ဂျင်းဘောင်းဘီ ဆိုတာက ဟိုးအရင်ခေတ်ကတည်းက သုံးလာခဲ့ကြတာဖြစ်ပြီး အခုထိ ခေတ်မှီနေဆဲပါပဲ။ ဒါပေမယ့် ကိုယ်နဲ့လိုက်ဖက်မယ့် ဘောင်းဘီကို ဘယ်လိုရွေးရမလဲဆိုတာကို သိတဲ့သူက နည်းပါတယ်။

ပန်းသီးပုံ

ဒီလိုကိုယ်ခန္ဓာ အမျိုးအစားရှိတဲ့ အမျိုးသမီးတွေမှာ အနည်းငယ်သေးတဲ့ တင်ပါးနှင့် သွယ်လျတဲ့ ခြေထောက်တွေ ရှိပေမယ့်လည်း သိသာထင်ရှားတဲ့ ခန္ဓာကိုယ်နှင့် အတိအကျ မသတ်မှတ်ထားတဲ့ ခါးတွေရှိပါတယ်။

ဒီလိုအချိုးအစားကို ဟန်ချက်ညီစေဖို့ အောက်ပါအတိုင်း လိုက်လုပ်ပါ

- ဗိုက်ပူနေတယ်လို့ မထင်ရအောင် အံဝင်ခွင်ကျရှိတဲ့ ဂျင်းဘောင်းဘီကို ရွေးချယ်ပါ။

- ပိန်ပိန်ပါးပါး ဂျင်းဘောင်းဘီတို ဝတ်လို့ရပါတယ်။

- ခါးမြင့် ဒါမှမဟုတ် ခါးတိုတဲ့ ဂျင်းဘောင်းဘီကို မဝတ်တာ ပိုကောင်းပါတယ်။

- ခါးနားမှာ အလှဆင်ပစ္စည်းတွေပါတဲ့ ဂျင်းဘောင်းဘီကို မဝတ်ပါနဲ့။ ထိပ်မှာ အလှဆင်ထားတာတွေ မပါတဲ့ ရိုးရိုးရှင်းရှင်း ခါးပတ်အသေးတွေကိုပဲ သုံးပါ။

သဲနာရီပုံစံ

ဒီကိုယ်ခန္ဓာ အမျိုးအစားက ဘယ်အမြင်နဲ့မှ ချိန်ညှိမှုမလိုအပ်ပါဘူး။ အချိုးအစားမျှတစေဖို့ ခါးကို ဆွဲဆောင်နိုင်တဲ့ ဘောင်းဘီတွေကို ရွေးချယ်ပါ။

- ခါးမြင့်တဲ့ ဂျင်းဘောင်းဘီ၊ ဘောင်းဘီပွပွတွေ၊ ကိုယ်ကျပ်ဘောင်းဘီတွေ စတဲ့ ဘောင်းဘီအမျိုးအစား အများစုနဲ့ အဆင်ပြေပါတယ်။

- ခါးအောက်ပိုင်း ဂျင်းဘောင်းဘီကို ဝတ်ရင်တော့ သတိထားပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပိုရှည်စေပြီး ခြေထောက်တွေကို တိုတယ်လို့ ထင်ရစေပါတယ်။

- Baggy ဂျင်းဘောင်းဘီတွေဟာ လှပတဲ့ ခန္ဓာကိုယ်ကို မပေါ်လွင်စေတဲ့အပြင် အချိုးအစားကို ထိခိုက်စေနိုင်တာကြောင့် သူတို့ကို မဝတ်တာ ပိုကောင်းပါတယ်။

သစ်တော်သီး

ဒီကိုယ်ခန္ဓာ အမျိုးအစားရှိတဲ့ အမျိုးသမီးတွေအတွက် သတိထားသင့်တဲ့ အချက်ကတော့ ခန္ဓာကိုယ်အောက်ခြေပိုင်းကို အာရုံစိုက်ဖို့ပဲ ဖြစ်ပါတယ်။

- ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းကို ပိုလှစေဖို့ ခါးမြင့်တဲ့ ဂျင်းဘောင်းဘီကို ရွေးချယ်ပါ။

- အမဲရောင်နဲ့ အရောင်ရင့်တာတွေကို ရွေးဝတ်သင့်ပါတယ်။ အရောင်မှိန်တဲ့ ဘောင်းဘီတွေက အောက်ပိုင်းကို သေးတယ်လို့ ထင်ရစေပါတယ်။

- ဘောင်းဘီအကျပ်တွေက တင်ပါးမျဉ်းကို ပေါ်လွင်စေပြီး ပုံသဏ္ဌာန်ကို ဟန်ချက်ညီစေနိုင်ပါတယ်။ ဒေါင်လိုက်လိုင်းတွေ ဒါမှမဟုတ် ချုပ်ရိုးပါတဲ့ ဂျင်းဘောင်းဘီအဖြောင့်တွေက ခြေထောက်ကို ပိုမိုသွယ်လျစေပါတယ်။

- ခြေထောက်ရဲ့ အလှကို မပေါ်ချင်ဘူးဆိုရင်တော့ ပွပွနဲ့ ဖြောင့်စင်းတဲ့ ဂျင်းဘောင်းဘီတွေကို ဝတ်ဆင်နိုင်ပါတယ်။

- တင်ပါးဘက်ကို ဖုံးနေတဲ့ အိတ်ကပ်တွေပါတဲ့ ဘောင်းဘီတွေကို မဝတ်ပါနဲ့။

တြိဂံပြောင်းပြန်

တြိဂံပြောင်းပြန်ကိုယ်ထည် အမျိုးအစားရှိတဲ့ အမျိုးသမီးတွေမှာ ကျယ်ပြန့်တဲ့ပခုံးတွေ၊ ကျဉ်းမောင်းတဲ့ တင်ပါးအချိုးအစားနှင့် အတည်တကျမရှိတဲ့ ခါးဆိုဒ်တွေ ရှိပါတယ်။။ ပုံသဏ္ဍာန်ကို ဟန်ချက်ညီစေဖို့ ခန္ဓာကိုယ်အောက်ခြေကို လှပအောင် လုပ်တာက ပိုအဆင်ပြေပါတယ်။

- ပေါ့ပါးတဲ့ ဂျင်းဘောင်းဘီကို ရွေးပါ။ အောက်ခြေအပိုင်းကို ပိုကြီးအောင် ဝတ်ပါ။

- တင်ပါးကို စွဲဆောင်ဖို့ အိတ်ကြီးကြီးတွေနှင့် အလှဆင်ပစ္စည်းတွေပါတဲ့ ဘောင်းဘီကို ဝတ်ပါ။

- ဘောင်းဘီအပွတွေ၊ ခေါင်းလောင်းဘောင်းဘီတွေ၊ အကျပ်တွေစတဲ့ ဘောင်းဘီ အမျိုးအစားမျိုးစုံကို ဝတ်နိုင်ပါတယ်။

စတုဂံ

ထောင့်မှန်စတုဂံပုံစံ ရှိတဲ့ အမျိုးသမီးတွေအတွက် သူတို့ရဲ့ခါးကို သေးတယ်လို့ထင်အောင် အမြင်ကို လှည့်စားဖို့လိုပါတယ်။

- ခါးမြင့်တဲ့ ဂျင်းဘောင်းဘီတွေကိုပဲ ရွေးဝတ်ပါ။

- ဖြောင့်စင်းတဲ့ ဂျင်းဘောင်းဘီ နှင့် တင်ပါးပေါ်အောင် ချုပ်ထားတဲ့ ဂျင်းဘောင်းဘီတွေက အသင့်တော်ဆုံးပါပဲ။

Zombie (lovemedia)