ဆံပင်ညှပ်လိုက်ရင် ဆံပင်သန်သွားတယ်လို့ လူအများက ယုံကြည်ကြပါတယ်။ ဆံပင်ဆိုတာက လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ ဒါကြောင့် ဆံပင်ညှပ်ပြီးရင် အရှည်မြန်လာအောင် ဘယ်လိုတွေလုပ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။
မွေးညင်းပေါက်တွေပေါ်မှာ ဆံပင်သန်မှုက မူတည်နေပါတယ်။
ဆံပင်အဖျားတွေကို ဖြတ်တောက်ခြင်းက ဆံပင်ပေါက်နှုန်း မြန်ဆန်ခြင်းအပေါ် သက်ရောက်မှု မရှိပါဘူး။ ဆံပင်ကြီးထွားမှုက သင့်ဦးခေါင်းမှာရှိတဲ့ ဆံပင်မွေးညင်းပေါက်တွေပေါ်မှာ မူတည်နေတာပါ။
အရှိန်နှုန်းက မျိုးဗီဇ၊ အစားအစာနှင့် သင်နေထိုင်တဲ့ ရာသီဥတုစတဲ့ ပေါင်းစပ်မှုဆိုင်ရာ အကြောင်းရင်းတွေပေါ်မှာ မူတည်နေပါတယ်။
ခန္ဓာကိုယ်က အမွှေးအမျှင်တွေကလည်း အတူတူပါပဲ။ ရိတ်တာ၊ ညှပ်တာက မွေးညင်းပေါက်တွေပေါ်ကို သက်ရောက်မှု မရှိပါဘူး။ ဆံပင်တွေ၊ အမွှေးတွေကိုလည်း ပိုထူမလာစေပါဘူး။
ဒါဆို ဆံပင်ညှပ်လိုက်ရင် ဆံပင်ပိုကောင်းပြီး ရှည်လာတယ်လို့ လူတွေက ပြောကြတာလဲ။
ဆံပင်က မညှပ်ပဲ ဒီတိုင်းထားပါ များလာရင် ဆံပင်အစွန်းဘက်တွေက ဖွာပြီး ပျက်စီးလာပါတယ်။ မညှပ်ပဲထားလိုက်ရင် ဆံသားအားလုံးပျက်စီးသွားနိုင်ပါတယ်။
ဒီလိုဖြစ်လာရင် ကုသဖို့နည်းလမ်းလည်း မရှိပါဘူး။ ညှပ်ပစ်ခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ညှပ်လိုက်ခြင်းကြောင့် ဆံပင်က ပိုကျန်းမာပြီး စိုစိုပြေပြေနဲ့ ကြည့်ကောင်းလာတာပါ။ ဒါပေမယ့် သင်က ဆံပင်အရှည်ထားမယ် ဆိုရင်တော့ အဲဒါကို အရမ်းကြီးမလုပ်ဖို့ အရေးကြီးပါတယ်။
ဆံပင်က တစ်လကို လက်မဝက်ခန့်လောက် ရှည်တတ်တာကြောင့် 3 လတစ်ကြိမ် ဒါမှမဟုတ် ဒီ့ထက်ကြာတိုင်း ညှပ်သင့်ပါတယ်။
Zombie (lovemedia)
0 Comments