ကျန်းမာပြီး ကိုယ်အလေးချိန်ကျစေဖို့ တစ်နေ့ကို ခြေလှမ်းပေါင်းဘယ်လောက် လမ်းလျှောက်သင့်လဲ

အရွယ်ရောက်ပြီးသူတွေအတွက် အမြဲကျန်းမာနေစေဖို့ တစ်နေ့ကို ခြေလှမ်းတစ်သောင်း လမ်းလျှောက်သင့်တယ်လို့ ကျွမ်းကျင်သူတွေ အကြံပြုကြပါတယ်။

တစ်နေ့ကို ခြေလှမ်းတစ်သောင်း လမ်းလျှောက်ရမယ် ဆိုတာက ၁၉၆၅ ခုနှစ်တုန်းက ဂျပန်နိုင်ငံက Manpo-Kei pedometer ကို အစွဲပြုပြီးတော့ ဖြစ်ပေါ်လာပါတယ်။ Manpo-Kei pedometer ကို ဘာသာပြန်ကြည့်လိုက်ရင် ခြေလှမ်းပေါင်း တစ်သောင်း လို့ အဓိပ္ပါယ်ရပါတယ်။

တစ်နေ့ကို ခြေလှမ်းပေါင်းတစ်သောင်း လှမ်းလျှောက်ရမယ် ဆိုတာက မလွယ်ကူပါဘူး။

ခြေလှမ်းပေါင်း တစ်သောင်းက ၅ မိုင်နဲ့ ညီမျှတူနီးပါး ရှိပါတယ်။ တစ်နေ့ကို ခြေလှမ်းပေါင်းတစ်သောင်း လှမ်းလျှောက်ရင်တော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော တိုးတက်လာစေမှာပါ။ ဒါပေမယ့် အချိန်မရတဲ့သူတွေအတွက်တော့ တစ်နေ့ကို ခြေလှမ်းပေါင်း တစ်သောင်းရဖို့က ခက်ခဲနေမှာပါ။

ဒါပေမယ့် သင့်အတွက် ရွေးချယ်စရာတွေ ရှိပါတယ်။

အသက်ကြီးတဲ့ အမျိုးသမီးတွေအတွက် တစ်နေ့ကို ခြေလှမ်းပေါင်း ၄၄၀၀ လမ်းလျှောက်တာက ကျန်းမာရေးကိုအထောက်အကူပြုကြောင်း တွေ့ရပါတယ်။

တစ်နေ့ကို ခြေလှမ်းပေါင်း ၇၅၀၀ လောက် လမ်းလျှောက်နိုင်ရင်တောင် ကျန်းမာရေးအတွက် ကောင်းစေတဲ့အပြင် ကိုယ်အလေးချိန်ကိုပါ ထိန်းပြီးသားဖြစ်စေပါတယ်။

တစ်နေ့ကို ခြေလှမ်းပေါင်း ဘယ်လောက်ရအောင် လမ်းလျှောက်သင့်လဲ။

သင်က တစ်နေ့ကို ခြေလှမ်းပေါင်း ၅၀၀၀ ခန့်သာ လမ်းလျှောက်သူဆိုရင် လှုပ်ရှားမှုနည်းသူပါ။ တစ်နေ့ကို ခြေလှမ်းပေါင်း ၇၅၀၀ ကနေ ၉၉၉၉ အထိ လမ်းလျှောက်ရင်တော့ ပုံမှန်လှုပ်ရှားသူပါ။ တစ်ရက်ကို ခြေလှမ်းပေါင်း ၁၂၅၀၀ အထိရောက်အောင် လမ်းလျှောက်သူဆိုရင်တော့ အရမ်းကို တက်ကြွသူပါ။

သင့်ရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေပေါ်မူတည်ပြီး လမ်းလျှောက်တာကို လိုတိုးပိုလျှော့ပြုလုပ်လို့ ရပါတယ်။ သင်က ကျန်းမာရေး လှပလိုတဲ့အတွက် လမ်းလျှာက်ချင်တယ် ဆိုရင်တော့ တစ်နေ့ကို ခြေလှမ်းပေါင်း ၇၅၀၀ ထက်ပိုပြီး လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်တာအပြင် ပြုလုပ်နိုင်တဲ့အရာများ

- အကြိုက်ဆုံးသီချင်းနဲ့ ကပါ။

- လမ်းလျှောက်သွားလို့ရတဲ့ နေရာတွေကို လမ်းလျှောက်သွားပါ။

- ဓာတ်လှေကားအစား ရိုးရိုးလှေကားကို အသုံးပါ။

- လမ်းလျှောက်ဖို့ အချိန်မရှိရင် အိမ်ထဲမှာပဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပါ။

- ဈေးသွားဝယ်တဲ့အခါမှာ လမ်းလျှောက်ပြီးသွားဝယ်ပါ။

- ဖုန်းပြောတဲ့အခါ ထိုင်မပြောဘဲ လမ်းလျှာက်ပြီး ပြောပါ။

Zombie (lovemedia)

Post a Comment

0 Comments