သင့်ရဲ့ ကြောင်လေးတွေကို အပေါ့အလေးသွားတတ်အောင် သင်ကြား​ပေးနိုင်မယ့်နည်းလမ်းများ

ကြောင်လေးတွေကို သူ့ဟာသူ အပေါ့အလေးသွားတတ်အောင် သင်ပေးတဲ့နေရာမှာ ဇွဲလုံ့လ၊ စိတ်ရှည်မှုတို့ လိုအပ်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ လူသားတွေက လိုက်မလုပ်ပေးလည်း သူတို့ဟာသူတို့ နေရာရှာပြီး သွားတတ်တယ်ဆိုတဲ့ အချက်ကို စွဲနေဖို့ လိုပါတယ်။

သင်ဘာတွေ လိုအပ်မလဲ

အမှိုက်ပုံး

ဖွင့်ထားတာပဲဖြစ်ဖြစ်၊ ပိတ်ထားတာပဲဖြစ်ဖြစ် သင်ကြိုက်တဲ့ အဆင်ပြေတဲ့ ပုံးကို သုံးနိုင်ပါတယ်။ ဖွင့်တဲ့ပုံးကတော့ သန့်ရှင်းရေးလုပ်ရတာ လွယ်ကူပါတယ်။ ပိတ်တဲ့ပုံးဆိုရင်တော့ အနံ့အသက်ထွက်တာ နည်းပါလိမ့်မယ်။ ဒါပေမယ့် ကြောင်တွေရဲ့ သဘာဝက သူတို့ပထမဆုံး အပေါ့သွားတဲ့နေရာရဲ့ အနံ့နဲ့နေရာကို မှတ်ထားတတ်ပါတယ်။

အောက်ခံ

အောက်ခံခင်းတဲ့ နေရာမှာ သဲခင်းတာနဲ့ ပြာခင်းတာက အကောင်းဆုံးပါပဲ။ အစုလိုက် အပြုံလိုက်ခင်းတာကတော့ အရွယ်ရောက်ပြီးသား ကြောင်တွေအတွက် အဆင်ပြေနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူပြီး အနံ့ကိုလည်း ထိရောက်စွာ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် ကြောင်လေးတွေက အရာအားလုံးကို မြည်းစမ်းရတာကို နှစ်သက်တာကြောင့် အစာမကြေတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဂေါ်ပြား

ပုံးထဲက အမှိုက်တွေ၊ အညစ်အကြေးတွေကို ဖယ်ထုတ်ဖို့ ဂေါ်ပြားတစ်ခုတော့ လိုပါတယ်။

ရာဘာဖျာ

အမှိုက်ပုံးဘေးမှာ ထားထားရင် ကြောင်လေးရဲ့ ခြေရာတွေက အိမ်တစ်ဝိုက်မှာ မကျန်တော့ပဲ သူတို့ရဲ့ ခြေသည်းကို အပေါ့သွားရင်း သန့်ရှင်းနေမှာပါ။

လေ့ကျင့်ပေးပုံ အဆင့်ဆင့်

၁။ နေရာကိုရွေးချယ်ခြင်း

အိမ်ထောင့်တိုင်းကို အမှတ်အသား ပြုလုပ်ထားသင့်ပါတယ်။ ကြောင်လေးကို အိမ်ဧည့်ခန်းတွေ၊ မီးဖိုချောင်နဲ့ အိပ်ခန်းတွေထဲ မသွားမိအောင် အမှတ်အသားလေးတွေ ပြထားသင့်ပါတယ်။ တကယ်လို့ အိမ်က တဆက်တည်းဖြစ်နေတယ်ဆိုရင် ကြောင်လေးရဲ့ အပေါ့အလေးသွားတဲ့ နေရာလေးကို ဝေးဝေးမှာ ထားတာကောင်းပါတယ်။ ကြောင်တွေက သူတို့အစားစားတဲ့နေရာမှာ အပေါ့အလေး မသွားတတ်ကြပါဘူး။

၂။ အပေါ့အလေးသွားမယ့် နေရာကို သတ်မှတ်ခြင်း

သင့်ကြောင်လေးရဲ့ အပေါ့အလေးသွားတဲ့နေရာကို အိမ်ပုံစံလေးဝယ်လာပေးတယ်ဆိုရင် ခေါင်မိုးကို အရင်ဆုံးဖြုတ်ပေးထားဖို့တော့ လိုပါမယ်။ ကြောင်တွေရဲ့ သဘာဝက ပိတ်လှောင်ထားတဲ့ နေရာမျိုးကို မကြိုက်ကြပါဘူး။ တကယ်လို့ မြင့်နေတယ်ဆိုရင်လည်း ကြောင်လေးဝင်လို့ အဆင်ပြေအောင် နှိမ့်ပေးတာပဲဖြစ်ဖြစ်၊ လှေကားလေးတပ်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါ။

၃။ အစာကျွေးပြီးတိုင်း သူတို့အပေါ့အလေးသွားမယ့်နေရာကို လိုက်ပြပေးခြင်း

ကြောင်တွေက အစာစားပြီးတိုင်း အပေါ့အလေး တန်းစွန့်တတ်ကြပါတယ်။ တကယ်လို့ သူတို့စားနေတာမြင်ပြီဆိုရင် သူတို့အတွက် သီးသန့်ပြုလုပ်ပေးထားတဲ့ နေရာကို တန်းခေါ်သွားပါ။ ဒီတိုင်းမထားခဲ့ပဲနဲ့ သူတို့ကိစ္စပြီးတဲ့အထိစောင့်ပေးပါ။

ကိစ္စပြီးသွားရင်လည်း တန်းပြီးသန့်ရှင်းရေး မလုပ်ပဲနဲ့ ဒီတိုင်းထားလိုက်ပါ။ အဲ့လိုမှသာ သူတို့အနံ့အသက်ကို သူတို့မှတ်မိပြီး အဲ့နေရာကိုပဲ သွားတော့မှာပါ။

၄။ အလေ့အထကို ပြင်ဆင်ခြင်း

ကြောင်လေးကို သူ့ဟာသူ သွားတတ်အောင် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးပါ။ အပေါ်မှာ ပြောသလိုပဲ သူတို့အစားစားနေတာမြင်တိုင်း သူတို့အပေါ့အလေးသွားတဲ့နေရာကို ခေါ်သွားပေးပါ။

ကွဲပြားမှုနှင့် အကြံဉာဏ်များ

- ကြောင်လေးက သူ့ရဲ့သွားသင့်တဲ့နေရာမှာ မသွားပဲ တခြားနေရာမှာသွားခဲ့ရင် လက်ကိုင်ပုဖြစ်ဖြစ်၊ တစ်သျှူးနဲ့ပဲဖြစ်ဖြစ် သန့်ရှင်းရေးလုပ်ပါ။ ပြီးရင် ရေမဆေးပဲနဲ့ သူတို့အပေါ့သွားဖို့ သတ်မှတ်ထားတဲ့ နေရာမှာပဲ ချထားပေးလိုက်ပါ။ ဒါမှသာ အနံ့အသက်ကို ခံစားမိမှာဖြစ်ပြီး သင်သတ်မှတ်ပေးထားတဲ့နေရာမှာပဲ သွားမှာဖြစ်ပါတယ်။

- သင်သတ်မှတ်ပေးထားတဲ့ နေရာမှာသွားအောင် ဘယ်လောက်ပဲ လေ့ကျင့်ပေးပေး မသွားဘူးဆိုရင်တော့ နေရာကို ပြန်သတ်မှတ်သင့်ပါတယ်။

- ပန်းအိုးတွေထဲမှာ အပေါ့အလေးသွားတယ် ဆိုရင်တော့ မြေဆီလွှာကို သတ္တုပါးလေးနဲ့ အချိန်တော်တော်ကြာ ဖုံးထားသင့်ပါတယ်။

- ကြောင်ကို ဆူပူကြိမ်းမောင်းခြင်း၊ ခြောက်လှန့်ခြင်းတွေ မလုပ်ပါနဲ့။ အဲ့လိုလုပ်ရင် သူတို့ရဲ့ ပင်ကိုဗီဇအရ မြေကြီးတူးပြီး နေရာတကာမှာ အပေါ့အလေး လိုက်စွန့်နေပါလိမ့်မယ်။

Zombie (lovemedia)

Post a Comment

0 Comments