အိမ်သာမသွားဘဲ အချိန်အကြာကြီးအောင့်ထားရင် ရလာမယ့်ဆိုးကျိုးများ

အိမ်သာကို သွားချင်ပေမယ့် သွားလို့မရဘဲ အောင့်ထားရတဲ့အချိန်တွေ သင့်မှာ ရှိဖူးမှာပါ။ အချိန်ကြာကြာ အောင့်ထားတာက အကြိမ်ပေါင်းများစွာ ကြာလာရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေမှာပါ။

ခန္ဓာကိုယ်ထဲကနေ ဘက်တီးရီးယားတွေ၊ အမျှင်ဓာတ်တွေ၊ ရေတွေ၊ အစာချေလို့မရတဲ့အရာတွေကို စွန့်ပစ်ဖို့က အရမ်းကို အရေးကြီးတဲ့အရာပါ။ အချို့လူတွေက တစ်နေ့မှာ အကြိမ်ပေါင်းများစွာ အိမ်သာတက်ပေမယ့် အချို့တွေကတော့ တစ်နေ့ကို တစ်ခါပဲ အိမ်သာကို သွားပါတယ်။

၃ ရက်ကို တစ်ကြိမ်ကနေ ၃ ကြိမ်အထိ အိမ်သာတက်တာက ပုံမှန်ပါပဲ။ တစ်ခါတရံမှာတော့ သင်က အိမ်သာကိုသွားချင်ပေမယ့် မသွားလိုက်ရတာတွေ ရှိမှာပါ။ တစ်ကြိမ်နှစ်ကြိမ်ကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် အကျင့်ပါသွားရင်တော့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။

အချိန်အကြာကြီး အိမ်သာမတက်ဘဲ အောင့်ထားရင် ဘာတွေ ဖြစ်လာနိုင်မလဲ။

- အချိန်ကြာကြာကြီး အောင့်ထားလေလေ အူက ရေတွေကို ပိုပြီး စုပ်ယူလေပါပဲ။ အချိန်အကြာကြီးအောင့်ထားပြီးမှ အိမ်သာတက်ရင် အရမ်းခက်ခဲပါတယ်။

- နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ စအိုမှာ ပက်ကြားအက်ပြီး နာကျင်တာ၊ သွေးထွက်တာကို ခံစားရစေပါတယ်။

- အချိန်အကြာကြီး အောင့်ထားပြီးနောက်မှာတော့ စအိုကြွက်သားတွေက ဆန့်လာပြီး ဘယ်အချိန်မှာ အညစ်အကြေးစွန့်မလဲ ဆိုတာကို နားလည်ရခက်သွားစေပါတယ်။

- ဝမ်းချုပ်တာက အိမ်သာတက်ချင်တာကို ခဏခဏအောင့်ထားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုပါပဲ။

တစ်နေ့ကို ဘယ်နှကြိမ် အပေါ့သွားသင့်လဲ။

တစ်နေ့တာအတွက် ကြိမ်ရေဘယ်လောက် အပေါ့သွားသင့်လဲ ဆိုတာကိုလည်း သင်သိချင်နေမှာပါ။ ဒီမေးခွန်းအတွက် တိကျတဲ့အဖြေ မရှိပါဘူး။ လူအများစုကတော့ တစ်နေ့ကို ၆ ကြိမ်ကနေ ၇ ကြိမ်ခန့် အပေါ့သွားကြပါတယ်။ ၂၄ နာရီတိုင်းမှာ ၄ ကြိမ်ကနေ ၁၀ ကြိမ်အထိ အပေါ့သွားတာက ပုံမှန်ပါပဲ။

ခဏခဏ အပေါ့သွားရတဲ့ အကြောင်းအရင်းတွေကတော့

- အသက်ကြီးခြင်း

- ဆီးအိမ်အရွယ်အစား

- ဆီးချိုရောဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

- ရေသောက်များခြင်း

- ဆီးကို များများသွားစေတဲ့ သောက်‌စရာတွေကို သောက်သုံးခြင်း

- သုံးစွဲတဲ့ ဆေးဝါး စတာတွေပဲ ဖြစ်ပါတယ်။

ဆီးမသွားဘဲ အောင့်ထားရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ။

- အပေါ့သွားချင်တာကို အချိန်အကြာကြီး အောင့်ထားရင် နေထိုင်ရခက်လာပြီး ကျောက်ကပ်နဲ့ ဆီးအိမ်မှာ နာကျင်မှုတွေ ဖြစ်ပေါ်စေမှာပါ။

- အချိန်အကြာကြီး အပေါ့မသွားဘဲနေရင် ကြွက်သွားတွေက တင်းလာပြီး တင်ပါးဆုံရိုး နာကျင်တာလည်း ဖြစ်စေပါတယ်။

- အပေါ့မသွားဘဲ အချိန်ကြာကြာအောင့်ထားရင် ဘက်တီးရီးယားတွေ ပိုပွားလာပြီး ဆီးလမ်းကြောင်းလည်း ပိုးဝင်စေပါတယ်။

- နောက်ထပ်ဆိုးကျိုးကတော့ ဆီးအိမ်ကျယ်လာတာပါ။ ဒါက အန္တရာယ်ရှိပြီး ပုံမှန်အပေါ့မသွားနိုင်တဲ့အထိ ဖြစ်စေပါတယ်။

- အချို့လူတွေကမှာ အချိန်အကြာကြီး အောင့်ထားတဲ့အခါ ကျောက်ကပ်မှာ ကျောက်တွေတည်လာပါတယ်။ ဆီးမှာ ယူရစ်အက်စစ်နဲ့ calcium oxalate ပါဝင်တဲ့အခါမှာလည်း ဆီးကျောက်တည်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments