ညဘက်အိပ်စက်တဲ့အခါ ညာဘက်ကို စောင်းပြီးမအိပ်သင့်တဲ့ အကြောင်းအရင်း (၄) ခု

အချို့တွေက ဘယ်ဘက်ကို စောင်းအိပ်တာကို အားသန်ပြီးတော့ အချို့တွေကတော့ ညာဘက်ကို စောင်းအိပ်တာကို ပိုသဘောကျကြပါတယ်။ ညာဘက်ကို စောင်းအိပ်တာက နှလုံးကျန်းမာရေးအတွက် ကောင်းပေမယ့် အခြားကျန်းမာရေးတွေအတွက်တော့ မကောင်းပါဘူး။

၁။ ရင်ပူသလို ခံစားရခြင်း

ညဘက်အိပ်တဲ့အခါ ရင်ပူသလို ခံစားရလို့ အဝတ်အစားကို ချောင်ချောင်ချောင်ချိချိ ဝတ်ပေမယ့် မထူးခြားလာဘူးလို့ သင်ထင်မိနေပါလိမ့်မယ်။

တကယ်တော့ ညာဘက်ကို စောင်းအိပ်တာက ရင်ပူသလို ခံစားရစေပါတယ်။ အဲဒါကို ဖြေရှင်းနိုင်မယ့် အလွယ်ဆုံးနည်းလမ်းကတော့ ဘယ်ဘက်ကို စောင်းအိပ်လိုက်တာပါပဲ။

၂။ သွေးလည်ပတ်မှုကို ထိခိုက်စေခြင်း

ကောင်းမွန်တဲ့ သွေးလည်ပတ်မှုရှိခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အရေးပါပါတယ်။ ညာဘက်မှာ စောင်းအိပ်ပါများတဲ့အခါ သွေးကြောလေးတွေအတွက် ဖိအားတွေ ဖြစ်လာပါတယ်။

ဘယ်ဘက်ကို စောင်းအိပ်တဲ့အခါမှာတော့ သွေးလည်ပတ်မှုက ပိုကောင်းလာပြီး သွေးကြောထုံးတာတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၃။ သန္ဓေသားအတွက် အဆင်မပြေဖြစ်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လရင့်လာတာနဲ့အမျှ ညဘက် အိပ်စက်တာက ခက်ခဲလာပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက ညာဘက်ကို စောင်းအိပ်ရင် နှလုံးဆီကို သွေးစီးဆင်းမှု နည်းသွားပြီး ကလေးအတွက်ပါ နေရထိုင်ရအဆင်မပြေ ဖြစ်စေပါတယ်။

၄။ အသည်းကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေခြင်း

အသည်းက ခန္ဓာကိုယ်ရဲ့ညာဘက်မှာ ရှိတာကြောင့် ညာဘက်ကို စောင်းအိပ်ရင် အသည်းမှာ ဖိအားတွေ ပိုဖြစ်လာပါတယ်။ အဲဒါကြောင့် ဘယ်ဘက်ကို စောင်းအိပ်တာက အသည်းကျန်းမာရေးကို စောင့်ရှောက်ပြီးသား ဖြစ်စေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments