သွားစရာတွေ ရှိတဲ့အခါ ဝက်ခြံတွေကို အလျင်မြန်ဆုံးပျောက်ကင်းစေမယ့် နည်းလမ်း (၇) ခု

သွားစရာ၊ လာစရာရှိတဲ့အခါ၊ ပွဲတွေတက်စရာရှိတဲ့အခါ ဝက်ခြံတွေက အလိုက်မသိဘဲ ပေါက်လာတတ်ပါတယ်။ အဲဒီလိုအခိုက်အတန့်တွေရှိလာရင် စိတ်ပူစရာမလိုတော့ပါဘူး။ ဝက်ခြံတွေကို လျင်လျင်မြန်မြန်ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ငှက်ပျောသီး၊ မုန့်ဖုတ်ဆိုဒါ၊ သံပုရာသီး

ငှက်ပျောသီးကို ခက်ရင်းနဲ့ချေပြီး သံပုရာသီးအလုံးတစ်ဝက်ကို ညှစ်ထည့်ပါ။ အဲဒီနောက် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ဇွန်းထပ်ထည့်ပါ။ အားလုံးကို နှံ့သွားအောင် မွှေလိုက်ပြီး ဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။ မိနစ်၂၀ ခန့်ထားပြီးရင် မျက်နှာသစ်လိုက်လို့ရပါပြီ။

၂။ သွားတိုက်ဆေး

သွားတိုက်ဆေးကို ဝက်ခြံပေါက်တဲ့နေရာမှာ လိမ်းထားပီး တစ်ညထားလိုက်ပါ။ မနက်မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို ရေဓာတ်ဖြည့်ခင်ရင်မ်တစ်ခု လိမ်းပါ။

နောက်တစ်နည်းကတော့ သွားတိုက်ဆေးနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရောပြီး ဝက်ခြံပေါက်တဲ့နေရာမှာ လိမ်းလိုက်ပါ။ တစ်ညထားပြီး ပုံမှန်အတိုင်း မျက်နှာသစ်လိုက်ရုံပါပဲ။

၃။ နနွင်းနဲ့ လက်ဖက်ဆီ

ဟိုတစ်နေရာ သည်တစ်နေရာထွက်နေတဲ့ဝက်ခြံတွေကို မြန်မြန်ပျောက်စေဖို့အတွက် နနွင်းမှုန့်ကို ရေအနည်းငယ်နဲ့ ရောပြီး လက်ဖက်ဆီ ၄ စက်ခန့် ထည့်ပါ။ သမအောင်မွှေပြီးနောက် ဝက်ခြံပေါက်တဲ့နေရာမှာ လိမ်းထားပါ။ တစ်ညခန့်ထားပြီးနောက် မနက်ကျရင် ရေဆေးချလိုက်လို့ရပါပြီ။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဝက်ခြံတွေ အများကြီးပေါက်နေတဲ့အခါ နနွင်းကို mask ပုံစံအသုံးပြုပါ။ နနွင်း၊ ရွှံ့အဖြူ၊ ဒိန်ချဉ်၊ ပျားရည်တို့ကို ရောပြီး မျက်နှာမှာ mask အဖြစ်ကပ်ထားပါ။ ၁၅ မိနစ်ခန့် ကြာပြီးရင် မျက်နှာသစ်လိုက်လို့ရပါပြီ။

၄။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူတစ်မွှာကို အလယ်ကနေ ပိုင်းဖြတ်လိုက်ပြီး မျက်နှာမှာလိမ်းပေးပါ။ လိမ်းပေးပြီး ၁၀ မိနစ်ခန့်ကြာထားပြီးနောက် မျက်နှာသစ်လိုက်လို့ရပါပြီ။ အဲဒီနောက် မျက်နှာကို ရေဓာတ်ဖြည့်ခရင်မ်တစ်ခု လိမ်းပေးပါ။

၅။ ကလေးပေါင်ဒါနဲ့ ရေ

ကလေးပေါင်ဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ရေအနည်းငယ်ကို ရေပြီး ပျစ်အောင် မွှေပါ။ ရလာတဲ့အခါမှာတော့ ဝက်ခြံပေါက်နေတဲ့နေရာတွေကို လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီးနောက်မှာတော့ မျက်နှာကို ရေဆေးချလိုက်ပါ။

၆။ သံပုရာသီးနဲ့ ရှားစောင်းလက်ပတ်

သံပုရာရည်အနည်းငယ်နဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်တို့ကို ရောမွှေပြီး ရေခဲတုံးလေးတွေဖြစ်လာအောင် အအေးခံပါ။ ရှားစောင်းလက်ပတ်က အသားအရေနာကျင်တာကို သက်သာစေပါတယ်။ သံပုရာသီးကတော့ ဝက်ခြံရဲ့အရွယ်အစားကို လျော့ပါးစေပါတယ်။ ရေခဲတုံးလေးတွေ ရလာရင် ဝက်ခြံရှိတဲ့နေရာတွေကို ပွတ်ပေးပါ။

၇။ လက်ဖက်စိမ်း၊ ရှားစောင်းလက်ပတ်နဲ့ အုန်းဆီ

ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ လက်ဖက်စိမ်းရွက်အနည်းငယ်တို့ကို ရောမွှေပြီး ဝက်ခြံပေါက်တဲ့နေရာတွေမှာ လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ထားပြီးနောက် မျက်နှာသစ်လိုက်ပါ။ လက်ဖက်စိမ်း maskက အသားအရေ ထိလွယ်ရှလွယ်သူတွေအတွက်လည်း သင့်တော်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments