲ့ပါတယ်။ ဒါကြောင့် သားသမီးတွေ ရည်မှန်းချက်ပျောက်နေချိန်မှာတောင် မိဘတွေက အထောက်အပံ့ပေးဖို့ ဦးစားပေးစဉ်းစားလာခဲ့ ကြပါတယ်။

ကလေးတွေကို ဖိအားတွေ၊ စိတ်ဖိစီးမှုတွေမပေးပဲ အရည်အချင်းတွေကို ရှာဖွေတွေ့ရှိဖို့ လမ်းညွှန်ပေးနိုင်တယ်ဆိုရင်တော့ သင်ဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီပဲဖြစ်ပါတယ်။

၁။ သူတို့ဖြစ်ချင်တာကိုပဲ လုပ်ခွင့်ပေးပါ။

တစ်ခါတလေမှာ ကလေးတွေသနာပါတဲ့အရာတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်ပါတယ်။ ဘယ်အရာကို ဝါသနာပါရမယ်လို့တော့ မသတ်မှတ်ထားပေမယ့် မိဘအများစုက ယောကျာ်းလေးဟင်းချက်ဝါသနာပါရင် မကြိုက်ကြပါဘူး။

ဒါတွေကို အမျိုးသမီးတွေ လုပ်ရမယ့်အလုပ်လို့သတ်မှတ်ထားပြီး သူတို့ဖြစ်စေချင်တဲ့ ဝါသနာကိုပဲ လုပ်ခိုင်းကြပါတယ်။ ဒါကြောင့် သူတို့ဝါသနာပါတဲ့လမ်းကိုပဲ လျှောက်ခိုင်းပါ။ သူတို့ကို ပျော်ရွှင်စေတဲ့ မည်သည့်နယ်ပယ်မှာမဆို သူတို့ရဲ့အရည်အချင်းတွေကို မြှင့်တင်နိုင်ပါတယ်။

၂။ လွတ်လပ်ခွင့်ပေးပါ။

ကလေးတွေကို မိဘတွေစိတ်အားထက်သန်တဲ့ အရာတွေကို လေ့လာခိုင်းရင် ကျွမ်းကျင်သူတွေဖြစ်လာမယ်လို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့ဟာ မိဘတွေရဲ့ စိတ်ကူးကို မဖြည့်ဆည်းပေးနိုင်ပါဘူး။

အဲဒီအစား သူတို့ရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်တဲ့အရာ၊ သူတို့ကို ပြုံးစေတဲ့အရာတွေကို လုပ်ကြည့်ခိုင်းပါ။ သူတို့ကို စူးစမ်းလေ့လာခွင့်ပေးခြင်းက သူတို့အကြိုက်ဆုံးအရာကို ဆုံးဖြတ်ဖို့ ပိုမိုလွယ်ကူလာမှာဖြစ်ပြီး သူတို့ဝါသနာပါရာကို စိတ်ဝင်စားကြောင်းပြသခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ နှောင်ကြိုးကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

၃။ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မနှိမ့်ချပါနဲ့။

ငယ်ရွယ်စဉ်ကတည်းက ကလေးတွေရဲ့ စိတ်ဝင်စားမှုကို အနုပညာကနေ ခွဲခြားသိမြင်နိုင်ပါတယ်။ ကြီးပြင်းလာတာနှင့်အမျှ ဒီအရာတွေက ကိုယ်ရည်ကိုယ်သွေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာဖြစ်ပြီး အလွန်ဖန်တီးမှုရှိတဲ့ အနာဂတ်ဆီကို တံတားထိုးနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အရွယ်ရောက်ပြီးသူတွေအတွက် လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိတဲ့ အရည်အချင်းတွေကို လျှော့ချဖို့ ဒါမှမဟုတ် ဝေဖန်ခြင်းမပြုဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဝါသနာက မင်းကို အလုပ်ကောင်းကောင်းရနိုင်မှာမဟုတ်ဘူး ဆိုတာကို မပြောသင့်ပါဘူး။

ဒါကြောင့် သင့်ကလေးတွေ ပျော်ရွှင်စေမယ့်အရာတွေကို စဉ်းစားပြီး သူတို့တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးလိုက်ပါ။

၄။ စဉ်းစားဖို့ အချိန်ပေးပါ။

သင့်ကလေးငယ်တွေကို သူတို့ဝါသနာပါရာကို စိတ်ကူးမယဉ်နိုင်သေးရင် အချိန်ပေးပါ။ သူတို့ရဲ့ စိတ်အားထက်သန်မှုကို ရှာတွေ့နေချိန်မှာ သူတို့နဲ့ ထိတွေ့ဆက်ဆံတာကို မရပ်လိုက်ပါနဲ့။

သူတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေမှာလည်း ကူညီပေးပါ။ ဒါတွေဟာ သူတို့ရဲ့ အနာဂတ်မှာ အထောက်အကူဖြစ်စေမယ့် ကျွမ်းကျင်မှုနှင့် အသိပညာတွေ တိုးတက်စေဖို့အတွက်ပဲ ဖြစ်ပါတယ်။

၅။ စည်းကမ်းတွေအများကြီး မသတ်မှတ်ပါနဲ့။

အရွယ်ရောက်ပြီးသူတွေအနေနဲ့ နေ့ရက်တိုင်းမှာ လှုပ်ရှားမှုတစ်ခုပြီးတစ်ခု လုပ်ဆောင်ခြင်းက အောင်မြင်လာတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ကလေးတွေအတွက် အားလပ်ချိန်တွေ လိုပါတယ်။

ဒါကြောင့် အကောင်းဆုံး ရွေးချယ်မှုကတော့ သူတို့လုပ်စရာတွေ များများလုပ်လေ ပိုအောင်မြင်လေလေလို့ လက်ခံပေးလိုက်ပါ။ ကလေးတွေမှာ သင်ရိုးညွှန်းတမ်းတာဝန်တွေ များလွန်းတာကြောင့် အဲဒါက သူတို့ကို စိတ်ပိုင်းဆိုင်ရာတောင် ထိခိုက်နိုင်ပါတယ်။

၆။ မတူညီတဲ့အရာတွေကို ကြိုးစားခွင့်ပြုပါ။

တူညီတဲ့အရာကို ထပ်ခါထပ်ခါလုပ်ရင် ငြီးငွေ့လာတာ ထုံးစံပါပဲ။ ကလေးတွေမှာလည်း အရာတစ်ခုကို ထပ်ခါထပ်ခါလုပ်ရင် ငြီးငွေ့လာပြီး တခြားအရာတွေကို စူးစမ်းချင်လာကြပါတယ်။

ဒါက သူတို့ရဲ့ ကြီးထွားမှုဖြစ်စဉ်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုပါ။ သင့်ကလေးတွေကို ပံ့ပိုးဖို့ နည်းလမ်းကတော့ သူတို့အတွက် စိတ်ဝင်စားတဲ့ လှုပ်ရှားမှုအသစ်ကို ရှာဖွေတဲ့နေရာမှာ တက်ကြွစွာ ပါဝင်ကူညီဖို့ပဲ ဖြစ်ပါတယ်။

၇။ အရှိကိုအရှိတိုင်း ပြောပါ။

ကလေးတွေရဲ့ သဘာဝက မှော်ဆရာတွေ၊ မင်းသမီးလေးတွေ ဖြစ်ချင်ကြပါတယ်။ ဒါတွေက ပုံပြင်ထဲမှာသာရှိတယ် ဆိုတာကို ပြောပြပြီးတော့ လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြပါ။ သူတို့က ဆရာဝန်ကြီးဖြစ်ချင်တယ်ပြောရင် သူတို့နဲ့တူတူ ကစားပေးပြီး သူတို့ရဲ့ ဆန္ဒကို မြေတောင်မြှောက်ပေးပါ။

၈။ သာဓကဖြင့် သင်ပေးပါ။

မိဘတွေမှာ အချိန်တွေအများကြီး မရှိပေမယ့်လည်း ကလေးရဲ့လှုပ်ရှားမှုတွေမှာတော့ အချိန်ပေးပြီး ပါဝင်သင့်ပါတယ်။ သူတို့နဲ့ အချိန်မပေးဖြစ်တာများရင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

တကယ်လို့ သင်သာ သူတို့နဲ့ အချိန်တွေအများကြီး ကုန်ဆုံးနိုင်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုချစ်လာပြီးတော့ သူတို့ရဲ့ ဘဝမှာ သင့်ကိုစံအဖြစ် သတ်မှတ်ပြီး အရာရာတိုင်းကို လေးစားနေမှာ အသေအချာပါပဲ။

၉။ သူတို့ရဲ့လိုအပ်ချက်တွေကို နားထောင်ပေးပါ။

ကလေးတွေဟာ အတန်းသွားတက်တာပဲဖြစ်ဖြစ်၊ ကျောင်းကပြန်လာတာပဲဖြစ်ဖြစ် သူတို့ကြုံခဲ့ရသမျှကို မိဘတွေကို ပြန်ပြောပြတတ်ပါတယ်။ အကောင်းတွေရော၊ အဆိုးတွေရောပြောသလို သူတို့ခံစားခဲ့ရတာတွေကိုပါ ပြောကြပါတယ်။

ဒီလိုပြောလာခဲ့ရင် သူတို့ပြောတာတွေကို အကုန်နားထောင်ပေးပါ။ ကလေးတွေမှာ မိဘပဲရှိတာမို့ သူတို့ခံစားချက်တွေကို နားလည်ပေးပါ။ ဒီလိုနားထောင်ပေးရင် သူတို့မှာ မိဘတွေရှိတာပဲ ဆိုတဲ့အတွေးနဲ့ အရာရာကို ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

၁၀။ မနှိုင်းယှဉ်ပါနဲ့။

မိမိရဲ့ကလေးတွေကို အခြားကလေးတွေနှင့် နှိုင်းယှဉ်ခြင်းက စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မနှိုင်းယှဉ်ပဲ သူတို့ကို အားပေးစကားပြောပေးဖို့ပါပဲ။

အကောင်းဆုံးကတော့ သင့်ကလေးတွေ ဖြတ်သန်းသွားတဲ့ အဆင့်တွေကို စိတ်ရှည်သည်းခံပြီး သူတို့ရဲ့ ရည်မှန်းချက်တွေအားလုံးကို အောင်မြင်အောင် လိုက်လျောညီထွေဖြစ်အောင် ပံ့ပိုးပေးဖို့ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments