နေ့စဉ်သုံးပစ္စည်းတွေမှာ ကပ်နေတဲ့ပိုးမွှားတွေကို ရှင်းနည်း (၉) ခု

သွားတိုက်တံတွေက သွားကို သန့်ရှင်းစေပေမယ့် အမွေးအမျှင်တွေမှာ ရောဂါပိုးမွှားများစွာကပ်ညိနေတတ်ပါတယ်။ ပြီးတော့ ပိုးမွှားတွေက မထင်မှတ်ထားတဲ့ နေရာမှာ ခိုအောင်းနေတတ်ပါတယ်။ ဘက်တီးရီးယားတွေ ကြီးထွားလာမှုကို သတိပြုမိဖို့နှင့် ထိရောက်စွာ တိုက်ဖျက်နည်းကို သိရှိဖို့ အလွန်အရေးကြီးပါတယ်။

၁။ သွားတိုက်တံကို ပိုးသတ်ဖို့ ခံတွင်းသန့်ဆေးကို အသုံးပြုပါ။

သွားတိုက်တံကို အသုံးပြုတိုင်း ရေချိုးခန်းထဲက ဘက်တီးရီးယားတွေက ပါးစပ်ထဲကို တိုက်ရိုက် ရောက်ပါတယ်။ အိမ်သာအဖုံးကို ဖွင့်ထားမိတယ်ဆိုရင် ရေချိုးခန်းမျက်နှာပြင်နှင့် အရာဝတ္တုတွေပေါ်မှာ ပိုးမွှားတွေက ကပ်ပြီးသားပါ။

ဒါကြောင့် သင့်သွားပွတ်တံကို အသုံးပြုပြီးတိုင်း ခံတွင်းသန့်စင်ဆေးရည်ထဲမှာ ၂ မိနစ်လောက် စိမ်ထားဖို့ အကြုံပြုလိုပါတယ်။

၂။ မီးဖိုကို အမိုးနီးယားနဲ့ ဆေးပါ။

သင့်မီးဖိုကို 150ºF မှာအပူပေးပြီး ပိတ်လိုက်ပါ။ မီးဖိုရဲ့ အပေါ်ဆုံးအဆင့်မှာ အမိုးနီးယား 1/5ကို ခွက်ထဲထည့်ပြီး တင်ထားလိုက်ပါ။ ပြီးရင် တံခါးကိုပိတ်ပြီး တစ်ညလုံး ထားလိုက်ပါ။

ဒီနည်းက သင့်မီးဖိုက အညစ်အကြေးတွေကို ဖယ်ရှားဖို့ ကူညီပေးမှာဖြစ်ပြီး နောက်တစ်နေ့မှာ အလွယ်တကူ သန့်ရှင်းစေဖို့ ကူညီပေးပါလိမ့်မယ်။

၃။ ရေမြှုပ်ကို မိုက်ခရိုဝေ့ထဲမှာ သန့်ရှင်းရေးလုပ်ပါ။

ပန်းကန်ဆေးရေမြှုပ်တွေမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား အမြောက်အမြား စုနေတတ်ပါတယ်။ ဒါကြောင့် ပန်းကန်ဆေးတိုင်း ပန်းကန်မှာ ကပ်ပါသွားတတ်ပါတယ်။ ရေမြှုပ်ကို ပိုးသတ်ဖို့အတွက် မိုက်ခရိုဝေ့ဖ်ထဲ မထည့်ခင် ၁ မိနစ်လောက် လုံးလုံး စိုစွတ်နေသင့်ပါတယ်။

အပူလွန်ကဲခြင်းက သင့်ရေမြှုပ်မှာ ပေါက်နေတဲ့ ဘက်တီးရီးယားတွေကို စုပ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ သင့်ရေမြှုပ်အနံ့ထွက်လာတာနဲ့ ရက်အနည်းငယ်ကြာတိုင်း ပြန်လုပ်ပါ။

၄။ သစ်သားနဲ့လုပ်ထားတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းပါ။

သစ်သားဇွန်းတွေကို ပန်းကန်ဆေးဇလုံထဲမှာ စိမ်ထားမိခဲ့ရင် မီးဖိုချောင်ကို ထိခိုက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် မလိုလားအပ်တဲ့ အနံ့ဆိုးတွေ ထွက်နေတာကို ရပ်တန့်ဖို့အတွက် သံပယိုသီးတစ်ခြမ်းနဲ့ ပွတ်တိုက်ဖို့ အကြံပြုထားပါတယ်။

ဟင်းသီးဟင်းရွက်ဆီ ဒါမှမဟုတ် အုန်းဆီနဲ့လည်း သုတ်လို့ရပါတယ်။ ဒါက သူတို့ကို တောက်ပစေပြီး အန္တရာယ်ရှိတဲ့ အစိုဓာတ်ကနေ ကာကွယ်ပေးပါလိမ့်မယ်။ အစိုဓာတ်တွေလွန်းတဲ့အခါ မှိုတွေပေါက်ဖွားလာတတ်ကြပါတယ်။

၅။ ပြူတင်းပေါက်တွေကို ပုံမှန်သုတ်ပေးပါ။

ပြူတင်းပေါက်တွေက ငွေ့ရည်ဖွဲ့မှုကို စုဆောင်းနိုင်တာကြောင့် မှိုနှင့် ရောဂါပိုးမွှားတွေအတွက် အဓိကပေါက်ဖွားရာနေရာတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့။

၆။ ခေါင်းဖြီးကို သန့်ရှင်းရေးလုပ်ပါ။

ခေါင်းကို နေ့တိုင်းသန့်ရှင်းရေးလုပ်ပေမယ့် ခေါင်းဖြီးကိုတော့ သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်ကြပါတယ်။ ဆံပင်ဟာ အပြင်ထွက်တိုင်း ပိုးမွှားတွေ ကပ်ပါလာပြီး ခေါင်းဖြီးမှာ သွားစုနေတတ်ပါတယ်။

ဆံပင်ဟောင်းတွေကို ဖယ်ရှားပြီး သန့်စင်အောင် မဆေးကြောခင် တစ်ညလုံး ရေစိမ်ထားသင့်ပါတယ်။ ပြီးတော့ တစ်လတစ်ကြိမ် သန့်ရှင်းရေးလုပ်ဖို့ အကြံပြုထားပါတယ်။

၇။ ယောဂဖျာကို ပန်းသီးရှာလကာရည်နဲ့ ဆေးကြောပါ။

ယောဂဖျာတွေမှာက ချွေးကြောင့်ဖြစ်ရတဲ့ စိုစွတ်မှုသာမက ကြမ်းပြင်ပေါ်မှာထားရတာကြောင့် ဘက်တီးရီးယားအများအပြားကို စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် သင်အသုံးပြုတဲ့အချိန်တိုင်း သင့်ဖျာကို သန့်ရှင်းရေးလုပ်ဖို့ အကြံပြုထားပါတယ်။ ရေနှင့် ပန်းသီးရှာလကာရည်တို့ကို အဝတ်တစ်ထည်မှာ စွတ်ပြီး လိုက်သုတ်ပေးပါ။ ပိုးလည်း သေစေတဲ့အပြင် သန့်လည်းသန့်ရှင်းစေပါတယ်။

၈။ ငွေလက်ဝတ်ရတနာတွေကို ဆိုဒါနဲ့ ဆားနဲ့ သန့်စင်ပါ။

လင်ဗန်းကို အလူမီနီယမ်သတ္တုပြားနဲ့ပတ်ပြီးတော့ ဆိုဒါ ၂ ဇွန်းနှင့် ဆား စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ထည့်ပါ။ လက်ဝတ်ရတနာတွေကို အပေါ်မှာတင်ပြီး ရေနွေးပွက်ပွက်ဆူနဲ့ လောင်းချလိုက်ပါ။ ပြီးရင် တစ်ညလုံး စိမ်ထားလိုက်ပါ။ မနက်ကျရင် အညစ်အကြေးတွေ ပျော်ဝင်နေတာကို တွေ့ပါလိမ့်မယ်။

၉။ ကီးဘုတ်ကို ဂျယ်လ်နဲ့ သန့်စင်ပါ။

နေရာကျဉ်းကျဉ်းလေးထဲက ဖုန်မှုန့်နှင့် အညစ်အကြေးတွေကို ဖယ်ရှားဖို့က မလွယ်ပါဘူး။ ဒါပေမယ့် နည်းလမ်းတစ်ခုရှိပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ ရေနွေးနွေး 1 ခွက်နှင့် boraxကိုရောပါ။ ရေနွေးနွေး 1/2 ခွက်ကို အခြားဇလုံတစ်ခုမှာ ကော်နဲ့ ရောမွှေဖို့ လိုအပ်ပါတယ်။

အဲဒီ နှစ်ခုကို ရောပြီး တင်းလာတဲ့အထိ မွှေပေးပါ။ ပြီးရင် မာကျောတဲ့ အလုံးလေးတစ်လုံးဖြစ်လာပါလိမ့်မယ်။ အဲဒီအခါ keyboard ကို သန့်ရှင်းရေးလုပ်လို့ ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments