ဆံပင်ဖြူတာကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းများ

အသက်အရွယ်ကြီးလာတဲ့အခါ ဆံပင်ဖြူတွေကို ရှောင်လွှဲလို့မရတော့ပါဘူး။ ဆံပင်မဖြူအောင်လို့ ဆံပင်ကို ဆေးဆိုးလို့ရပေမယ့် ဆံပင်ဆိုးဆေးတွေကိုလည်း ဓာတုဆေးတွေနဲ့ ပြုလုပ်ထားတာပါ။

အဲဒါကြောင့် ဆံပင်မဖြူလာအောင် သဘာဝနည်းတွေနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဆီးဖြူသီး

ဆီးဖြူသီးမှာ ဗီတာမင်စီနဲ့ အခြားအင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။ အဲဒါကြောင့် ဆံပင်တွေ ဖြူလာတာကို ကာကွယ်နိုင်တဲ့အစွမ်းတွေ ဆီးဖြူသီးမှာ ရှိပါတယ်။

ဆီးဖြူသီးဖျော်ရည်ကို ဆံပင်မှာ တိုက်ရိုက်လိမ်းပေးရင် ဆံပင်တွေ ကျန်းမာပြီး ဆံပင်ရှည်မြန်ပါတယ်။ ဒါ့အပြင် ဆံပင်မဖြူလာအောင်လည်း ဆီးဖြူသီးက ကာကွယ်ပေးပါတယ်။

၂။ မဆလာရွက်

မဆလာရွက်က ဆံပင်မဖြူအောင် ကာကွယ်ပေးနိုင်တယ်ဆိုတာ သင့်အတွက်တော့ အံ့ဩစရာဖြစ်နေပါလိမ့်မယ်။ မဆလာရွက်မှာလည်း အင်တီအောက်ဆီးဒင့်နဲ့ သံဓာတ်တွေ ပါဝင်ပါတယ်။

သံဓာတ်ချို့တဲ့သူတွေက အရွယ်မတိုင်ခင်မှာ ဆံပင်ဖြူလာတတ်ကြပါတယ်။ မဆလာရွက်ကို အမှုန့်ဖြစ်အောင်လုပ်ပြီး အုန်းဆီနဲ့ ရောလိမ်းပေးနိုင်ပါတယ်။

၃။ အာဟာရဖြည့်အစားအစာများ

ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ လိုအပ်နေတဲ့အခါ ဆံပင်တွေဖြူလာပါတယ်။ ဗီတာမင် B12,B7(Biotin), B9 (Folic acid), D3 တွေ ခန္ဓာကိုယ်မှာ အားနည်းလာတဲ့အခါ အရွယ်မတိုင်ခင် ဆံပင်ဖြူလာပါတယ်။ ဆံပင်မဖြူလာစေဖို့ အားဖြည့်အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။

၄။ Catalase ကြွယ်ဝသောအစားအစာများ

ကန်စွန်းဥ၊ မုန်လာဥနီ၊ ငရုတ်သီးနဲ့ မှိုတို့က အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ကာကွယ်ပေးပါတယ်။ အဲဒီအစားအစာတွေမှာ catalase လို့ခေါ်တဲ့ အင်ဇိုင်းအများအပြားပါဝင်လို့ပါ။ Catalase ကြွယ်ဝသော အစားအစာတွေကို ပုံမှန်စားပေးရင် အရွယ်မတိုင်ခင် ဆံပင်ဖြူမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

၅။ လက်ဖက်စိမ်း

ဆံပင်က နေရောင်ခြည်နဲ့ ထိတွေ့ပါများတဲ့အခါမှာ အားနည်းလာတတ်ပါတယ်။ ဆံပင်ရဲ့အရောင်တွေကိုလည်း မှိန်လာစေပါတယ်။ လက်ဖက်စိမ်းမှာ အင်တီအောက်ဆီးဒင့်နဲ့ phytochemicals‌ တွေပါတာကြောင့် နေရောင်ခြည်ကြောင့် ဆံပင်အရောင်မှေးမှိန်လာတာကို ပြုပြင်ပေးပါတယ်။ လက်ဖက်စိမ်းနဲ့ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်၊ ဆံပင်လိမ်းဆီတွေကို နေ့စဉ်လိမ်းပေးတဲ့အခါ သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။

၆။ ချောကလက်

ချောကလက်က အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဟန့်တားပေးပါတယ်။ ချောကလက်မှာ copper ပါဝင်တာကြောင့်ပါ။ ဆံပင်နက်စေတဲ့ မယ်လနင်ဓာတ်အတွက် copper က မရှိမဖြစ်လိုအပ်ပါတယ်။ မယ်လနင် မလုံလောက်ရင် ဆံပင်က မြန်မြန်ဖြူလာပါတယ်။

၇။ Almond oil

Almond oil မှာ ဗီတာမင် E နဲ့ A ပါတာကြောင့် ဆံပင်ကို လွယ်လွယ်ကူကူ မဖြူလာအောင် အာဟာရဖြည့်ပေးပါတယ်။ Almond oil ကို ဆံပင်မှာ လိမ်းပြီး ဦးခေါင်းကို နှိပ်နယ်ပေးပါ။ Almond oil က ဆံပင်ကို ကျန်းမာစေပြီးတော့ နေရောင်ကြောင့် ဆံပင်အားနည်းလာတာကိုလည်း ပြုပြင်ပေးပါတယ်။

ဆံပင်ဖြူတာကို ဟန့်တားနိုင်မယ့် သဘာဝအစားအစာများ

၁။ လက်ဖက်ခြောက်ရေနွေး

လက်ဖက်ခြောက်ရေနွေးကို အအေးခံထားပြီး ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်မှာ ခဏပေါင်းထားပါ။ လက်ဖက်ခြောက်က ဖြူနေတဲ့ဆံပင်တွေကို ပြန်လည်နက်လာစေပါတယ်။ ဒါပေမယ့် ပုံမှန်ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။

၂။ Bhringraj

ဆံပင်ဖြူတွေကို ပြန်ပြီးနက်လာအောင် ကူညီပေးနိုင်တဲ့ ပန်းကတော့ Bhringraj ပါ။ Bhringraj ကို လှော်ပြီး ဆီအနည်းငယ်ထည့်ပါ။ အဲဒီနောက် ဦးရေပြားအထိရောက်အောင် လိမ်းပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ကော်ဖီမှုန့်

ကော်ဖီအကြမ်းမှုန့်လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို coditioner နဲ့ရောပြီး ဆံပင်မှာ ပေါင်းထားပါ။ တစ်နာရီလောက် ကြာပြီးရင်တော့ ပုံမှန်အတိုင်း ရေဆေးချလိုက်လို့ရပါပြီ။ ဒီနည်းကို နှစ်ပတ်ကို တစ်ကြိမ်အသုံးပြုပေးရင် ဆံပင်က သိသိသာသာ နက်မှောင်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments