လက်ဖက်ခြောက်ကို သောက်တာအပြင် နေ့စဉ်ဘဝမှာ အသုံးပြုနိုင်မယ့်နည်းလမ်း (၆) မျိုး

လက်ဖက်ခြောက်သောက်တာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အရမ်းကို လူကြိုက်များတဲ့အရာပါပဲ။ လက်ဖက်ခြောက်က ကျန်းမာရေးအတွက် အများကြီးအကျိုးပြုပါတယ်။ လက်ဖက်ခြောက်ကို သောက်တာအပြင် နေ့စဉ်ဘဝမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါသေးတယ်။

၁။ အခန်းက အနံ့ဆိုးတွေကို စုပ်ယူပေးခြင်း

အခန်းတွေမှာ အနံ့ဆိုးတွေ ထွက်နေတဲ့အခါ၊ အိမ်သာ၊ ရေချိုးခန်းတို့မှာ အနံ့အသက်မကောင်းတဲ့အခါ လက်ဖက်ခြောက်ထုပ်လေးကို ဆွဲချိတ်ထားလိုက်ပါ။ လက်ဖက်ခြောက်ရဲ့ ရနံ့သင်းသင်းလေးက အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။

အချို့တွေကတော့ ဖယောင်းတိုင်ပြုလုပ်တဲ့အခါ လက်ဖက်ခြောက်လေးတွေကို ထည့်သွင်းပြီး ပြလုပ်တတ်ကြပါတယ်။ လက်ဖက်ခြောက်အိတ်ထဲမှာ သဘောကျတဲ့ရနံ့ဆီလေးတွေ ထည့်ထားပြီး ဆွဲချိတ်ထားလို့ ရပါတယ်။

၂။ အရေပြားနာကျင်တာကို သက်သာစေခြင်း

အရေပြားမှာ မီးအပူလောင်တာ သို့မဟုတ် ထိခိုက်ရှနာတစ်ခုခုဖြစ်လို့ နာကျင်တဲ့အခါ လက်ဖက်ခြောက်အိတ်လေးနဲ့ ကပ်ထားပေးပါ။ ဒါပေမယ့် နာကျင်တဲ့နေရာက ကြီးတယ်ဆိုရင်တော့ ဆေးဝါးနဲ့သာ ကုသသင့်ပါတယ်။

၃။ အသားအရေရောင်ရမ်းတာကို သက်သာစေခြင်း

ရေချိုးတဲ့အခါ လက်ဖက်ခြောက်အထုပ်လေး ၅ ထုပ်ကို ထည့်ပြီး ချိုးရင် အသားအရေ ရောင်ရမ်းတာ၊ နာကျင်တာ၊ နေလောင်တာကို သက်သာစေပါတယ်။

လက်ဖက်ခြောက်အပြင် စံပယ်ပန်းခြောက်၊ ချာမိုမိုင်း၊ လာဗင်ဒါပန်းခြောက်တို့ကိုလည်း ရေချိုးကန်ထဲမှာထည့်ထားပြီး ချိုးရင် အသားအရေကို ရေဓာတ်ပြည့်စေတဲ့အပြင် ကြည်လင်လာစေပါတယ်။ နောက်တစ်ခုကတော့ အမာရွတ်တွေကို မှေးမှိန်သွားစေတာပါ။

၄။ ခြေထောက်က အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးခြင်း

သင့်ရဲ့ခြေထောက်က ချွေးအရမ်းထွက်တာကြောင့် အနံ့ဆိုးတွေ ထွက်နေတယ်ဆိုရင် လက်ဖက်ခြောက်အိတ်လေးကို အသုံးပြုနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်လေးနှစ်အိတ်ကို ရေတစ်လီတာဝက်နဲ့ ပြုတ်လိုက်ပါ။

အဲဒီနောက် ရေအေး ၂ လီတာနဲ့ ရောလိုက်ပါ။ ရောပြီးသားရေတွေကို ဇလုံတစ်လုံးထဲ ထည့်ထားပြီး ခြေထောက်ကို မိနစ် ၃၀ ခန့်ရေစိမ်ပါ။

၅။ အသားတွေကို နူးလွယ်စေခြင်း

အသားတွေကို ချက်တဲ့အခါ နူးလွယ်ပြီး အရသာရှိစေဖို့ အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

- လက်ဖက်စိမ်းရည်တစ်ခွက်ခွဲ

- တောက်တောက်စင်းထားတဲ့ မာဂျိုရန်အရွက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- တောက်တောက်စင်းထားတဲ့ အော်ရီဂါးနိုးအရွက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- သံလွင်ဆီ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း

- Dijon mustard လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ပါဝင်ပစ္စည်းတွေကို သမသွား‌အောင်မွှေပါ။ ရလာတဲ့အနှစ်ကို အသားတွေပေါ်မှာ နှံ့အောင်နယ်ပြီး ရေခဲသေတ္တာထဲမှာ ၂၄ နာရီကြာအောင်ထားပါ။ ၂၄ နာရီကြာထားပြီး အသားကို ရေခဲသေတ္ထာထဲကနေ ထုတ်လိုက်ပါ။ အဲဒီနောက် အသားကို ခြောက်သွေ့သွားအောင် သုတ်လိုက်ပြီး ကြိုက်နှစ်သက်သလို စီမံပြီးစားနိုင်ပါပြီ။

၆။ သဘာဝမြေဩဇာ

သင့်ရဲ့အပင်လေးတွေအတွက် ဓာတ်မြေဩဇာ အသုံးမပြုချင်တဲ့အခါ လက်ဖက်ခြောက်လေးတွေကို အသုံးပြုပါ။ လက်ဖက်ခြောက်ဖြစ်ဖြစ်၊ ရေနွေးအိုးမှာကျန်နေတဲ့ လက်ဖက်ရည်လေးတွေကိုပဲဖြစ်ဖြစ် ပင်ခြေမှာထည့်ထားပေးပါ။ အပင်မှာ ပိုးမွှားကင်းစင်ပြီး ကြီးထွားနှုန်း မြန်လာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments