မပြင်မဆင်ပုံစံကနေ သင့်ကို လုံးဝပြောင်းလဲလှပသွားစေဖို့ ဒီနည်းလမ်း (၅) ခုကို အသုံးပြုပါ

တစ်ခါတရံမှာ သင့်ရဲ့ပုံစံကို ငြီးငွေ့လာပြီး ပြောင်းလဲဖို့အတွက် စိတ်ကူးတွေ ရလာမှာပါ။ ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကြောင့် သင့်ရဲ့ပုံစံကို လုံးဝပြောင်းလိုက်ချင်တဲ့စိတ်တွေ ဖြစ်လာမှာပါ။

သင့်ရဲ့ပုံစံကို ပြောင်းဖို့အတွက် ငွေတွေအများကြီး ကုန်ကျနေစရာ မလိုပါဘူး။ အခြားသူတွေ အံ့ဩသွားအောင် ဘယ်လိုနည်းတွေနဲ့ သင့်ရဲ့ပုံစံကို ပြောင်းလဲနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အသားအရေကို ထိန်းသိမ်းပါ။

သင့်ရဲ့ပုံစံကို ပြောင်းလဲဖို့ဆိုရင် အရင်ဆုံး အသားအရေကို ထိန်းသိမ်းဖို့လိုပါတယ်။ မနက်တစ်ခါ၊ ညနေဘက်တစ်ခါ မျက်နှာသစ်ပေးပါ။ ညနေဘက်မှာ မျက်နှာကို သန့်စင်ပေးတာက ဖုန်တွေ၊ အဆီတွေ၊ ချွေးတွေ၊ မိတ်ကပ်အညစ်အကြေးတွေကို ရှင်းလင်းသွားစေပါတယ်။

ဒါ့အပြင် မျက်နှာကို ရေဓာတ်ပြည့်ဝဖို့ ရေများများသောက်ဖို့လိုသလို mositurizer ကိုလည်း လိမ်းပေးပါ။ Sunscreen ကိုလည်း နေ့စဉ်အသုံးပြုပေးပါ။

၂။ မိတ်ကပ်လိမ်းတဲ့ပုံစံကို ပြောင်းလဲလိုက်ပါ။

သုံးနေကျနှုတ်ခမ်းနီကို ထားခဲ့လိုက်ပြီး အရောင်တောက်ပတဲ့ နှုတ်ခမ်းနီကို ရွေးချယ်လိုက်ပါ။ အနီရောင်အမျိုးအစား နှုတ်ခမ်းနီတွေက သင့်ရဲ့တစ်နေ့တာလုံးကို တောက်ပနေစေမှာပါ။ မျက်ခုံးကလည်း အရေးကြီးပါသေးတယ်။ Mask တပ်ထားရင်တောင် မျက်ခုံးက လှနေရင် အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။

မျက်ခုံးကို လှလှပပဖြစ်အောင် ပြုပြင်လိုက်ရင် မျက်နှာရဲ့အလှက အရမ်းကို ထင်ရှားသွားပါတယ်။ Eyeliner ကလည်း သင့်ရဲ့ပုံစံကို ပြောင်းလဲစေနိုင်ပါတယ်။ သင်က eyeliner သုံးလေ့မရှိသူဆိုရင်တောင် စမ်းပြီးတော့ သုံးကြည့်ပါ။ သင်က မိတ်ကပ်မလိမ်းဘူး ဆိုရင်တောင် အသားအရေကို ထိန်းသိမ်းပြီး ရေဓာတ်ပြည့်အောင်နေရင် သဘာဝအတိုင်း လှပနေမှာပါ။

၃။ ဆံပင်ပုံစံကို ပြောင်းလဲလိုက်ပါ။

ဆံပင်က ဒုတိယမျက်နှာပါ။ ဆံပင်ပုံစံပြောင်းလိုက်တာနဲ့ ရုပ်ရည်သွင်ပြင်ကလည်း ထူးခြားသွားပါတယ်။ အဲဒါကြောင့် ဆံပင်ကို ခွဲကြောင်းပြောင်းပြီး ဖြီးကြည့်ပါ။ ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ဆံပင်ပုံစံတွေက သင့်ကိုအခြားတစ်ယောက်လို ပြောင်းလဲသွားစေမှာပါ။ ဆံပင်မှာ ဆံညှပ်လေးတွေ၊ ပန်းလေးတွေနဲ့ အလှဆင်တာ၊ ဆံပင်အရောင်ပြောင်းတာက လူငယ်ပိုဆန်စေပါတယ်။

၄။ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ အသုံးအဆောင်တွေကို ရွေးချယ်ပါ။

အဝတ်အစားနဲ့ လိုက်ဖက်တဲ့ အသုံးအဆောင်တွေကို ရွေးချယ်တာက သင့်ရဲ့ပုံစံကို ပြောင်းလဲစေဖို့ အဓိကကျတဲ့အချက်ပါပဲ။ ဦးထုပ်၊ နားကပ်၊ လည်ဆွဲ၊ လက်ကိုင်အိတ်၊ လည်စည်း စတဲ့အရာတွေက ရိုးရှင်းလွယ်ကူပြီး လှပစေတဲ့အရာတွေပါ။

၅။ အဝတ်အစားတွေကို ဒီဇိုင်းပြောင်းလိုက်ပါ။

ဝယ်ထားပြီးနောက် ဝတ်ဖို့မဝံ့မရဲဖြစ်နေတဲ့ အဝတ်အစားတွေကို ရွေးချယ်လိုက်ပါ။ သင်ရွေးချယ်နေကျမဟုတ်တဲ့ အဝတ်အစားအရောင်တွေက သင့်ကို ထူးထူးခြားခြား လှပနေစေမှာပါ။

ဝတ်နေကျ အဝတ်အစားတွေကို ခဏဖယ်ထားပြီး ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေက သင့်ကို အခြားတစ်ယောက်လို ပြောင်းလဲသွားစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments