ကော်ဖီကို သောက်တာအပြင် လူသိနည်းတဲ့ အသုံးဝင်ပုံနည်းလမ်း (၉) မျိုး

ကော်ဖီကြိုက်တတ်သူတွေအတွက် သတင်းကောင်းကတော့ ကော်ဖီက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေကို နည်းပါးစေတာပါ။ ဒါ့အပြင် ကော်ဖီက စိတ်ဓာတ်ကျတာကိုပါ သက်သာစေပါတယ်။ ကော်ဖီကို သောက်တာအပြင် အခြားအသုံးပြုလိုရတဲ့ နည်းလမ်းလေးတွေလည်း အများကြီးရှိပါသေးတယ်။

၁။ အင်းဆက်ပိုးမွှားတွေကို ဝေးဝေးပြေးစေခြင်း

ကော်ဖီမှုန့်ရဲ့အနံ့ကို အင်းဆက်ပိုးမွှားတွေက သဘောမကျကြပါဘူး။ အပင်တွေမှာ အင်းဆက်ပိုးမွှားတွေ ကပ်နေတယ်ဆိုရင် ကော်ဖီမှုန့်ကို အပင်အောက်ခြေမှာ ထားလိုက်ပါ။ အပင်ကို ဖျက်တဲ့ ခရုနဲ့ ပက်ကျိတွေလည်း မလာတော့ပါဘူး။

၂။ ပန်းတွေကို ကြာရှည်ခံစေခြင်း

ပူပြင်းတဲ့ရာသီတွေမှာ ပန်းတွေက ရက်ကြာကြာ မခံပါဘူး။ အဲဒီအခါ ကော်ဖီမှုန့်ကို ရေနဲ့ဖျော်ပြီး ပန်းအိုးထဲကို ထည့်လိုက်ပါ။ အဲဒီအခါ ပန်းတွေက ရက်ကြာကြာ အထားခံတာကို တွေ့ရပါတယ်။

၃။ အသားကို နူးစေခြင်း

ကော်ဖီမှာပါဝင်တဲ့အက်ဆစ်က အသားတွေကို နူးစေတဲ့အပြင် အရသာကိုလည်း တိုးစေပါတယ်။ ကော်ဖီမှုန့်ကို အသားပေါ်မှာ ဖြူးပြီး နှစ်နာရီခန့် နှပ်ထားပါ။ အဲဒီအသားကို ချက်လိုက်ရင် အသားရဲ့အရောင်က ပိုလှသွားတဲ့အပြင် အသားလည်း နူးညံ့သွားပါတယ်။

၄။ ကော်ဇောပေါ်က အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးခြင်း

အိမ်မှာခင်းထားတဲ့ ကော်ဇောပေါ်မှာ အနံ့ဆိုးတွေ ထွက်နေလို့ ဖယ်ရှားရ မခက်တော့ပါဘူး။ အနံ့ဆိုးထွက်နေတဲ့နေရာမှာ ကော်ဖီမှုန့်တွေကို ဖြူးထားလိုက်ပြီး တစ်ညကြာထားလိုက်ပါ။ တစ်ညကြာပြီးရင်တော့ အဲဒီနေရာကို လေစုပ်စက်နဲ့ စုပ်လိုက်ပါ။ အနံ့အသက်ဆိုးတွေက သိသိသာသာ ကင်းစင်သွားပါတယ်။

၅။ ဒယ်အိုးတွေကို သန့်စင်ပေးခြင်း

ဒယ်အိုးမှာ ကပ်နေတတ်တဲ့ ဂျွတ်တွေကို ဖယ်ရှားရတာ ခက်ပါတယ်။ အဲဒီအခါ ကော်ဖီမှုန့်တွေကို အသုံးပြုပြီး ဒယ်အိုးကို ပြန်လည်တောက်ပအောင် ပြုလုပ်လို့ရပါတယ်။ ဒယ်အိုးထဲမှာ ကော်ဖီမှုန့်ထည့်ပြီး ပန်းကန်ဆေးဖော့နဲ့ တိုက်လိုက်ရုံပါပဲ။

၆။ မီးလင်းဖိုကို သန့်စင်ပေးခြင်း

မီးလင်းဖို့ကို သန့်ရှင်းရေးလုပ်ရတာ အလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် ကော်ဖီမှုန့်ရှိရင် အရမ်းအလုပ်မရှုပ်တော့ပါဘူး။ ကော်ဖီမှုန့်က ပြာမှုန့်တွေရဲ့အလေးချိန်ကို ကျသွားစေတာကြောင့် မီးလင်းဖိုကို သန့်ရှင်းရေးလုပ်ရင် နှာချေတာ၊ ချောင်းဆိုးတာ မဖြစ်တော့ပါဘူး။

၇။ ရေခဲတွေကို ဖယ်ရှားရမှာ မချော်အောင် အသုံးပြုနိုင်ခြင်း

နှင်းတွေအရမ်းကျတဲ့နိုင်ငံတွေမှာ ဆောင်းရာသီရောက်တဲ့အခါ အိမ်ရှေ့မှာ နင်းတွေနဲ့ ချော်နေတတ်ပါတယ်။ မချော်အောင်လို့ လမ်းတွေမှာ ဆားဖြူးထားလို့ရသလို ကော်ဖီမှုန့်တွေ ဖြူးထားလို့လည်း ရပါတယ်။

၈။ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးခြင်း

ကော်ဖီမှာ နိုက်ထရိုဂျင်ပါဝင်တာကောင့် အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လက်ကိုင်ပုဝါအဟောင်း၊ ဖိနပ်၊ ဗီရို၊ အံဆွဲတွေမှာ အနံ့အသက်ဆိုးတွေ ကပ်နေတဲ့အခါ ကော်ဖီမှု့န်ကိုသာ ထည့်ထားလိုက်ပါ။ ကော်ဖီမှုန့်က အနံ့အသက်ဆိုးတွေကို စုပ်ယူပေးပါတယ်။

၉။ ကလေးတွေဆော့ဖို့ ကော်ဖီဒိုး

- ကော်ဖီကြမ်းမှုန့်တစ်ခွက်

- ဂျုံနှစ်ခွက်

- ဆားတစ်ခွက်

- ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း

- ရေနွေးတစ်ခွက်တို့ကို ရောနယ်ပါ။ နယ်တဲ့အခါ ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ အဲဒီအခါ ကလေးတွေဆော့လို့ရတဲ့ ကော်ဖီဒိုးလေး ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments