ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်အရမ်းတိုးမလာအောင် ထိန်းသိမ်းနိုင်မယ့်နည်းလမ်း (၆) ခု

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်းဝလာရင်တော့ ဆီးချိုရောဂါ ဖြစ်လာစေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရမ်းဝမလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အမြဲတမ်းထိုင်နေတာကို ရှောင်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အမြဲတမ်းထိုင်နေရင် ရှိသင့်တဲ့ အလေးချိန်ထက် ပိုပြီး တိုးလာမှာပါ။ ကလေးမွေးဖွားပြီးတဲ့အချိန်မှာလည်း ခန္ဓာကိုယ်က ဝပြီး ကျန်နေခဲ့ရင် ကိုယ်အလေးချိန်ချတဲ့အခါ ပိုပြီးခက်ခဲနေမှာပါ။

အမြဲတမ်းထိုင်နေတာက ကျန်းမာရေးအတွက် မညီညွတ်တာကြောင့် ပေါ့ပေါ့ပါးပါး လမ်းလျှောက်တဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။

၂။ ရေများများသောက်ပါ။

ရေများများသောက်တာက တစ်ကိုယ်လုံးရဲ့ကျန်းမာရေးကို အကျိုးပြုရုံမက ကိုယ်အလေးချိန်ကို ထိန်းပြီးသားပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝအောင်နေတာက အချင်းဖြစ်ပေါ်လာစေဖို့ အများကြီးအကူအညီ ဖြစ်စေပါတယ်။

၃။ နှစ်ယောက်စာလို့တွေးပြီး စားတဲ့အကျင့်ကို ရှောင်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ များများစားပေးဖို့လိုပေမယ့် ကယ်လိုရီတွေကို နှစ်ဆတိုးအောင်တော့ မစားသင့်ပါဘူး။ ကလေးအတွက်ပါ ထည့်စဉ်းစားပြီး နှစ်ဆစားလိုက်ရင် ကိုယ်အလေးချိန်က အရမ်းကို တိုးလာမှာပါ။

တကယ်တော့ ကိုယ်ဝန်ဆောင်ချိန်ဒုတိယကာလမှာ စားနေကျ ကယ်လိုရီထက် ၃၀၀ ကယ်လိုရီလောက် ပိုစားပေးရင် လုံလောက်ပါပြီ။

၄။ နေ့လယ်စာကို များများစားပါ။

ကိုယ်ဝန်ဆောင်မိခင်တွေက ပင်ပန်းတာကြောင့် ညဘက်မှာ ပိုပြီး ဗိုက်ဆာတတ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ ကိုယ်အလေးချိန်တွေ တိုးမလာစေဖို့အတွက် နေ့လယ်စာကိုသာ များများစားပါ။ အာဟာရပြည့်ဝပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် ညစာက ကိုယ်အလေးချိန်ကို ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။

၅။ လှုပ်လှုပ်ရှားရှားနေထိုင်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ချိန်လုံး ထိုင်နေတာမျိုးက ကလေးရဲ့ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ပေါ့ပါးတဲ့ ယောဂလေ့ကျင့်ခန်းအချို့၊ အသက်ရှူလေ့ကျင့်ခန်းတွေက စိတ်ကိုကြည်လင်စေတဲ့အပြင် ကိုယ်အလေးချိန် တိုးမလာစေဖို့ပါ အကူအညီဖြစ်စေပါတယ်။

၆။ သကြားများတဲ့သောက်စရာတွေကို ရှောင်ပါ။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အသင့်စားအစားအစာတွေနဲ့ သကြားများတဲ့ သောက်စရာတွေက ကျန်းမာရေးအတွက် အကျိုးမရှိစေပါဘူး။

အာဟာရတန်ဖိုးနည်းတဲ့ သောက်စရာတွေမှာ ကယ်လိုရီတွေပဲ ပိုများပါတယ်။ သကြားများတဲ့သောက်စရာတွေကို ခဏခဏသောက်တဲ့အခါ ဆီးချိုရောဂါနဲ့ အဝလွန်တာကိုပါ ကြုံတွေ့လာရနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments