နွေရာသီမှာ ပူဒီနာရဲ့အသုံးဝင်ပုံ (၁၀) မျိုး

ပူဒီနံဟာ ထူးခြားတဲ့ အပင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဖျော်သောက်ရင် လူကို လန်းဆန်းစေနိုင်သလို အားအင်တွေလည်း ပြည့်စေပါတယ်။ ဒါကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ ဖျော်သောက်လို့ရလဲ ဆိုတာကို ကြည့်လိုက်ရအောင်။

၁။ ပူဒီနံ iced tea

ပူပြင်းတဲ့နွေရာသီနေ့အတွက် အကောင်းဆုံး ဖျော်ရည်ပဲ ဖြစ်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီး သင်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကလည်း အနည်းငယ်သာဖြစ်ပါတယ်။

- လတ်ဆတ်တဲ့ ပူဒီနံ 1 အောင်စ (28 ဂရမ်) ခန့်

- ပွက်ပွက်ဆူနေတဲ့ရေ 4 ခွက် (1 လီတာ)

- ပျားရည် သို့မဟုတ်သကြား

ပြင်ဆင်ခြင်း

အိုးကြီးတစ်ခုထဲမှာ ရေကို ပွက်ပွက်ဆူနေအောင်ကြိုပြီး ပူဒီနံရွက်တွေ ထည့်ပါ။ 5-7 မိနစ်ကြာအောင်ထားပါ။ အချိုကြိုတတ်ရင် ပျားရည် ဒါမှမဟုတ် သကြားထည့်လို့ပါ။ ပြီးရင် ရေနွေးပူပူကို ရေခဲအပြည့်ထည့်ထားတဲ့ ခွက်ထဲကို လောင်းထည့်လိုက်ပါ။ ဒါဆိုရင် ပူဒီနံ iced teaကို ရပါပြီ။

၂။ သခွားမာသီးနဲ့ အရောအစပ်

လူတိုင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် ပေါ့ပါးပြီး လုပ်ရလွယ်ကူတဲ့ အချိုပွဲတွေကို ကြိုက်ကြပါတယ်။ သင်လိုအပ်တာတွေကတော့

- သခွားမာသီး အတုံး ၄ ခွက် (၆၄၀ ဂရမ်)

- သကြား 1/4 ခွက် (50 ဂရမ်)

- သံပုရာရည် 2 ဇွန်း

- ခြစ်သံပုရာ zest 1/2 ဇွန်း

- ခူးထားတဲ့ လတ်လတ်ဆတ်ဆတ် ပူဒီနံ ၁ ဇွန်း ဒါမှမဟုတ် ပူဒီနံအခြောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- ရေခဲပုံစံ ပုံစံခွက် (၃ အောင်စစီ/ ၈၅ ဂရမ်စီ)

ပြင်ဆင်ခြင်း

ပါးပါးလှီးထားတဲ့ သခွားမာသီး၊ သကြား၊ သံပုရာရည်နှင့် ပူဒီနံရွက်တွေကို Blender ဒါမှမဟုတ် food processor ထဲကို ထည့်ပါ။ လုံးဝ ကြေညက်သွားတဲ့ အထိရောမွှေပါ။ ပြီးရင်တော့ ပုံစံခွက်တစ်ခုစီ ဒါမှမဟုတ် ခွက်တစ်ခုထဲကို လောင်းချပြီး မာသွားတဲ့အထိ အအေးခံထားပါ။

၃။ သကြားနဲ့ ပြုတ်ထားတဲ့ ပဲစေ့များ

ဒါကလည်း နောက်ထပ် အရသာရှိပြီး ပြင်ဆင်ရလွယ်ကူတဲ့ ဟင်းချက်နည်း တစ်မျိုးပါပဲ။

- ပဲစေ့များ

- သကြား

- နုပ်နုပ်စဉ်းထားတဲ့ လတ်လတ်ဆတ်ဆတ် ပူဒီနံ

- ထောပတ်တို့ပဲဖြစ်ပါတယ်။

ဒယ်အိုးကြီးတစ်လုံးမှာ ရေ ၁ လက်မ (၂.၅၄ စင်တီမီတာ) ထည့်ပါ။ ပြီးတော့ သကြားနှင့် ပဲစေ့တွေ ထည့်ပြီး ဆူလာတဲ့အထိ ပြုတ်ပါ။ ပြီးရင် မီးလျှော့ပြီး ပဲစေ့တွေ ပျော့သွားတဲ့အထိ အဖုံးအုပ်ထားပါ။ ၄/၅ မိနစ်လောက်ထားပြီး ရေစင်အောင်ဆေးပါ။ နောက်ဆုံးမှာတော့ ပူဒီနံနှင့်ထောပတ်ကို ထည့်ပါ။

၄။ ဖရဲသီးသုပ်

ဒီလိုပူပြင်းတဲ့ နွေရာသီမှာတော့ ဖရဲသီးက မဖြစ်မနေ လိုအပ်ပါတယ်။ စားနေကျအတိုင်းမဟုတ်ပဲ တမူထူးခြားသွားအောင် ဘယ်လိုလုပ်စားရလဲဆိုတာ ကြည့်လိုက်ရအောင်။

- အလတ်စား ဖရဲသီးတစ်လုံး

- ဒိန်ခဲ(95 ဂရမ်)

- arugula

- ကြက်သွန်နီ ၁/၄ ခွက်စာ

- လတ်ဆတ်တဲ့ ပူဒီနံရွက်

- လတ်လတ်ဆတ်ဆတ် ပင်စိမ်း

- သံလွင်ဆီ 2 ဇွန်း

- ရှာလကာရည် 1 ဇွန်း

- ဆား နှင့် ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်းစီ

ပြင်ဆင်ခြင်း

- ဖရဲသီးကို အထူ ၁ လက်မလောက် အခွံခွာပြီး အချပ်တစ်ခုစီတိုင်းမှာ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းလောက် လိုက်သုတ်ပေးပါ။

- ဖရဲသီးကို အလယ်အလတ်/မြင့်မားတဲ့အပူနဲ့ (တစ်ဖက်ကို သုံးမိနစ်ခန့်) အနည်းငယ်ညိုလာတဲ့အထိ ကင်ပါ။ ပြီးရင် အပိုင်းပိုင်းဖြတ်ပါ။

- ဇလုံကြီးတစ်လုံးထဲမှာ ဖရဲသီး၊ ဒိန်ခဲ၊ ကြက်သွန်နီ၊ ပူဒီနံ နှင့် ပင်စိမ်းတို့ကို ရောမွှေပါ။ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား၊ ငရုတ်ကောင်းတို့ကို ရောမွှေပါ။ ပြီးရင် သင်ကြိုက်တာတွေထည့်ပြီး ညင်သာစွာ ရောမွှေလိုက်ပါ။

- အသုပ်ကို အပူလုပ်စားတာပဲဖြစ်ဖြစ်၊ အအေးခံပြီး စားတာဖြစ်ဖြစ် သင်စိတ်တိုင်းကျ စားနိုင်ပါပြီ။

၅။ ပူဒီနံရေခဲတုန်းလေးတွေ

ပူဒီနံလက်ဖက်ရည်ကို အအေးခံထားဖို့ပါပဲ။ အအေးခံပြီးရင်တော့ ရေခဲခွက်လေးတွေထဲကို ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ပြီးရင်တော့ လန်းဆန်းမှုတွေ ပေးစွမ်းနိုင်တဲ့ ပူဒီနံရေခဲတုန်းလေးတွေ ရပါပြီ။

၆။ ချောကလက်နှစ်ထားတဲ့ ပူဒီနံ

အစားစားပြီးရင် လန်းဆန်းသွားစေဖို့ ပူဒီနံကို စားနိုင်ပါတယ်။ သင်က ဒီတိုင်းမစားချင်ဘူး၊ အချိုပွဲနဲ့ပေါင်းစားမယ်ဆိုရင်လည်း လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

- (140 ဂရမ်) အနက်ရောင်ချောကလက်

- ပူဒီနံရွက်

ပူဒီနံအရွက်တွေကို ချောကလက်ရည်ထဲမှာ နှစ်ပြီး စိမ်ထားပါ။ မိနစ် 20 ခန့် ဒါမှမဟုတ် 5 နာရီအထိ အေးခဲထားပါ။ ပြီးရင်တော့ ညင်သာစွာခွာပြီး စားသုံးနိုင်ပါပြီ။

၇။ ပဲ၊ စမုန်နက် နှင့် ပူဒီနံ ဟင်းချို

ပူဒီနံနဲ့ ပဲနဲ့ရောချက်ရင် အရသာက အရမ်းအရမ်းကို ကောင်းပါတယ်။ ဘယ်လိုချက်ရမလဲဆိုရင်တော့

- သံလွင်ဆီ

- စမုန်နက် 1 ပေါင်

- ပဲစေ့များ

- ဟင်းသီးဟင်းရွက်

- ပူဒီနံ

- ဆား နှင့် ငရုတ်ကောင်း အနက်

- သံပုရာသီး

- အလှဆင်ဖို့အတွက် ပူဒီနံ နှင့် စမုန်နက်ရွက် အနည်းငယ်ကို အကြမ်းဖျင်းလှီးဖြတ်ပါ။

ပြင်ဆင်ခြင်း

- ဒယ်အိုးကြီးတစ်လုံးထဲမှာ သံလွင်ဆီကိုအပူပေးပြီး စမုန်နက်ထည့်ပါ။ အပူချိန်ကို အလယ်အလတ်ကနေ နိမ့်နိမ့်ကို လျှော့ချပြီး အဖုံးဖုံးပြီး ၁၀ မိနစ်ခန့် ထားပါ။

- ပဲစေ့နှင့် ပဲတောင့်တွေကို ထည့်ပြီး အပူပေးပြီး ပြုတ်ပါ။ ပြီးရင် မီးလျှော့ပြီး အဖုံးအုပ်ကာ ၁၅ မိနစ်ခန့် ပြုတ်ပါ။ လှီးထားတဲ့ ငရုတ်သီးတွေကို ထည့်ပြီး နောက်ထပ် တစ်မိနစ်ခန့် ပြုတ်ပါ။

- ပြီးရင် အားလုံးကို သေချာလေးမွှေပါ။ အရသာပိုကောင်းဖို့အတွက် လတ်ဆတ်တဲ့ သံပုရာရည် အနည်းငယ်ထည့်ပြီး mint အရွက်နှင့် စမုန်နက်တို့နဲ့ အလှဆင်ပါ။

၈။ ပူဒီနံအနှစ်

ဒီအနှစ်ကို ခေါက်ဆွဲ၊ ပီဇာ၊ ပေါင်မုန့်တို့ပေါ်မှာ တင်ပြီး စားနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့

- လတ်ဆတ်တဲ့ ပူဒီနံရွက်

- ပင်စိမ်းရွက်

- ကြက်သွန်ဖြူ ၂-၃ မွှာ

- လှီးထားတဲ့ ကြက်သွန်နီ ၁ လုံး

- ဗာဒံစေ့

- ဒိန်ခဲ

- သံပုရာသီးကြီး ၁ လုံး

- လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုရာရည် 2 ဇွန်း

- သံလွင်ဆီ 5-6 ဇွန်း

ပြင်ဆင်နည်း

သံလွင်ဆီကလွဲပြီး ဟင်းသီးဟင်းရွက်အားလုံးကို Blender ထဲထည့်ပြီး မွှေပါ။ သင်လိုချင်တဲ့ အနေအထားရောက်ပြီဆိုရင်တော့ သံလွင်ဆီကို ရောထည့်လိုက်ပါ။

၉။ အိမ်လုပ် ပူဒီနံဆပ်ပြာ

cocoa နဲ့ပူဒီနံ ဆပ်ပြာက လုပ်ရလွယ်ကူပါတယ်။ ထူးခြားဆန်းပြားတဲ့အနံ့ရှိပြီး လက်ဆောင်ပေးလို့လည်း ကောင်းပါတယ်။ သင်လိုအပ်သမျှကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- ဆပ်ပြာပြုလုပ်တဲ့ Shea butter

- ကိုကိုးမှုန့် 1-2 ဇွန်း

- ပူဒီနံ 1-2 ဇွန်း

- ငရုတ်ကောင်း essential oil 6-10 စက်

စက်ပစ္စည်း

မိုက်ခရိုဝေ့ဖ်၊ ပန်းကန်လုံး ဒါမှမဟုတ် pyrex တိုင်းတာတာခွက်နှင့် ဆပ်ပြာ

မို (သင်အိမ်မှာရှိပြီးသား ဆီလီကွန်မုန့်ဖုတ်မို ဒါမှမဟုတ် မုန့်ဖုတ်ပန်းကန်၊ ရေခဲတုံးဗူး စတာတွေကို အသုံးပြုနိုင်ပါတယ်။)

ပြုလုပ်နည်း

- ဆပ်ပြာတွေကို အတုံးသေးသေးလေးတွေ လှီးပြီးတော့ အရည်ပျော်သွားတဲ့အထိ မီးဖိုပေါ်မှာ ကြိုပေးပါ။

- ပြီးရင် ကိုကိုးမှုန့်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ကို ထည့်ပါ။ ချောကလက်အပိုင်းအစတွေနဲ့ ရေခဲမုန့်နံ့ရချင်သေးရင် ထပ်လည့်လို့ရပါသေးတယ်။ အားလုံးကို ရောမွှေပြီး မိုထဲကို လောင်းထည့်ပါ။ အပေါ်ကနေ ကိုကိုးမှုန့် အနည်းငယ် ဖြူးပေးပါ။

- အရောအနှောကို တစ်နာရီခန့် ဒါမှမဟုတ် အဲ့ထက်ပိုပြီး အအေးခံထားလို့ ရပါတယ်။ ပြီးမှ ဆပ်ပြာကို ပုံစံခွက်ထဲက ထုတ်ပြီး အတုံးလေးတွေဖြစ်အောင် လှီးဖြတ်ပါ။

- ဆပ်ပြာကို မိုထဲက ထုတ်လို့မရရင် ရေခဲသေတ္တာထဲမှာ မိနစ်အနည်းငယ် ထားထားလိုက်ပါ။ ချက်ချင်း ထွက်လာပါလိမ့်မယ်။

၁၀။ ပူဒီနံ scrub

ဒီ scrub လေးက လုပ်ရလွယ်ကူပြီး လက်ဆောင်ပေးလို့လည်း ကောင်းပါတယ်။ သင်လိုအပ်တာတွေက

- သကြား 4 ခွက် (800 ဂရမ်)

- အလတ်စား သခွားသီး ၂ လုံး

- အုန်းဆီ 1 ခွက်

- လတ်ဆတ်သော ပူဒီနာ

- peppermint essential oil 10-12 စက်

သခွားသီးနဲ့ အရွက်တွေကို Blender ထဲမှာ ရောမွှေပါ။ ပြီးရင် ပန်းကန်လုံးကြီးတစ်ခုထဲမှာ ထည့်ပြီး အခြားပါဝင်ပစ္စည်းတွေနှင့် ရောမွှေပါ။ အသုံးပြုပြီးတိုင်း အိုးထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။ ရေခဲသေတ္တာထဲမှာထားရင် သုံးပတ်လောက်ထိ ကြာရှည်ခံပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments