မိုးရာသီမှာ ခြင်ကိုက်မခံရအောင် ကာကွယ်နိုင်မယ့်နည်းလမ်းများ

မိုးရာသီကို ရောက်လာတဲ့အခါ ခြင်တွေက ပိုပြီး ပေါများလာပါတယ်။ ခြင်ကိုက်ရတဲ့အခါ အခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ခြင်အကိုက်ခံရဆုံးလူများ

လူနှစ်ယောက်အတူတူထိုင်နေရင်တောင် လူတစ်ယောက်တည်းက ကွက်ပြီး ခြင်တွေ အရမ်းကိုက်ခံရပါတယ်။ မိမိတစ်ယောက်တည်းပဲ ကွက်ပြီး အများဆုံးခြင်ကိုက်ခံရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။

- အိုသွေးပိုင်ရှင်တွေကို ခြင်ပိုကိုက်ပါတယ်။

- အပူ၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ လက်တစ်အက်စစ်ရှိတဲ့ နေရာတွေမှာ ခြင်ပိုကိုက်ပါတယ်။ အဲဒါကြောင့် လေ့ကျင့်ခန်း လုပ်ထားပြီးတဲ့သူတွေဆိုရင် ခြင်တွေ ဝိုင်းနေတာပါ။

- ကိုယ်ဝန်ဆောင်မိခင်တွေက အခြားသူတွေထက် နှစ်ဆပိုပြီး ခြင်ကိုက်ခံရပတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ခန္ဓာကိုယ်က အပူတွေကို ပိုပြီး ထုတ်လွှတ်ပြီး ရှူထုတ်လိုက်တဲ့လေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ပိုများလို့ပါ။

- ကိုယ်သင်းနံ့ကွဲပြားမှုကြောင့်လည်း ခြင်ပိုကိုက်ပါတယ်။

အနက်ရောင်၊ မှောင်မှိုင်းတဲ့အရောင်တွေ ဝတ်ဆင်ထားရင်လည်း ခြင်တွေက ပိုသဘောကျပါတယ်။

ကလေးတွေကို ခြင်ကိုက်မခံရစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းများ

- ကလေးတွေကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ပေးပါ။

- ခြင်လုံဇကာကို အသုံးပြုပါ။

- ခြင်ဆေးခွေကို အသုံးပြုတဲ့အခါ ကလေးတွေရဲ့ လက်၊ ပါးစပ်၊ မျက်လုံး၊ မျက်နှာတို့နဲ့ မထိတွေ့အောင်လို့ သတိပြုပါ။

- အသက် ၃ နှစ်အောက် ကလေးတွေရှိတယ်ဆိုရင် ခြင်ဆေးခွေ အထူးသဖြင့် ယူကလစ်ဆီပါတဲ့ ခြင်ဆေးခွေ၊ ခြင်ဖျန်းဆေးတို့ကို ရှောင်သင့်ပါတယ်။

သင်ကိုယ်တိုင် ခြင်ကိုက်မခံရအောင်

- အိမ်အနီးအနားက ခြင်အောင်းနိုင်တဲ့ ဘူးခွံ၊ ပုံးခွံ၊ ချိုင့်ခွက်တွေကို ဖယ်ရှားပါ။ ရေကန်ရှိတယ်ဆိုရင် ခြင်ဥတွေ မပွားနိုင်အောင် ငါးမွေးထားပါ။

- အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ပါ။

- အပြင်သွားတော့မယ်ဆိုရင် အရောင်နုတဲ့အဝတ်အစားတွေကို ရွေးချယ်ပါ။

- ပြူတင်းပေါက်၊ တံခါးပေါက်တို့မှာ ခြင်လုံဇကာတပ်ဆင်ပါ။

- အဝတ်အစားတွေကို ခြင်နိုင်ဆေးဖျန်းပါ။ Permethrin ဝ.၅ ရာခိုင်နှုန်းကို အဝတ်အစား၊ ဖိနပ်၊ မိုးကာတဲ၊ ကျောပိုးအိတ်တွေမှာ ဖျန်းလို့ရပါတယ်။ အဝတ်အစားလျှော်ပြီးသွားရင်တောင် အာနိသင်က ကျန်သေးတာကြောင့် ခြင်မကိုက်နိုင်ပါဘူး။ ဒါပေမယ့် Permethrin ကို အရေပြားနဲ့ တိုက်ရိုက်မထိတွေ့အောင် သတိပြုပါ။

- အရေပြားမှာ ခြင်မကိုက်စေတဲ့ ခရင်မ်တွေကို လိမ်းနိုင်ပါတယ်။

- ခြင်ကိုက်နိုင်တဲ့အချိန်တွေမှာ တတ်နိုင်သလောက် အိမ်ထဲမှာပဲနေပါ။

Zombie (Lovemedia)

Post a Comment

0 Comments