အမျိုးသမီးတွေအတွက် အလှအပနဲ့ပတ်သက်ပြီး လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေက နေ့စဉ်နဲ့အမျှ အသစ်တွေ ထွက်နေဆဲပါပဲ။ အချို့နည်းလမ်းတွေက မထင်ထားလောက်အောင် လွယ်ကူပြီး အရမ်းကို အသုံးဝင်နေတတ်ပါတယ်။

၁။ ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့အတွက်

အမျိုးသမီးတွေအတွက် ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲတာက အရမ်းကို အဆင်မပြေ ဖြစ်စေပါတယ်။ အဲဒီလို နာကျင်ကိုက်ခဲတာကို လွယ်လွယ်ကူကူ ပျောက်စေဖို့အတွက် ခဲဖျက်ပါတဲ့ ခဲတံတစ်ချောင်းကို ယူပြီး နားအပေါ်ဘက်ကို တစ်မိနစ်ခန့် နှိပ်နယ်ပေးပါ။

၂။ ခြေသလုံးမွေး ရိတ်ပြီးနောက် အရေပြားနီရဲတာ ပျောက်စေဖို့အတွက်

ခြေသလုံးမွေးရိတ်ပြီးနောက်မှာ အမွှေးရနံ့မပါတဲ့ ဆပ်ပြာ သို့မဟုတ် ခရင်မ်နဲ့ ခြေ‌ထောက်ကို လိမ်းထားပါ။ အမွှေးရနံ့ပါတဲ့ပစ္စည်းတွေက အသားအရေမှာ အမွှေးအမျှင်တွေ ရိတ်ပြီးသွားရင် နီမြန်းနာကျင်စေပါတယ်။

၃။ ဓမ္မတာလာစဉ်မှာ နာကျင်မှုတွေကို ကာကွယ်ဖို့အတွက်

အမျိုးသမီးတွေအတွက် ဓမ္မတာမဖြစ်ခင်ကတည်းက နာကျင်မှုတွေကို ကာကွယ်ထားလို့ရပါတယ်။ နာကျင်မှုကို သက်သာစေတဲ့ဆေးတွေကို ဓမ္မတာမဖြစ်ခင် တစ်ရက်အလိုလောက်ကတည်းက ကြိုသောက်ထားရင် ဓမ္မတာဖြစ်နေစဉ်အတွင်း နာကျင်ကိုက်ခဲမှုတွေ အရမ်းမခံစားရတော့ပါဘူး။

၄။ အဆီပြန်တဲ့ ဆံပင်အတွက်

အဆီပြန်တဲ့ဆံပင်တွေကို ခေါင်းလျှော်တဲ့အခါ conditioner ကို အရင်ဆုံးသုံးပြီးမှာ ခေါင်းလျှော်ရည်ကို သုံးပါ။ ဒီနည်းက ဆံပင်အဆီ အရမ်းထွက်တတ်သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။

၅။ ဆီစွန်းတွေကို ပျောက်စေဖို့အတွက်

အဝတ်အစားတွေမှာ ဆီတွေစွန်းနေရင် ကလေးပေါင်ဒါကို စွန်းတဲ့နေရာမှာ ဖြူးထားလိုက်ပါ။ ပေါင်ဒါက ဆီတွေကို စုပ်ယူနိုင်တဲ့အစွမ်း ရှိပါတယ်။ တစ်ညလောက် ထားပြီးနောက်မှာတော့ ပေါင်ဒါတွေကို သွားတိုက်တံနဲ့ ဖယ်ရှားလိုက်ရင် ဆီစွန်းတွေလည်း ပျောက်သွားပါတယ်။

၆။ ချွေးနံ့ပျောက်ဆေးအစွန်းတွေ ဖယ်ရှားဖို့အတွက်

ချွေးနံ့ပျောက်ဆေးကို အသုံးများတဲ့အခါ အင်္ကျီက ချိုင်းနေရာမှာ အစွန်းတွေဖြစ်လာပါတယ်။ အဲဒီအစွန်းတွေကို ဖျောက်ဖို့အတွက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ မုန့်ဖုတ်ဆိုဒါတို့ကို ရောမွှေပြီး စွန်းတဲ့နေရာမှာ သွားတိုက်တံလေးနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

၇။ Razor ဝယ်တဲ့အခါ ဈေးသက်သာဖို့အတွက်

အမျိုးသမီးတွေရဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေက အမျိုးသားသုံးပစ္စည်းတွေထက် ၅၆ ရာခိုင်နှုန်း ဈေးပိုကြီးပါတယ်။ razor ဝယ်တဲ့အခါ အမျိုးသားတွေသုံးတဲ့ razor က ပိုပြီးဈေးသက်သာပါတယ်။

၈။ ဖွင့်ရခက်တဲ့ဘူးအဖုံးအတွက်

ဘူးအဖုံးက ဖွင့်ရခက်နေတယ်ဆိုရင် ရေနွေးထဲမှာ တစ်မိနစ်ခန့် စိမ်ထားလိုက်ပါ။ အဲဒီနောက်မှာတော့ အခက်အခဲမရှိဘဲ ဖွင့်လို့ရလာတာကို တွေ့ရမှာပါ။

၉။ တူးနေတဲ့အိုးတွေကို ဆေးကြောဖို့အတွက်

ဟင်းချက်ပြီးတဲ့အခါ ဒယ်အိုးမှာ တူးနေရင် ဆေးကြောရ ခက်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာ မလိုပါဘူး။ မုန့်ဖုတ်ဆိုဒါကို ဒယ်အိုးထဲမှာ ဖြူးထားလိုက်ပါ။ မုန့်ဖုတ်ဆိုဒါမှာ အယ်ကာလီပါတာကြောင့် အညစ်အကြေးနဲ့ ဆီဂျီးတွေကို လွယ်လွယ်ကူကူ ဖယ်ရှားပေးနိုင်ပါတယ်။

၁၀။ ဓမ္မတာကြောင့် ဖြစ်တဲ့အစွန်းတွေကို ဖယ်ရှားဖို့အတွက်

ဓမ္မတာကြောင့် အဝတ်အစားတွေမှာ စွန်းထင်းသွားရင်လည်း ပြောင်စင်အောင် လျှော်ဖို့ခက်ပါတယ်။ အဲဒါကြောင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် တစ်ခွက်နဲ့ ရေကို ဇလုံတစ်လုံးထဲမှာ ရောထည့်ထားပါ။ အဲဒီနောက် စွန်းထင်းနေတဲ့ အဝတ်အစားတွေကို မိနစ် ၃၀ ခန့် စိမ်ထားပြီးမှ လျှော်ပါ။

Zombie (lovemedia)