နေ့စဉ်ဘဝမှာ ကြက်သွန်ဖြူရဲ့ ထူးထူးခြားခြားအသုံးဝင်ပုံ (၁၀) ခု

ကြက်သွန်ဖြူက အနံ့ပြင်းတာကြောင့် အချို့ကတော့ သဘောမကျကြပါဘူး။ ဒါပေမယ့် ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူရဲ့ အခြားအသုံးဝင်ပုံတွေလည်း အများကြီးရှိပါသေးတယ်။

၁။ ကော်အဖြစ်အသုံးပြုနိုင်ခြင်း

ကြက်သွန်ဖြူရဲ့အစေးက သဘာဝကော်ပါပဲ။ ကြက်သွန်ဖြူမှာ စေးကပ်တဲ့အစွမ်း ရှိပါတယ်။ ကော်မရှိတဲ့ အခြေအနေတွေမှာ ကြက်သွန်ဖြူကို ထက်ခြမ်းခြမ်းပြီးတော့ ပွတ်တိုက်လိုက်လို့ ရပါတယ်။

၂။ သွားကိုက်တာကို သက်သာစေခြင်း

ကြက်သွန်ဖြူမှာ cystenine ပါဝင်တာကြောင့် သွားကိုက်တာကို သက်သာစေတဲ့အစွမ်း ရှိပါတဘ်။ ကြက်သွန်ဖြူကို သွားကိုက်တဲ့နေရာမှာ ကြာကြာပွတ်တိုက်ပေးပါ။ သွားကိုက်တာက သိသိသာသာ သက်သာသွားတာကို တွေ့ရမှာပါ။

၃။ Facial cleanser

သဘာဝ Facial cleanser ကို ရှာနေတယ်ဆိုရင်တော့ ကြက်သွန်ဖြူရှိပါတယ်။ ကြက်သွန်ဖြူကို မျက်နှာမှာ ပွတ်တိုက်ပြီး ၁၅ မိနစ်လောက်နေရင် မျက်နှာသစ်လိုက်ပါ။

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့အစွမ်း၊ မှိုတွေကို တိုက်ဖျက်ပေးတဲ့အစွမ်းရှိပါတယ်။ အဲဒါကြောင့် ကြက်သွန်ဖြူက ဝက်ခြံ၊ ဝက်ခြံအမာရွတ်နဲ့ အခြားအရေပြားပြဿနာတွေကို သက်သာစေပါတယ်။

၄။ ခြေထောက်က ဘက်တီးရီးယားနဲ့မှိုတွေကို တိုက်ဖျက်ပေးခြင်း

ကြက်သွန်ဖြူအမြွှာလေးတွေကို ရေနွေးထဲထည့်ပြီး ခြေထောက်ကို မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ ကြက်သွန်ဖြူမှာ ဘက်တီးရီးယားနဲ့ မှိုတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိပါတယ်။ Albicans လို့ခေါ်တဲ့မှိုတွေက ကြက်သွန်ဖြူကို အရမ်းကြောက်ကြပါတယ်။

၅။ နားထဲ ပိုးဝင်တာကို သက်သာစေခြင်း

နားထဲကို ပိုးဝင်တဲ့အခါ ပဋိဇီဝဆေးတွေနဲ့ ကုသလေ့ရှိကြပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူနဲ့လည်း ကုသလို့ရပါတယ်။ ဒီနည်းကို အသက်အရမ်းငယ်တဲ့ကလေးတွေအတွက် သင့်တော်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။

နားထဲကို ပိုးဝင်တဲ့အခါ ကြက်သွန်ဖြူကို အရည်ညှစ်ပြီး အနည်းငယ်အပူပေးလိုက်ပါ။ အပူပေးပြီးရင် ကြက်သွန်ဖြူအရည်ကို ပစ်ပက်ထဲ ထည့်လိုက်ပါ။ အဲဒီနောက်မှ နားထဲကို ကြက်သွန်ဖြူရည် အနည်းငယ်အစက်ချ‌ပေးပါ။

၆။ နှင်းတွေကို ဖယ်ရှားပေးခြင်း

ဒီနည်းကတော့ နှင်းအရမ်းကျတဲ့နိုင်ငံတွေမှာ အသုံးဝင်တဲ့နည်းပါ။ ကြက်သွန်ဖြူမှာ ဆားဓာတ်ပါဝင်တာကြောင့် နှင်းတွေကို အရည်‌ပျော်စေပါတယ်။ ကြက်သွန်ဖြူပြုတ်ထားတဲ့အရည်တွေကို နှင်းတွေပိတ်နေတဲ့လမ်းမှာ ပက်လိုက်ပါ။ ဒါပေမယ့် ကြက်သွန်ဖြူက အနံ့တော့ပျင်းပါတယ်။

၇။ ဖန်ကွဲစကို ဖယ်ရှားပေးခြင်း

ဖန်ကွဲစေတွေ၊ မှန်ကွဲစေတွေက အသားထဲမှာ စိုက်နေတဲ့အခါ အန္တရာယ်ရှိပါတယ်။ အဲဒါကြောင့် တတ်နိုင်သမျှမြန်မြန် ဖယ်ထုတ်သင့်ပါတယ်။ တစ်ခါတရံမှာ မှန်ကွဲစတွေကို အသားထဲကနေ ဖယ်ထုတ်တာက အရမ်းနာကျင်ပါတယ်။

ဖန်ကွဲစလေးတွေ အသားထဲမှာ စူးနေရင် ကြက်သွန်ဖြူကို ပါးပါးလေးလှီးပြီး ကပ်လိုက်ပါ။ အဲဒီနောက် ပလာစတာအုပ်လိုက်ပြီး အိပ်ရာဝင်လိုက်ပါ။ နောက်နေ့မှာတော့ ဖန်ကွဲစကအသားထဲမှာ ကပ်မနေတော့တာကို တွေ့ရပါတယ်။

၈။ ပိုးမွှားတွေကို ဝေးဝေးပြေးစေခြင်း

မိုးရာသီရောက်လာတဲ့အခါ ခြင်နဲ့ အခြားပိုးမွှားတွေက ပေါများလာပါတယ်။ အဲဒီအခါ ကြက်သွန်ဖြူကို အရည်ညှစ်ပြီး ခြင်များတဲ့နေရာတွေမှာ ဖျန်းလိုက်ပါ။ အပင်တွေမှာ ပိုးမွှားတွေ ကပ်နေရင်လည်း ကြက်သွန်ဖြူရည်ဖျန်းလို့ ရပါတယ်။

၉။ ငါးစာ

ပိုးမွှားတွေက ကြက်သွန်ဖြူကို ကြောက်ပေမယ့် ငါးတွေကတော့ ကြက်သွန်ဖြူကို သဘောကျပါတယ်။ ရေကန်နဲ့ မြစ်ချောင်းတို့လို ဆားမငန်တဲ့နေရာတွေမှာ ငါးမျှားရင် ကြက်သွန်ဖြူကို ငါးစာအဖြစ်အသုံးပြုလို့ ရပါတယ်။

၁၀။ ဗောက်ပျောက်စေခြင်း

ကြက်သွန်ဖြူမှာ allicin ပါရှိတာကြောင့် ဗောက်တွေကို တိုက်ဖျက်ပေးပါတယ်။ ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။ ခေါင်းမှာ ဗောက်တွေရှိနေတဲ့အခါ ကြက်သွန်ဖြူကို ဦးရေပြားမှာပွတ်ပြီး နှိပ်နယ်ပေးပါ။ မိနစ် ၃၀ ခန့် ထားပြီးရင်တော့ ခေါင်းလျှော်လိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments