နေကာမျက်မှန်နဲ့ ကြည့်ကောင်းနေစေဖို့ လျှို့ဝှက်ချက် (၄) ခု

နေကာမျက်မှန်တွေက သင့်မျက်လုံးကို ကာကွယ်ပေးတဲ့အပြင် သင့်ကို ယုံကြည်မှုနဲ့ စတိုင်လ်ကို ပိုတိုးလာစေနိုင်ပါတယ်။ ဒါပေမယ့် သင်ရဲ့အသွင်အပြင်၊ ဝတ်စုံ၊ အခြားဆက်စပ်ပစ္စည်းတွေနှင့် ကိုက်ညီစေဖို့အတွက် စဉ်းစားရမယ့်အချက်တချို့ရှိပါတယ်။

၁။ သင့်ရဲ့ အသားအရေနဲ့ လိုက်ဖက်မယ့် မျက်မှန်ကို ရွေးပါ။

မျက်မှန်ရွေးတဲ့အခါမှာ အသားအရေနဲ့လိုက်တဲ့ မျက်မှန်ကိုင်းကို ရွေးတာအကောင်းဆုံးပါပဲ။ ဘယ်လိုရွေးရမလဲ ဆိုရင်တော့

အသားဖြူသူ

နေလောင်ခံရလွယ်ပြီး သင့်သွေးပြန်ကြောတွေက အစိမ်းရောင်ထက် အပြာရောင်ဖြစ်နေရင်တော့ သင့်မှာ ဖြူတဲ့အသားအရေ ရှိပါတယ်။ ဒါကြောင့် သင့်အတွက် ခရမ်းရောင်၊ အပြာ၊ ပန်းရောင်၊ အစိမ်း သို့မဟုတ် ငွေရောင်ကိုင်းတွေကို ရွေးချယ်ပါ။ တစ်ချိန်တည်းမှာပဲ သင့်မျက်လုံးနဲ့ လိုက်ဖက်မယ့် ပန်းရောင်၊ အပြာနှင့် ငွေရောင် မျက်ကပ်မှန်တွေကို ရွေးချယ်လည်း ရွေးချယ်နိုင်ပါတယ်။

ညိုတဲ့အသားအရေ

သင့်အသားအရေက ညိုနေပြီး အနက်ရောင် ဒါမှမဟုတ် အညိုရောင် မျက်လုံးများရှိရင်၊ အပြာရောင်အစား သင့်သွေးပြန်ကြောတွေက အစိမ်းရင့်ရောင်ဖြစ်နေရင် သင့်မှာ ညိုတဲ့အသားအရေ ရှိပါတယ်။ ဒါကြောင့် သင့်အတွက် အညိုရောင်၊ အဝါနုရောင်၊ အနီရောင်၊ အဝါရောင်၊ ရွှေရောင် ဒါမှမဟုတ် လိမ္မော်ရောင်ကိုင်းတွေကို ရွေးချယ်ပါ။ မျက်ကပ်မှန်တွေအတွက် အညိုရောင် သို့မဟုတ် မီးတောက်အရောင်တွေကို စမ်းကြည့်ပါ။

တကယ်လို့ သင်ကနှစ်မျိုးလုံးရဲ့ ကြားထဲမှာ ရောက်နေတယ်ဆိုရင်တော့ သင့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

၂။ ဆံပင်အရောင်

နေကာမျက်မှန်ကို ရွေးချယ်တဲ့အခါ သင့်ဆံပင်အရောင်ကလည်း အရေးပါပါတယ်။

ရွှေဝါရောင်ဆံပင်

သင့်ရဲ့ ဆံပင်အရောင်က ရွှေဝါရောင်ဘက်ကို ကူးတယ်ဆိုရင်တော့ နေကာမျက်မှန်အသစ်ဝယ်တဲ့အခါ အညိုရောင်က အကောင်းဆုံးရွေးချယ်မှုပါ။

ရွှေဝါရောင်အဖျော့

ဆံပင်က ရွှေဝါရောင်အဖျော့ဆိုရင်တော့ အပြာ၊ အနက်၊ ခရမ်းရောင်နှင့် ပန်းရောင်အနုတို့ကို ရွေးသင့်ပါတယ်။

အညိုအရင့်

သင့်ဆံပင်အရောင်က အညိုအရင့်ဖြစ်နေတယ်ဆိုရင်တော့ အစိမ်း၊ ရွှေရောင် နှင့် အနီရောင်တို့နဲ့ လိုက်ဖက်ပါတယ်။

အညိုအဖျော့

သင့်မှာ အညိုအဖျော့ဆံပင်ရှိရင် အနက်ရောင်၊ ပန်းရောင် သို့မဟုတ် အပြာရောင် နေကာမျက်မှန်ကို ရွေးချယ်ပါ။ အဝါနုရောင်မျက်မှန်ကလည်း သင့်ဆံပင်အရောင်နှင့်လည်း လိုက်ဖက်နိုင်ပါတယ်။

အနီရောင်ဆံပင်

ဆံပင်က အနီရောင်ဖြစ်တယ်ဆိုရင်တော့ အစိမ်းရောင်နေကာမျက်မှန် ဒါမှမဟုတ် ဘောင်ကို တပ်သင့်ပါတယ်။ သင့်ရဲ့ ချောမောလှပမှုကို ပိုပြီး ထင်ပေါ်စေပါတယ်။

အနက်ရောင်ဆံပင်

အနက်ရောင်ဆိုရင်တော့ ခရမ်းရောင်၊ အနက်ရောင်၊ အနီရောင် ဒါမှမဟုတ် အစိမ်းရောင်နေကာမျက်မှန်တို့က ပိုလိုက်ဖက်ပါတယ်။

အဖြူရောင်နှင့် မီးခိုးရောင်

သင့်မှာ ဒီဆံပင်အရောင်တွေ ရှိရင်တော့ အနီရောင် သို့မဟုတ် ခရမ်းရောင် နေကာမျက်မှန်ကို ရွေးချယ်ပါ။

၃။ ဝတ်စုံနဲ့ လိုက်မယ့် မျက်မှန်ကို ရွေးပါ။

နေကာမျက်မှန်ကို ရွေးချယ်တဲ့အခါဖက်ရှင်စတိုင်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

ပရော်ဖက်ရှင်နယ်

သင့်ဝတ်စုံက စကတ်အတိုနဲ့ဆိုရင်တော့ wayfarers၊ စတုဂံပုံစံတွေ၊ အလတ်စား ဒါမှမဟုတ် သေးငယ်တဲ့ စတုရန်းပုံစံ မျက်မှန်တွေကို ရွေးချယ်ပါ။ ခေတ်မီတဲ့ ပရော်ဖက်ရှင်နယ် ဝတ်စုတွေကို နှစ်သက်ရင်တော့ cat-eye၊ အရွယ်အစားကြီးတဲ့ စတုရန်းဘောင်ပုံစံတွေကို ရွေးချယ်ပါ။

ဂါဝန်

သင်က ဂါဝန်နဲ့ အပြင်ထွက်ရတာကြိုက်ပြီး မျက်မှန်လည်း တပ်ချင်တယ်ဆိုရင်တော့ မျက်မှန်အဝိုင်းကို တပ်သင့်ပါတယ်။

လူငယ်စတိုင်

ဂျင်းဘောင်းဘီတေံ၊ အထဲကအင်္ကျီအတိုနဲ့ အပေါ်က ဂျာကင်အတိုကို ဝတ်မယ်ဆိုရင်တော့ လေးထောင့်ဆန်တဲ့ မျက်မှန်တွေ၊ ဘောင်အကြည်တွေကို ရွေးသင့်ပါတယ်။

အမျိုးသမီးဆန်ဆန်ပုံစံ

ဒီလို အဝတ်အစားမျိုးအတွက် cat-eye၊ အရွယ်အစားကြီးတဲ့ စတုရန်းပုံစံလိုမျိုး အမျိုးသမီးနေကာမျက်မှန်ဘောင်တွေကို ရွေးချယ်ပါ။

ခေတ်ဟောင်း

သင့်ဝတ်စုံက ခေတ်ဟောင်းအပိုင်းအစပုံစံမျိုးဆိုရင်တော့ အဝိုင်း ဒါမှမဟုတ် ကြောင်မျက်လုံးပုံစံမျိုး ခေတ်ဟောင်းဘောင်တွေကို တပ်ကြည့်ပါ။

ပေါ့ပေါ့ပါးပါးပုံစံ ဒီလိုသက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ကြိုက်ရင်တော့ စတုရန်းဘောင်တွေ၊ လေးထောင့်ဆန်ဆန်နဲ့ ခေတ်မီပြီး သိမ်မွေ့တဲ့ စတိုင်တွေကို ရွေးချယ်ပါ။

အားလပ်ရက်စတိုင်

ဒီလိုဝတ်စုံတွေအတွက် အရွယ်အစားကြီးပြီး အဝိုင်းဖြစ်တဲ့ ရောင်စုံ၊ စတုရန်းပုံ ဒါမှမဟုတ် ကြေးမုံပုံစံ မျက်မှန်ကို တပ်ပါ။

၄။ အသုံးအဆောင်တွေနဲ့ လိုက်ဖက်မယ့် မျက်မှန်ကိုရွေးပါ။

နောက်ဆုံးအနေနဲ့ သင့်လက်ဝတ်ရတနာတွေနဲ့ လိုက်ဖက်နိုင်မယ့် မျက်မှန်ကိုရွေးချယ်သင့်ပါတယ်။ သင့်နေကာမျက်မှန်ကလည်း သင့်အတွက် အရေးကြီးဆုံး ဆက်စပ်ပစ္စည်းဖြစ်တာကြောင့် မျက်မှန်ပေါ်မူတည်ပြီး ကျန်တဲ့အသုံးအဆောင်တွေကို ရွေးသင့်ပါတယ်။

 ဥပမာအားဖြင့် သင့်နေကာမျက်မှန်က အနက်ရောင်ဘောင်ဖြစ်တယ် ဆိုရင်တော့ နာရီကိုအမဲရောင်ပါတဲ့ ကြိုးနဲ့ ပတ်ပါ။ သင့်နေကာမျက်မှန်မှာ ပန်းရောင်နည်းနည်းပါရင် အပြာရောင် လည်ဆွဲ ဒါမှမဟုတ် နားကပ်ကို ဝတ်ပါ။ ရွှေရောင်ဝတ်ရင် အစိမ်းရောင်နဲ့ တွဲဝတ်ပါ။ အဝါရောင်နှင့် လိမ္မော်ရောင်လိုမျိုး အရောင်တွေက အညိုရောင်ဘောင်တွေနှင့် အလွန်အဆင်ပြေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments