Hair salon ကို သွားစရာမလိုဘဲ ဆံပင်ကို လှပနေစေမယ့် နည်းလမ်း (၁၀) ခု

ထူထဲနက်မှောင်လှပတဲ့ဆံပင်ကို မိန်းကလေးတိုင်း သဘောကျကြပါတယ်။ လှပတဲ့ဆံပင်ကိုရဖို့အတွက် အချိန်တွေအများကြီး ပေးရပါတယ်။ ဒါပေမယ့် တိကျသေချာတဲ့ နည်းလမ်းတွေကို သိထားရင် လှပတဲ့ရလဒ်ကို ရရှိဖို့ အချိန်နည်းနည်းပဲ လိုတော့မှာပါ။

၁။ ဆံပင်လိမ်းဆီ

ဆံပင်ကို အမြဲတမ်းတောက်ပ လှပနေဖို့ဆိုရင် ဆီလိမ်းပေးဖို့တော့ လိုအပ်ပါတယ်။ ဆံသားအတွက် ဆီကိုလိမ်းတဲ့အခါ အရင်းကို တိုက်ရိုက်မလိမ်းသင့်ပါဘူး။ ဆံပင်အရင်းကို တိုက်ရိုက်လိမ်းလိုက်ရင် ဆံပင်က ပိုထူလာပါတယ်။ ဆံပင်အဖျားပိုင်းကို လိမ်းရင်ရပါတယ်။ ဆံပင်ကို ဆီလိမ်းဖို့ အကောင်းဆုံးအချိန်ကတော့ ခေါင်းမလျှော်ခင်အချိန်ပါ။

၂။ Conditioner

Conditioner ကိုအသုံးပြုတဲ့အခါ ဦးရေပြားအထိ မလိမ်းသင့်ပါဘူး။ ဆံပင်အဖျားပိုင်းလေးကို လိမ်းပေးရင် လုံလောက်ပါပြီ။ Conditioner ကို အသုံးပြုပြီးရင်တော့ ဆံပင်ကို သေသေချာချာရေနဲ့ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

၃။ ခေါင်းစည်းကြိုး

ဆံပင်ရှည်သူတွေအတွက် ခေါင်းစည်းကြိုးကို သေသေချာချာ ရွေးချယ်တာက ဆံပင်ကို အထူးဂရုစိုက်တာပါပဲ။ ပလက်စတစ်အမျိုးအစားခေါင်းစည်းကြိုးတွေအစား ချည်သားခေါင်းစည်းကြိုးတွေက ပိုပြီးကောင်းမွန်ပါတယ်။ ပိုးသားနဲ့ချုပ်လုပ်ထားတဲ့ ခေါင်းစည်းကြိုးတွေကတော့ အကောင်းဆုံးပါပဲ။

၄။ ရေချိုးဦးထုပ်

ရေကူးကန်ထဲမှာ ရေကူးမယ်ဆိုရင် ရေချိုးဦးထုပ်ဆောင်းဖို့ မမေ့ပါနဲ့နော်။ ရေကူးကန်ထဲမှာ ကလိုရင်းတွေ အများကြီးပါတာကြောင့် ဆံပင်အတွက် မကောင်းပါဘူး။

၅။ SPF ပါဝင်သောပစ္စည်းများ

နွေရာသီလို ကာလတွေမှာ အပြင်သွားတဲ့အခါ ဆံပင်အတွက် SPF ပါဝင်တဲ့ပစ္စည်းတွေကို ပိုပြီးရွေးချယ်သင့်ပါတယ်။ SPF ပါဝင်နေတာကြောင့် နေရောင်ခြည်ဒဏ်တွေကနေလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒါ့အပြင် အပြင်သွားတဲ့အခါ ထီး သို့မဟုတ် ဦးထုပ်ကိုလည်း ဆောင်းသင့်ပါတယ်။

၆။ အသွားကြဲသော ခေါင်းဘီး

ဆံပင်ရေစိုနေချိန်မှာ အသွားကြဲတဲ့ ခေါင်းဘီးနဲ့ ဖြီးပါ။ ဆံပင်က ရေစိုနေချိန်မှာ အားနည်းတာကြောင့် ပိုပြီး ထိခိုက်လွယ်ပါတယ်။ အသွားကြဲတဲ့ခေါင်းဘီးက ဆံပင်ရေစိုနေချိန်မှာ ဆံသားရှုပ်ထွေးသွားတာတွေကို မဖြစ်စေပါဘူး။

၇။ တဘက်

ဆံပင်လှပဖို့အတွက် တဘက်ကလည်း အရေးပါပါတယ်။ ဆံပင်ရေစိုနေချိန်မှာ သာမန်တဘက်နဲ့သုတ်ရင် ဆံပင်တွေ ပိုပြီးငြိပါတယ်။ အဲဒါကြောင့် ဆံပင်အတွက် အနူးညံ့ဆုံး တဘက်သားကိုသာ ရွေးချယ်ပါ။ ဆံပင်ကို တဘက်နဲ့ မပွတ်ဘဲ အရင်းကနေ အဖျားအထိ ဖြည်းဖြည်းချင်းသုတ်ချပါ။

၈။ လေမှုတ်စက်

ဆံပင်ကို သဘာဝအတိုင်း အနည်းငယ် အခြောက်ခံပြီးမှ လေမှုတ်စက်ကို အသုံးပြုပါ။ လေမှုတ်စက်ကို အသုံးပြုတော့မယ်ဆိုရင် နော်ဇယ်ကိုထည့်သုံးဖို့လည်း မမေ့ပါနဲ့နော်။ နော်ဇယ်ကို တပ်ပြီးမှ ဆံပင်ကို လေမှုတ်တာက ဆံပင်ရှုပ်တာ၊ ပွတာ၊ ငြိတာတွေကို နည်းသွားစေပါတယ်။

၉။ ဆံပင်ကို အပူဒဏ်ကနေ ကာကွယ်ခြင်း

အပြင်သွားတော့မယ်ဆိုရင် ဆံပင်ကို အပူဒဏ်ကနေ ကာကွယ်ပေးတဲ့ ဖျန်းဆေးကိုလည်း သုံးသင့်ပါတယ်။ အပူဒဏ်ကနေ ကာကွယ်ပေးတဲ့ ဖျန်းဆေးက ဆံပင်ကို ပုံသွင်းပြီးသားလည်း ဖြစ်စေသလို ဆံပင်အဖျားတွေ နှစ်ခွဖြစ်တာကိုလည်း နည်းသွားစေပါတယ်။

၁၀။ ခေါင်းဖြီး

ခေါင်းဖြီးတဲ့အခါ ဆံသားတွေ မရှုပ်စေဖို့ အကောင်းဆုံး ခေါင်းဖြီးနည်းကတော့ ဆံပင်အဖျားကနေ စပြီး ဖြည်းဖြည်းချင်း အရင်းထိရောက်အောင် ဖြီးသွားတာပါ။ ဆံပင်ထူသူ၊ ဆံပင်ကောက်သူတွေဆိုရင် ဒီနည်းက ပိုပြီးအသုံးဝင်ပါတယ်။ ဆံပင်မငြိဖို့အတွက် ခေါင်းဖြီးကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့နော်။

Zombie (lovemedia)

Post a Comment

0 Comments