Shiatsu ဆိုတာက ဂျပန်ကုထုံးတစ်မျိုးဖြစ်ပြီး သင်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ အရိုးရှင်းဆုံး နှိပ်နယ်မှုတွေထဲက တစ်ခုဖြစ်ပါပဲ။ သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ကာကွယ်ခြင်းနှင့် ကုစားခြင်း နှစ်မျိုးလုံးဖြစ်တယ်လို့ ယုံကြည်ကြပြီး စိတ်ဖိစီးမှု ဒါမှမဟုတ် အဆစ်အမြစ်နာခြင်းကို သက်သာစေပါတယ်။
သင့်မျက်နှာပေါ်က အသားအရေကိုလည်း နုပျိုစေပါတယ်။ အသက်ကြီးလာတာနှင့်အမျှ အရေးအကြောင်းတွေ ပေါ်လာတတ်တာက ထုံးစံပါပဲ။ ဒီကုထုံးနည်းလမ်းက သင့်အိမ်မှာတင် ပြုလုပ်နိုင်မှာဖြစ်ပြီး လူကိုလည်း သက်တောင့်သက်သာ ရှိစေပါတယ်။
အရေးအကြောင်းတွေကို ဘယ်လိုဖယ်ရှားမလဲ။
အသားအရေတွန့်တာဟာ မျက်နှာပေါ်မှာ အထင်ရှားဆုံး အရေးအကြောင်းတွေ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုနှင့် အသက်အရွယ် ကြီးမြင့်လာမှုတို့တောင့် ပေါ်လာတာပဲဖြစ်ပါတယ်။ အရင်ဆုံး လက်ညိုးလေးတွေကို မျက်လုံးရဲ့အပြင်ဘက်ထောင့်မှာ ထားပြီး ပွတ်ပွတ်ပေးပါ။
- သင့်လက်ချောင်းတွေနဲ့ ဖိပြီးတဲ့နောက် လွှတ်လိုက်ပါ။ လက်ချောင်းတွေကို လုံးဝလွှတ်တာမျိုးမဟုတ်ပဲ ဖိဖိပြီး ဆွဲပေးပါ။
- နှစ်ဖက်စလုံးကို ၃ စက္ကန့်ကြာ ၃ ကြိမ်ပြန်လုပ်ပါ။
မျက်လုံးအောက်က အရေးအကြောင်းတွေကို ဖယ်ရှားနည်း
မျက်လုံးအောက်မှာရှိတဲ့ အရေပြားက အလွန်ပါးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ကျန်အရေပြားတွေထက် လျော့ရဲပြီး ရှုံ့တွလွယ်ပါတယ်။ ဒါပေမယ့် shiatsu က အရေပြားကို ပြန်လည်နုပျိုစေဖို့ ကူညီပေးနိုင်ပါတယ်။ သင့်လက်ညိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တို့ကို မျက်လုံးရဲ့အောက်က အရိုးပေါ်မှာ တင်ထားပေးပါ။
- လက်သုံးချောင်းလုံးနဲ့ ညင်သာစွာ နှိပ်ပါ။
- သင့်လက်ချောင်းတွေကို ၁၀ စက္ကန့်ကြာထားပြီး လွှတ်ပေးပါ။ လေ့ကျင့်ခန်းကို နှစ်ကြိမ်ပြန်လုပ်ပါ။
မျက်လုံးအောက်က ရောင်ရမ်းတာတွေဖယ်ရှားနည်း
လက်ညိုးလေးတွေကို မျက်လုံးရဲ့ အတွင်းထောင့်တွေမှာ ကပ်ထားဖို့ပါပဲ။ ပြီးတော့ မျက်လုံးရဲ့အပြင်ဘက်ထောင့်ကို မရောက်မချင်း ပုံမှာပြထားတဲ့အတိုင်း ထောင့်ပုံစံလေး လှုပ်ရှားမှု ပြုလုပ်ရပါမယ်။ အရေပြားကို ဆွဲဆန့်သလိုမျိုး မလုပ်မိပါစေနဲ့နော်။
လေ့ကျင့်ခန်းပြီးရင် သင့်လက်ညိုးနှင့် လက်ခလယ်နှစ်ဖက်စလုံးကို သင့်မျက်လုံးရဲ့အတွင်းပိုင်းနှင့် အပြင်ဘက်နေရာတွေမှာထားပြီး အပေါ်ကနေ သာသာလေးဖိထားပါ။
- သင့်လက်ချောင်းတွေရဲ့ နောက်ကိုပဲလိုက်ပါ။ မျက်လုံးအတွင်းဘက်နှင့် အပြင်ဘက်နှစ်ဖက်စလုံးကို ညင်သာစွာ နှိပ်ပေးပါ။
- ဒီအဆင့်အားလုံးကို ၃ စက္ကန့်ကြာ ၃ ကြိမ်ပြန်လုပ်ပါ။
Shiatsu ဆိုတာ နှိပ်နယ်ခြင်းတစ်မျိုးပါပဲ။
Shiatsu ကို "လက်ချောင်းဖိအား" လို့ခေါ်ပြီး နှိပ်နယ်ခြင်း၊ ဆန့်ထုတ်ခြင်းနည်းတွေနှင့် သက်သာစေတဲ့ ကုထုံးပုံစံတစ်မျိုး ဖြစ်ပါတယ်။ ဂျပန်မှာ ၁၉၀၀ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ကြတာပါ။
ခန္ဓာကိုယ်ရဲ့ နာကျင်ကိုက်ခဲနေတာတွေကို သက်သာစေဖို့နဲ့ အညောင်းပြေစေဖို့ လက်ချောင်းတွေ၊ လက်မနှင့် လက်ဖဝါးတို့ကို အသုံးပြုပြီး နှိပ်တာပါ။
စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု၊ ကြွက်သားနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲမှု၊ ပင်ပန်းနွမ်းနယ်မှု၊ အိပ်မပျော်ခြင်း ဒါမှမဟုတ် sciatica၊ အဆစ်အမြစ်ရောင်ရောဂါ၊ ထိပ်ကပ်နာလိုမျိုး ရောဂါတွေအတွက် shiatsu နှိပ်နယ်ခြင်းက အမှန်တကယ် အကျိုးရှိပါတယ်။
Shiatsu ရဲ့ အခြေခံ
ဂျပန်ဆေးပညာရဲ့ အခြေခံသဘောတရားတွေထဲက တစ်ခုကတော့ qi ( “che” လို့အသံထွက်ပါတယ် ) ပါပဲ။ ။ qi ဟန်ချက်မညီတဲ့အခါ အအေးမိခြင်း၊ တုပ်ကွေး၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်း ဒါမှမဟုတ် အစာခြေလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ Shiatsu က ခန္ဓာကိုယ်အနှံ့ qi စီးဆင်းမှုကို လှုံ့ဆော်ပေးပြီး ညီညွတ်စေပါတယ်။
သင့်မျက်နှာအစိတ်အပိုင်းတွေအတွက် Shiatsu လေ့ကျင့်ခန်း
Shiatsu က သင့်မျက်ခုံးကြားမှာရှိတဲ့ အရေးအကြောင်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သင်လုပ်ဖို့လိုတာက ပုံမှာပြထားတဲ့ အစက် ၃ ခုပေါ်မှာ လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ကို ထားလိုက်ပါ။ ပြီးတော့ ၅ စက္ကန့်ကနေ ၇ စက္ကန့်ကြာ နှိပ်ပြီး နောက်တစ်ကြိမ်ထပ်လုပ်ပါ။
သင့်မျက်ခုံးတွေ အောက်ကိုတွဲကျလာရင် Shiatsu ကိုသုံးပြီး ပိုမိုနုပျိုတဲ့အသွင်ကို ပြန်လည်ရရှိစေအောင် လုပ်နိုင်ပါတယ်။ သင့်မျက်ခုံးရဲ့ အပြင်ဘက်၊ အလယ်နှင့် အတွင်းပိုင်းတွေမှာ သင့်လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ကို ထားလိုက်ပါ။
ပြီးရင်း အားမပြင်းတပြင်းလေးသုံးပြီး သင့်မျက်ခုံးကို အပေါ်ကို တွန်းတင်ပါ။ အဲဒါကို ၇ စက္ကန့်လောက်လုပ်ပါ။
Zombie (lovemedia)
0 Comments