ဆံပင်ကို အကျိုးပြုတဲ့ scrub ကို အိမ်မှာပြုလုပ်နည်း (၄) မျိုး

ဆံပင်ပုံသွင်းပစ္စည်းတွေကို အသုံးပြုပါများလာတဲ့အခါ ဆံပင်မှာ အညစ်အကြေးတွေ၊ ဆီတွေ၊ ဆဲလ်သေတွေ များလာပါတယ်။ အဲဒါတွေက ဆံပင်ရဲ့အမြစ်မှာ စုလာပါတယ်။ ဆံပင်ရဲ့အမြစ်မှာ အညစ်အကြေးတွေ စုတာများလာတဲ့အခါမှာတော့ ဆံပင်ကြီးထွားမှုကို နှေးကွေးလာစေမှာပါ။

အဲဒါကြောင့် အိမ်မှာတင် ဆံပင်အတွက် scrub ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အိမ်မှာတင်ပြုလုပ်နိုင်တဲ့ scrub က ဦးရေပြားကို သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ ဆံပင်အရင်းအထိ အာဟာရဖြည့်ပေးပါတယ်။ Scrub ကို ဆံပင်ရဲ့အရင်းပိုင်းမှာပဲ လိမ်းပေးရမှာပါ။

Scrub လိမ်းပြီး ဦးရေးပြားကို နှိပ်နယ်ပြီးရင်တော့ ခေါင်းလျှော်လို့ရပါတယ်။ ဆံပင်အတွက် scrub ကို တစ်ပတ်မှာ ၂ ကြိမ်ထက်ပိုပြီး မပြုလုပ်သင့်ပါဘူး။ ခဏခဏပြုလုပ်နေရင် ဆံပင်မှာ အဆီထုတ်လုပ်မှုများပြီး ဆံပင်အဆီပြန်လာစေပါတယ်။

ရွှေရောင်ဖျော့ဆံပင် ရှိသူတွေအတွက်ကတော့ scrub ပြုလုပ်ပြီးရင် ဆံပင် အရောင်တွေမှိန်သွားတတ်ပါတယ်။ ဦးရေပြားမှာ အနာရှိရင်တော့ scrub မပြုလုပ်သင့်ပါဘူး။ အိမ်တွင်းဖြစ် scrub ကို ဦးရေပြားမှာ မသုံးခင် အသားအရေမှာ အနည်းငယ် စမ်းပြီးတော့ သုံးကြည့်ပါ။

နည်းလမ်း ၁

- ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

- သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကို နှံ့အောင်ရောမွှေပါ။ အဲဒီနောက် ဦးရေပြားမှာ လိမ်းပေးပြီး ၃ မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။ နှိပ်နယ်ပြီးတဲ့အခါ ခေါင်းလျှော်ရည်နဲ့ ပြောင်စင်အောင် ခေါင်းလျှော်ပါ။

နည်းလမ်း ၂

- သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း

- အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Hair conditioner လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းတွေကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး နှံ့အောင် မွှေပါ။ ဦးရေပြားမှာ သုတ်လိမ်းပြီး စက်ပိုင်းပုံစံ နှိပ်နယ်ပေးပါ။ အဲဒီနောက် ဆံပင်ကို သေသေချာချာ ရေဆေးချပါ။

နည်းလမ်း ၃

- ကော်ဖီအကြမ်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

- ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- သံပုရာရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- ကြက်ဥအနှစ် တစ်လုံး

ကော်ဖီအကြမ်းမှုန့်၊ ပျားရည်၊ သံပုရာရည်၊ ကြက်ဥအနှစ်တို့ အားလုံးကို နှံ့သွားအောင် မွှေပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။ ၃ မိနစ်ကြာ နှိပ်နယ်ပြီးရင် ပြောင်အောင် ရေဆေးချပြီး ခေါင်းလျှော်ပါ။

နည်းလမ်း ၄

- ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းနှစ်ခုကို ရောမွှေလိုက်ပါ။ အဲဒီနောက် ဦးရေပြားမှာ လိမ်းပေးပြီး ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ ဆံပင်ကို သေချာရေဆေးချပြီး ခေါင်းလျှော်ပါ။

Zombie (lovemedia)

Post a Comment

0 Comments