အိမ်မှာအနှောင့်အယှက်ပေးတဲ့ ပိုးမွှားတွေကို ဓာတုနည်းမသုံးဘဲ သဘာဝအတိုင်းဖယ်ရှားနိုင်မယ့် နည်းလမ်း (၇) ခု

အိမ်မှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါများနေတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားဖို့ ဓာတုပစ္စည်းတွေကို မသုံးချင်တဲ့အခါ သဘာဝပစ္စည်းတွေက ကူညီပေးနိုင်ပါတယ်။

၁။ ငရုတ်သီးမှုန့်

မီးဖိုခန်းနဲ့ အိမ်ပတ်ဝန်းကျင်တွေမှာ ပုရွက်ဆိတ်တွေ ပေါများနေရင် ဖယ်ရှားဖို့ ခေါင်းရှုပ်စရာမလိုတော့ပါဘူး။ ငရုတ်သီးမှုန့်က ပုရွက်ဆိတ်တွေကို မလာအောင် တားပေးနိုင်စွမ်းရှိပါတယ်။

ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဖဇွန်း၊ ရေနွေးတစ်ခွက်၊ သံပုရာရည် ၁၀ စက်ကို ရောပြီး ပုရွက်ဆိတ်တွေ ရှိတတ်တဲ့နေရာတွေမှာ ဖျန်းပေးပါ။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့ရနံ့က အချို့အင်းဆက်ပိုးမွှားတွေကို ဝေးဝေးပြေးစေပါတယ်။ အထူးသဖြင့် ပျပိုးနဲ့ ပုရွက်ဆိတ်တွေကို ဖယ်ရှားချင်တဲ့အခါ ကြက်သွန်ဖြူက အရမ်းအသုံးဝင်ပါတယ်။ ကြက်သွန်ဖြူလေးတွေကို ရေတစ်လီတာထဲမှာ ၁၂ နာရီခန့် စိမ်ထားပါ။

အဲဒီနောက် အပူချိန်နည်းနည်းနဲ့ မိနစ် ၂၀ ခန့် အပူပေးပြီး အအေးခံပါ။ ရလာတဲ့အရည်ကို ဖျန်းဆေးဘူးထဲထည့်ပြီး ပျပိုးတွေ တက်နေတဲ့အပင်တွေမှာ တိုက်ရိုက်ဖျန်းပေးပါ။

၃။ ကြက်ဥအခွံ

ကြက်ဥအခွံက သဘာဝမြေဩဇာပါပဲ။ ကြက်ဥခွံက ခရုနဲ့ ပတ်ကျိတွေမလာအောင့် ဟန့်တားပေးပါတယ်။ ကြက်ဥခွံလေးတွေကို ချေပြီး အပင်ချေမှာ ထားပေးလိုက်ရုံပါပဲ။

၄။ လာဗင်ဒါ

လာဗင်ဒါက မွှေးပျံ့တဲ့ရနံ့ရှိတာကြောင့် လူသားတွေကတော့ အရမ်းသဘောကျကြပါတယ်။ ဒါပေမယ့် အင်းဆက်ပိုးမွှားတွေကတော့ လာဗင်ဒါရဲ့ရနံ့ကို မကြိုက်ကြပါဘူး။ အိမ်မှာ ပိုးဟပ်တွေ ပေါနေရင် လာဗင်ဒါပန်းလေး‌တွေကို ပိတ်စနဲ့ချုပ်ထားတဲ့ အိတ်လေးတစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။

လတ်ဆတ်တဲ့လာဗင်ဒါပန်းကို အသုံးပြုနိုင်သလို လာဗင်ဒါပန်းခြောက်ကိုလည်း အသုံးပြုလို့ရပါတယ်။ လာဗင်ဒါပန်းထည့်ထားတဲ့အိတ်လေးကို ပိုးဟပ်ပေါတဲ့ စာအုပ်စင်၊ အိမ်ထောင့် စတဲ့နေရာတွေမှာ ထားလို့ရပါတယ်။

၅။ မုန့်ဖုတ်ဆိုဒါ

အပင်တွေမှာ မှိုစွဲနေတဲ့အခါ ဓာတုဆေးတွေမသုံးချင်လည်း ရပါတယ်။ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းနဲ့ ရေ ၄ ခွက်ကို ရောပြီး မှိုတက်နေတဲ့ အပင်လေးတွေကို ဖြန်းပေးပါ။ ဒီနည်းကို တစ်ပတ်ကို နှစ်ကြိမ်ခန့် အသုံးပြုလို့ရပါတယ်။

၆။ ခရမ်းချဉ်သီးရွက်

ခရမ်းချဉ်သီးက ခူကောင်၊ ပေါက်ဖတ်တွေကို တိုက်ခိုက်ပေးပါတယ်။ ခရမ်းချဉ်သီးအရွက်တွေကို တောက်တောက်စဉ်းပြီး ရေနှစ်ခွက်ခဲမှာ တစ်ညခန့် စိမ်ထားပါ။ မနက်ရောက်ရင်တော့ ရေအနည်းငယ်ထပ်ရောပြီး ပေါက်ဖတ်တွေ ကပ်နေတဲ့အပင်တွေမှာ ဖျန်းပေးပါ။

၇။ ဟင်းသီးဟင်းရွက်ဆီ

အိမ်အပြင်မှာ စိုက်တဲ့အပင်တွေမှာ ပိုးကျသလို အိမ်တွင်းစိုက်အပင်တွေမှာလည်း အင်းဆက်ပိုးမွှားတွေ ဝင်ပါတယ်။ အပင်မှာ အဖျက်ပိုးတွေဝင်လာရင် အရမ်းအလုပ်ရှုပ်နေစရာ မလိုတော့ပါဘူး။ ဟင်းသီးဟင်းရွက်ဆီတစ်ခွက်၊ ဆပ်ပြာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရေတစ်ခွက်ကို ရောပြီး အပင်မှာ ဖျန်းပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments