အင်ဒိုနီးရှားနိုင်ငံကအမျိုးသမီးတွေ အရွယ်တင်နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

ကမ္ဘာပေါ်က လူမျိုးတိုင်းမှာ အလှအပနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်ကိုယ်စီ ရှိကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီး‌တွေမှာလည်း နုပျိုလှပနေရတဲ့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ အဲဒါကြောင့် အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးတွေ နုပျိုနေအောင်လို့ ဘယ်လိုအချက်တွေ ပြုလုပ်လေ့ရှိလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Jamu

Jamu က အင်ဒိုးနီးရှားရိုးရာ သောက်စရာတစ်မျိုးပါပဲ။ ကျန်းမာရေးကောင်းဖို့အတွက်နဲ့ ငယ်ရွယ်နုပျိုစေဖို့အတွက် Jamu ကို သောက်သုံးလာကြတာဟာ နှစ်ပေါင်း ရာနဲ့ချီနေပါပြီ။ ယခုထက်တိုင်လည်း Jamu ကို စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေမှာ ရောင်းချပါတယ်။ Jamu ကို ပြုလုပ်ဖို့အတွက်

- နနွင်း ၁၂၅ ဂရမ်

- ဂျင်း ၂၀ ဂရမ်

- ငရုတ်ကောင်း ၁ ဂရမ်

- သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

- ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

- အုန်းရည် ၄ ခွက်တို့ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရောမွှေပြီးနောက် Jamu ရရှိပါပြီ။

၂။ Scrub

အင်ဒိုနီးရှားနိုင်ငံမှာ အသားအရေကို သန့်စင်ဖို့၊ လှပဖို့၊ ချောမွေ့စေဖို့အတွက် အထူးပြုလုပ်တဲ့နည်းလမ်းတစ်ခု ရှိပါတယ်။ အဲဒီနည်းလမ်းကို Lulur လို့ခေါ်ကြပြီး အရင်ကတော့ မင်္ဂလာအခမ်းအနားတွေမှာ အသုံးပြုကြပါတယ်။ Lulur မှာ အဆင့် ၄ ဆင့် ရှိပါတယ်

- ခြေထောက်နဲ့ ခန္ဓာကိုယ်အတွက် scrub ကို ဆန်မှုန့်၊ ဆွမ်းမွှေးရွက်၊ သစ်ကြံပိုးမှုန့်၊ နနွင်းမှုန်တို့နဲ့ပြုလုပ်ပါတယ်။

- နောက်တစ်ဆင့်မှာတော့ တစ်ကိုယ်လုံးကို အုန်းဆီနဲ့ နှိပ်နယ်ပါတယ်။

- အဲဒီနောက် ရေချိုနဲ့ ရေချိုးပါတယ်။

- နောက်ဆုံးမှာတော့ ပန်းပွင့်တွေစိမ်ထားတဲ့ ကန်ထဲမှာ ခြေထောက်ကို ရေစိမ်ပါတယ်။ ဒီနည်းလမ်းက မခက်ခဲတဲ့အပြင် ငယ်ရွယ်နုပျိုစေဖို့ အရမ်းကို ထိရောက်တဲ့နည်းလမ်းပါပဲ။

၃။ Balinese Boreh mask

နောက်ထပ်ရိုးရာနည်းလမ်းတစ်ခုကတော့ Balinese Boreh ပါ။ ဒီနည်းလမ်းက ခန္ဓာကိုယ်က သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ချွေးပေါက်တွေကို ကျယ်စေပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

ဂျင်းမှုန့်၊ သစ်ကြံပိုးမှုန့်၊ ကော်ဖီမှုန့်၊ လေးညှင်းမှုန့်၊ နနွင်းမှုန့်၊ ဆန်မှုန့်၊ ဆန်၊ ငရုတ်ကောင်းတို့ကို ရောနယ်ပြီးနောက် ခန္ဓာကိုယ်မှာ mask အဖြစ်အသုံးပြုတာပါ။

၄။ ဝမ်းဗိုက်အတွက် mask

အင်ဒိုနီးရှားနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်တွေကြား လူကြိုက်များတဲ့ mask တစ်မျိုးရှိပါသေးတယ်။ ဒီ mask ကိုပြုလုပ်ဖို့အတွက် ဆန်မှုန့်၊ ဂျင်းမြစ်နဲ့ တူတဲ့ kencur လိုအပ်ပါတယ်။

အဲဒီနှစ်မျိုးကို ရောပြီး ကိုယ်ဝန်ဆောင်မိခင်ရဲ့ဝမ်းဗိုက်မှာ mask အဖြစ် အသုံးပြုတာပါ။ ဒီနည်းက အသားအရေကို တင်းရင်းစေပြီး မွေးဖွားပြီးနောက် အကြောပြတ်ကိုလည်း ကာကွယ်ပေးပါတယ်။

၅။ ဆန်ဆေးရည်

အင်ဒိုနီးရှားနိုင်ငံမှာ ဆန်ဆေးရည်ကို အလှအပအတွက် အသုံးပြုခဲ့တာက နှစ်ပေါင်းရာနဲ့ချီနေပါပြီ။ ဒီနည်းလမ်းလေးကတော့ အရမ်းကို လွယ်ကူပါတယ်။ ဆန်ဆေးရည်ကို ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး တိုနာအဖြစ် အသုံးပြုတာပါ။ ဆန်ဆေးရည်မှာ မျက်နှာကို အစိုဓာတ်ထိန်းပေးပြီး နေလောင်တာကိုလည်း သက်သာစေပါတယ်။

၆။ အုန်းရည်

အုန်းရည်ကတော့ အင်ဒိုးနီးရှားအမျိုးသမီးတွေ နေ့စဉ်သောက်သုံးတဲ့အရာပါပဲ။ အုန်းရည်မှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်ပါတယ်။ အဆီလည်းမပါဝင်တာကြောင့် ဝသွားမှာကိုလည်း စိတ်ပူစရာ မလိုတော့ပါဘူး။ အုန်းရည်က အသားအရေခြောက်သွေ့တာတွေကို ကာကွယ်ပေးပါတယ်။

၇။ ထောပတ်သီး

အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာဝ conditioner က ထောပတ်သီးပါ။ ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ထောပတ်သီးကို ဆံပင်မှာ လိမ်းပေးနိုင်ပါတယ်။ ပြီးတော့ ဦးရေပြားကို နှိပ်နယ်ပေးပြီး မိနစ်အနည်းငယ်ကြာ ပေါင်းထားပါ။ အဲဒီနောက် ရေဆေးချလိုက်ရုံပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments